အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များအနက် ထူးထူးခြားခြား EFI Type ဖြင့် ထွက်ရှိလာသော YAMAHA RayZR 125 ဆိုင်ကယ်များ မန္တလေးစျေးကွက်အတွင်း စတင်ရောက်ရှိ

299

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၀

အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များအနက် ထူးထူးခြားခြား EFI Type ဖြင့် ထွက်ရှိလာသော YAMAHA RayZR 125 ဆိုင်ကယ်များ အောက်တိုဘာ ၁၀ ရက်(ယ​နေ့)တွင် မန္တလေးစျေးကွက်အတွင်းသို့ စတင်ရောက်ရှိလာကြောင်း မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

“အရင်မိုဒယ်တွေတုန်းက RayZR က ပုံသိပ်မလှဘူး၊ ဒီဇိုင်းသိပ်မလှဘူးပေါ့၊ အခု ၂၀၂၀ မိုဒယ်ကျတော့ တော်တော်လှလာတယ်၊ ဒီဇိုင်းပိုလှလာတယ်၊ ပြီးတော့ စီးရတာ တော်တော်သွက်တယ်၊ ပေးရတာနဲ့ တန်တယ်လို့ ပြောလို့ရတယ်၊ မန္တလေးစျေးကွက်ထဲကို ဒီနေ့ပဲ စရောက်တာ” ဟု မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်း ဖွင့်လှစ်ထားသူ ကိုဘိုဘိုမြတ်ကျော်က ပြောကြားသည်။

ယခင်နှစ်များက YAMAHA RayZR ဆိုင်ကယ်သည် 110 CC ကို ကာပရိုက်တာ Type ဖြင့်သာ ထွက်ရှိခဲ့သော်လည်း ယခု မန္တလေးစျေးကွက်ထဲသို့ စတင်ရောက်ရှိလာသော ၂၀၂၀ မိုဒယ် YAMAHA RayZR သည်
အင်ဂျင်ပါဝါ 125 CC နှင့် EFI စနစ်ဖြစ်လာကာ ဆိုင်ကယ်ပုံစံဒီဇိုင်းလည်း ယခင်ထက် ပိုမိုလှပလာကြောင်း၊ ထို့ပြင် ထိုင်းဆိုင်ကယ်များကဲ့သို့ Idling စနစ် ပါရှိလာပြီး ဒိုင်ခွက်မှာလည်း Digital ဒိုင်ခွက်ဖြစ်သွားကာ ဘရိတ်မှာလည်း ရှေ့ Disk နောက် Half ဖြင့် ထည့်သွင်းတည်ဆောက်ပေးထားကြောင်း မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းမှ ထပ်မံသိရသည်။

“အိန္ဒိယဆိုင်ကယ်တွေထဲမှာ EFI Type နဲ့ထွက်တာ တော်တော်ရှားတယ်၊ အခု မြန်မာနိုင်ငံမှာလည်း နောက်ပိုင်း EFI Type ပဲ အမေးများလာတော့ ကွတ်တိဖြစ်သွားတယ်၊ ထူးခြားတာက ဒိုင်ခွက်က အရင်ရိုးရိုးကနေ အခု Digital ဖြစ်သွားတဲ့အပြင် ထိုင်းဘီးတွေလို Idling System ပါလာတယ်၊ Idling ပါလာတဲ့အတွက် မီးပွိုင့်တွေမှာရပ်နားရင် စက်ကို ခဏ ရပ်ထားတာမျိုးတွေ လုပ်လို့ရသွားပြီ၊ ပြန်ထွက်တဲ့အခါကျရင်လည်း Start
ခလုတ်နှိပ်စရာ မလိုတော့ဘဲ ဒီတိုင်း လီဗာလေးဆွဲပြီး ထွက်သွားရုံပဲ” ဟု အဆိုပါအရောင်းပြခန်း ဖွင့်လှစ်ထားသူ ကိုဘိုဘိုမြတ်ကျော်က ထပ်မံဆိုသည်။

အဆိုပါ YAMAHA RayZR 125 ဆိုင်ကယ်သည် အနက်ရောင်၊ အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အဝါရောင် စသည့် အရောင် ငါးမျိုး ထွက်ရှိထားပြီး တစ်စီးလျှင် ကျပ် ၁၈ သိန်းဖြင့် စတင်ရောင်းချပေးလျက်ရှိသည်။

မန္တလေးမြို့ စျေးကွက်ထဲသို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းမှ Brand New စတင် တင်သွင်းရောင်းချခြင်းဖြစ်ပြီး မကြာမီ အခြားမြို့များသို့ လက်ကားဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here