အလွိုင်းဘီးခွေနှင့် ပရီမီယမ်ဘီးခွေ မည်သည်ကပိုခိုင်ခံ့သနည်း

651

ခေါင်းစဉ်တွင်ပါရှိသော ပရီမီယမ်ဆိုသည်မှာ စတီးခွေကို ဆိုလိုခြင်းဖြစ်သည်။ (မှတ်ချက်။ ဒြပ်စင်သံစစ်စစ်၊ Pure Iron)

ဖဲရပ်စ်(Ferrous , Fe)စစ်စစ်သည် သဘာဝတွင်ရပ်တည်ရန် ခက်ခဲသည့်အပြင် ဒြပ်စင်အနေဖြင့်လည်း တွေ့ရှိရန်  အလွန်ခက်ခဲသည်။ သံ၊ သို့မဟုတ် သံဒြပ် စစ်စစ်သည် အထည်အဖြစ် အသုံးပြုရန် ဒြပ်သားအနေဖြင့် မသင့်တော်လောက်အောင် ပျော့နေသဖြင့် အမြဲရာခိုင်နှုန်းအနည်းငယ် မှ  များများစားစားအထိ ကာဗွန်က သဘာဝအလျောက်ပေါင်းစပ်နေခြင်း၊ သို့မဟုတ် ရည်ရွယ်ချက်ဖြင့် လူများက ပေါင်းစပ်ထားခြင်းကပင် သံမဏိအဖြစ် မြင်တွေကိုင်တွယ်နေရပြီး အထည်အမျိုးမျိုးအဖြစ် တွေ့ရှိနေရခြင်းဖြစ်သည်။ ကာဗွန်မှအပ အခြားဓာတုဒြပ်များ ပေါင်းစပ်ခြင်းသည် လူတို့၏ အသုံးပြုရန် လိုအပ်ချက်အပေါ် မူတည်ပြီး အလွိုင်း၊ သတ္တုစပ်အနေဖြင့် အသုံးပြုကြခြင်းဖြစ်သည်။

တစ်ဆင့်မြှင့် ခင်းထားသော လမ်းဘေးလူသွားလမ်းပလက်ဖောင်းရှိသည့် လမ်းမကြီးပေါ်တွင် ကားတစ်စီးသည် လျင်မြန်သောနှုန်းဖြင့် သွားနေစဉ် ဘေးမှ ယှဉ်မောင်းလာသောကားမှ မိမိဘက်မဟုတ်သော သူ့ကား၏ အခြားဘက် တစ်စုံတရာကို ရုတ်တရက်မြင်တွေ့ပြီး ယင်းကို ရှောင်ရှားနိုင်ရန် မိမိကားဘက်သို့ လက်ကိုင်ကို ရုတ်တရက် ခေါက်လိုက်သည်နှင့် မိမိကား၏ ရှေ့ပိုင်းကို ဝင်ရောက်တွန်းတိုက်ပေတော့မည်။ လမ်းဘေးသို့ ပြေးမသွားစေရန် ကားကို သင်ထိန်းလိုက်သည်ထားဦး၊ လျင်မြန်သောအမြန်နှုန်းဖြင့် ပြေးလွှားနေကြသည့်အလျောက် ပလက်ဖောင်းဖြင့် သင့် ကားဘီး မြည်ဟည်းဟိန်းထွက်သော အသံဆိုးကြီးနှင့် ဘေးတိုက်ထိတွေ့တိုက်မိမည် ကတော့ ဧကန်ဖြစ်မည်။သင့်ကား၏အလွိုင်း ခွေမှာလည်း ပလက်ဖောင်းကွန်ကရစ်တုံးဖြင့် ပွတ်တိုက်တိုက်မိသည်ဖြစ်လေရာ အက်ကွဲကြေမွသွားသည်အထိ ဖြစ်သွားနိုင်သည်။ ပရီမီယမ်ခွေ၊ သို့မဟုတ်  စတီးခွေဖြစ်လျှင် လည်း ခွေပတ်လည် နေရာများများတွင် ပုံသဏ္ဌာန်ပျက်ကာ လိမ်ပိန်သွားနိုင်သည်။

