အဝေးပြေးခရီးသွား များလာပါက ရန်ကုန်မြို့ပတ် (City Transit)ကို ပြန်လည်ပြေးဆွဲမည်

210

 

ရန်ကုန်၊ ဇွန် ၁၅
အောင်မင်္ဂလာအဝေးပြေးကို အခြေ ပြုပြေးဆွဲနေသည့် YBS မြို့ပတ် (City Transit) သည် ခရီးသွား ကျဆင်းခြင်းကြောင့် ဇွန် ၁၅ ရက် မှ စတင်ရပ်နားထားရပြီး အဝေး ပြေးခရီးသည် များလာချိန်တွင် ပြန် လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိ ရသည်။

Covid-19 ကူးစက်ရောဂါပိုး ကြောင့် အဝေးပြေးခရီးသွားများ ဧပြီလမှ စတင်ကာ သိသိသာသာ လျော့ကျသွားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အဝေးပြေးကို အခြေပြုပြေးဆွဲနေရသည့် YBS မြို့ပတ်ယာဉ်သည် ခရီးသည် ၇ဝ ရာခိုင်နှုန်း လျော့ကျသွားသည့်အတွက် ယာဉ်ပြေးဆွဲခြင်းကို ယာယီ ရပ်နားထားရပြီး အဝေးပြေးခရီး သွားများလာချိန်တွင် ပြန်လည် ပြေး ဆွဲမည်ဖြစ်ကြောင်း City Transit ယာဉ်လိုင်းမှ သိရသည်။

“ခရီးသွားတွေ လျော့ကျနေ တာတော့ ကြာပါပြီ၊ လက်ရှိစီးနေ တဲ့ ခရီးသည်တွေကို ငဲ့ညှာတဲ့ အနေနဲ့ ပြေးဆွဲပေးခဲ့တာပါ၊ ဒါပေမဲ့ ရေရှည်မှာ အဆင်မပြေနိုင်တဲ့အတွက် ဒီလ ၁၅ ရက်ကစပြီး ပြေး ဆွဲတာကို ယာယီရပ်နားထားပါ တယ်၊ ဒီယာဉ်လိုင်းက အဝေးပြေး ကို အခြေပြုပြေးဆွဲရတဲ့ ယာဉ်လိုင်းဆိုတော့ အဝေးပြေးခရီးသွားတွေ တိုးလာတာနဲ့ ပြန်လည်ပြေး ဆွဲပေးမှာပါ”ဟု City Transit ယာဉ်လိုင်းမှ အထွေထွေမန်နေဂျာ ဒေါ်သန်းသန်းအေးက ပြောသည်။

YBS မြို့ပတ်ယာဉ်လိုင်းကို ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝန်းမှ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ အလုံမြို့နယ်၊ ကြည်မြင်တိုင်မြို့ နယ်၊ မရမ်းကုန်းမြို့နယ်မှ မြောက်ဥက္ကလာ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝန်းကို ပတ်၍ ပြေးဆွဲ ပေးခြင်းဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here