အိနိ္ဒယတွင် ဆယ်စုနှစ် နှစ်ခုအတွင်း ကားရောင်းအား ပထမဆုံးအကြိမ် ကျဆင်း

344

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အိနိ္ဒယနိုင်ငံတွင် ပြီးခဲ့ သည့် ဇူလိုင်လ ကားရောင်းအားမှာ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံး အကြိမ် ကျဆင်းခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် business today သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။

အာရှတိုက်၏ တတိယစီးပွား ရေး အကောင်းဆုံး အိနိ္ဒယနိုင်ငံ တွင် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း အိမ်သုံးကားအစီးရေ ၂ဝဝ,၇၉ဝ စီး သာ ရောင်းချနိုင်ခဲ့ပြီး ၃ဝ ဒသမ ၉ ရာခိုင်နှုန်း ရောင်းအားကျဆင်းခဲ့ သည်ဟု အိနိ္ဒယ ကားထုတ်လုပ် သူများ အစည်းအရုံး(SIAM)က ထုတ်ပြန်ခဲ့သည်။

SIAM ၏ ထုတ်ပြန်မှုအရ စက်တပ်ယာဉ်အားလုံး၏ ရောင်း အားမှာ ကျဆင်းသွားခဲ့ပြီး လုပ်ငန်း သုံး ကားစီးရေမှာလည်း ၅၆,၈၆၆ စီးသာ ရောင်းချနိုင်ခဲ့သလို ရောင်း အား ၂၅ ဒသမ ၇ ရာခိုင်နှုန်း ကျ ဆင်းသွားခဲ့သည်။ ထို့ပြင် အိနိ္ဒယ နိုင်ငံသားများအများစု အသုံးပြုနေ သည့် စကူတာနှင့် မော်တော်ဆိုင် ကယ်ရောင်းအားမှာလည်း ၁၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းကာ စုစု ပေါင်းအစီးရေ ၁ ဒသမ ၅၁ သန်း စီးသာ ရောင်းချနိုင်ခဲ့သည်။

အိနိ္ဒယနိုင်ငံ၏ အိမ်သုံးကား ရောင်းအားမှာ ကိုးလ ဆက်တိုက် ကျဆင်းလျက်ရှိပြီး ယခုကဲ့သို့ ရောင်း အား ကျဆင်းနေသောကြောင့် ကားစက်ရုံများမှာ ထုတ်လုပ်မှုအ ရေအတွက်ကို လျှော့ချသွားမည် ဖြစ်သလို အကျိုးဆက်အနေဖြင့် အလုပ်သမား အနည်းဆုံး တစ် သောင်းခွဲခန့် အလုပ်ပြုတ်မည့်အ နေအထားနှင့် ရင်ဆိုင်ရမည်ဖြစ် သည်။ SIAM မှ အထွေထွေမန်နေဂျာ Vishnu Mathur က လက်ရှိအနေအထားနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ပြန်လည်ဦးမော့ လာရေးအတွက် အရေးတကြီး ဆောင်ရွက်ရလိမ့်မည်ဟု တိုက် တွန်းထားသည်။

Ref: business today

LEAVE A REPLY

Please enter your comment!
Please enter your name here