အလျားအရှည်ဆုံးအိန္ဒိယ Chopper ဆိုင်ကယ် အိမ်တွင်းအလှဆင်ဒီဇိုင်နာ Zakir Khan ဖန်တီးတည်ဆောက်

774

အိန္ဒိယနိုင်ငံ၏ အလျားအရှည်ဆုံး Chopper ဆိုင်ကယ်ကို Bengaluru မြို့မှ အိမ်တွင်းအလှဆင် ဒီ ဇိုင်နာ Zakir Khan က ဖန်တီး တည်ဆောက်ခဲ့ကြောင်း ဇူလိုင် ၁၃ ရက်တွင် financialexpress သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြ ခဲ့သည်။
Zakir Khan ဖန်တီးခဲ့သော Chopper ဆိုင်ကယ်တွင် Bajaj Avenger 220 မှ တစ်နာရီ ၁၂ဝ ကီလိုမီတာအထိ မောင်းနိုင်သည့် 220 CC အင်ဂျင်ကိုအသုံးပြုထားပြီး အိပ်ဇောပိုက်နှစ်ချောင်းမှာ ခေါင်း ပိုင်းတွင်ရှိကာ ဆိုင်ကယ် Fork မှာ ခြောက်ပေအရှည် ရှိသည်။ Zakir Khan သည် ၎င်းအိမ်အနီးရှိဝပ်ရှော့ တွင် အဆိုပါ Chopper ဆိုင်ကယ် အား လူဦးခေါင်းခွံပုံစံ ရှေ့မီးအုံ၊ နောက်တာယာအဖြစ် မီနီထရပ် ကား တာယာ၊ လီတာ ငါးဆယ်ဆံ့ ဆီတိုင်ကီတို့ဖြင့် ဒီဇိုင်းဆင် တည် ဆောက်ခဲ့ခြင်းဖြစ်ကာ အချိန် ၄၅ ရက်ကြာပြီး အိန္ဒိယရူပီး ခုနစ်သိန်းခွဲ ကုန်ကျခဲ့ကြောင်း သိရသည်။
Zakir Khan ၏ ဖန်တီးမှု အပြီးသတ်သောအခါ အလျား ၁၃ ပေရှိသည့် Chopper ဆိုင်ကယ် ဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အ လျားအရှည်ဆုံး Chopper ဆိုင်ကယ်အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ အဆိုပါဆိုင်ကယ်မှာ အရွယ်အစား ကြီးမားပြီး ၄၅ဝ ကီလိုဂရမ်အလေး ချိန်ရှိမှုကြောင့် လောင်စာဆီ တစ် လီတာလျှင် ခုနစ်ကီလိုမီတာသာ မောင်းနှင်နိုင်ကြောင်း သိရသည်။ Zakir Khan ၏ တတိယမြောက် ဖန်တီးမှုလက်ရာဖြစ်သော ထိုဆိုင်ကယ်ကို Bengaluru Auto Show ၌ မိတ်ဆက်ပြသခဲ့ကြောင်း လည်းသိရသည်။
Ref : financialexpress

LEAVE A REPLY

Please enter your comment!
Please enter your name here