နှစ်မျိုးစလုံးသော ခွေအမျိုးအစားက တာယာအတွင်းမှ လေများ ကန်ထွက်နိုင်သည်ချည်း ဖြစ်လည်း ဖြစ်၊ ပျက်စီးနိုင်သည် ချည်းလည်း ဖြစ်သော်လည်း အလွိုင်းခွေ က ပိုမိုကြံ့ခိုင်သည်၊ အကြမ်းခံသည်ဟုပင်ဆိုနိုင်သည်ဟု အများက ယုံကြည်နေကြသောကြောင့် အလွိုင်းကို လူများ ပိုမို အလေးပေးရွေးချယ်နေကြခြင်းဖြစ်သည်။

လျှပ်စစ်နည်းပညာဖြင့် သတ္တုလွှာတင်ထားသော အလွိုင်းခွေများသည် နှစ် နှစ်ဆယ်ကျော်သည့်တိုင် ပြောင်လက်လှပနေသည်လည်းဖြစ်သည်။ ကားပိုင်ရှင်အများစုကလည်း လက်ခံကြသည်။ အချို့သော တာယာစပယ်ရှယ်လစ်များအနေဖြင့် မည်သည်က ပို၍ကောင်းမွန်သင့်တော်မည်ကို ကူညီကာ ပိုမိုရွေးချယ်ပေးနိုင်မည်ဟု ယူဆပါသည်။  အချို့တာယာနှင့် ပတ်သက်သူများက တာယာနှင့် ခွေအမျိုးမျိုးကို သင့်ကားမှ ခွေအမျိုးမျိုးနှင့် အလဲအထပ်ပြုလုပ်ပေးလေ့ ရှိသည်။

စာရေးသူအနေဖြင့် စဉ်းစားပြီး အကြံပေးပြောလိုပါသည်။ ကားထုတ်လုပ်သူများသည် ထုတ်လုပ်လိုက်သော ကားကို စတီးခွေသာ ထည့်ပေးလိုက်ခြင်း၊ ဒီဇိုင်းထုတ် တည်ဆောက်သည်အထိ စတီးခွေသာ ဖြစ်နေရခြင်းသည် အလွိုင်းခွေ အရူးအမူး ဖြစ်နေသူ၊ ခရေစီ ဖြစ်နေသူများ သတိ ထား တွေးစရာကောင်းသည့် အချက် ဖြစ်သည်။ မည်သည့်ပစ္စည်းမဆို အား သာချက်၊ အားနည်းချက်များက ရှိနေ မည်သာဖြစ်သည်။

သင်သည် စက်မှုနည်းပညာကိုလည်း လေ့လာမိသူ ဖြစ်နေပါက ထုတ်လုပ်သူ ထက်ပို၍ တတ်မနေချင်ပါနဲ့။ ထုတ်လုပ်သူမှ ဒီကားနှင့်ဒါအသင့်တော်ဆုံးဟု ယူဆပြီး အခြေခံထား ထုတ်လုပ်လိုက်ကြသည်ချည်း ဖြစ်သည်။ သင့် အပိုရွေးချယ်မှု (Option) အတွက် ကားရောင်းသောကုမ္ပဏီများက အရောင်းအဝယ် အပျက်မခံဘဲ သင့် အလိုကျ ဆောင်ရွက်ပေးလိုက်လျှင် သင်သည် သားကောင်ဖြစ်သွားမည်ကို သိထားသင့်သည်။ ကားခွေနှင့် ပတ်သက်မှုကို ထုတ်လုပ်သူမှ ထုတ်လုပ်ထားသည့်အတိုင်းသင့်ကအထိမိဆုံးဖြစ်သဖြင့် လက်ခံသင့် သည်။

အလွိုင်းအလှကိုပါ ခံစားချင်သည့် ခရေစီ ဖြစ်နေသော သင့်အတွက် စတီးခွေအပေါ်မှ လှပသော အလွိုင်းခွေပုံသဏ္ဌာန် ဘီးဖုံးများ များစွာရှိလေရာ ထိုအထဲမှ အလွိုင်းခွေခရေစီ သင်လက်ခံနိုင်လောက်သည့် ဘီးဖုံးသက်သက် အလွိုင်းတစ်ချပ်သာ ကပ်ပေးလိုက်ခြင်းက ကားနှင့်ပတ်သက်သည့် စက်မှုပိုင်း စိတ်ချမှုလည်းဖြစ်၊ သင့်အကြိုက် လှပမှုလည်း ဖြစ်ပါတော့သတည်း။

 

သန်းထွန်းတင် ( စက်မှု )

 

LEAVE A REPLY

Please enter your comment!
Please enter your name here