အလန်းစားဒီဇိုင်း၊ အကောင်းဆုံး Functions ၊ အကြမ်းခံပြီး နေရာဒေသမရွေး မောင်းနှင်နိုင်ခြင်းတို့နှင့်အတူ After-sales Service အပြည့်အဝဖြင့် မြန်မာပြည်ဈေးကွက်အတွင်း မကြာခင်ရောက်ရှိလာမည့် Changan CS75 Plus

6473

 

Changan Automobile ကို ၁၈၆၂ ခုနှစ်မှာ စစ်အသုံးအဆောင်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံအနေနဲ့ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ ကြောင့် Changan ဟာ တရုတ်နိုင်ငံမှာ နှစ်ပေါင်းတစ်ရာကျော်သက်တမ်း ရှိတဲ့ စက်ရုံတစ်ခုဖြစ်ပြီး ပထမဆုံး မော်တော်ကားကို ၁၉၅၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားက Changjiang Type 64 ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပထမဆုံးထုတ်လုပ်တဲ့ မော်တော်ကားအမျိုး အစားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ Chongqing Changan Automobile Co.,Ltd ဆိုတာ တရုတ်နိုင်ငံရဲ့ အရောင်းရဆုံးကားကုမ္ပဏီသုံး ခုထဲမှာ ပါဝင်သလို အကြီးဆုံးကားစက်ရုံ လေးခုထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုအချိန်မှာ ဝန်ထမ်းဦးရေ ရှစ်သောင်းကျော်နဲ့ ကားတွေ တပ်ဆင်ထုတ်လုပ်နေတဲ့အပြင် နည်းပညာအသစ်တွေ အမြဲတီထွင်ဖန်တီး နေတဲ့ အင်ဂျင်နီယာ ခုနစ်ထောင်ကျော်ကိုလည်း ခန့်အပ်ထားပါသေး တယ်။ ဒါ့ပြင် R&D (Research and Development) အတွက်လည်း နိုင်ငံတကာက Professional Design Engineer အယောက် ၄၄၀ ခန့်အပ်ထားပါတယ်။ R&D Center တွေကို တရုတ်နိုင်ငံအတွင်းမှာ စင် တာလေးခုနဲ့ ဂျပန်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်နိုင်ငံတွေမှာ စင်တာ တစ်ခုစီ ဖွင့်လှစ်ထားပါတယ်။ R&D ကို အလေးထားဆောင်ရွက်တဲ့ Changan Automobile ဟာ ကားတွေရောင်းရငွေရဲ့ ၅ ရာခိုင်နှုန်းကို R&D အပိုင်းမှာ ရင်းနှီးမြှုပ်နှံပါတယ်။

Changan Automobile ဟာ ကားတွေ တပ်ဆင်ထုတ်လုပ်တဲ့အခါ Welding Process တစ်ခုလုံးရဲ့ ၉၂ ရာခိုင်နှုန်းကို Automatic Welding System နဲ့ ထုတ်လုပ်နေပြီး စက်ရုံကနေ တစ်နှစ်ကို ကားအစီးရေ ၂,ဝ၃၀,ဝဝဝ ကျော် တပ်ဆင်ထုတ်လုပ်ပါတယ်။ တရုတ်ပြည်တွင်းမှာတော့ Chongqing မြို့နဲ့ Hebei ၊ Jiangnan စတဲ့ ပြည်နယ်တွေမှာ စက်ရုံ ၁၁ ရုံနဲ့ အင်ဂျင်ထုတ်လုပ်တဲ့ စက်ရုံနှစ်ရုံရှိပါတယ်။ စက်ရုံအသစ်တွေကို လည်း Anhui ၊ Guangdong ၊ Heilongjiang ၊ Shandong ၊ Shanxi စတဲ့ ပြည်နယ်တွေမှာ တည်ထောင်ထားပြီး ကားအမျိုးအစား အသစ်တွေ တပ်ဆင်ထုတ်လုပ်နေပါတယ်။ ကိုယ်ပိုင်အင်ဂျင် ထုတ်လုပ်နိုင် တာက Changan Automobile ရဲ့ အဓိကအားသာချက်တစ်ခု ဖြစ်ပြီး လက်ရှိအချိန်အထိ ကိုယ်ပိုင်အင်ဂျင်အလုံးရေပေါင်း သိန်းတစ်ရာကျော် ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

Changan ကားတွေဟာ အပူချိန်လွန်ကဲတဲ့ဒေသတွေဖြစ်တဲ့ သဲ ကန္တာရလိုနေရာတွေ၊ အပူချိန် 50 Degree Celsius ရှိတဲ့ Middle East ဒေသတွေ၊ အအေးလွန်ကဲပြီး -2 Degree Celsius အောက်ရှိတဲ့ ရုရှား ဒေသက နှင်းထူထပ်တဲ့နေရာမျိုးတွေမှာတောင် အင်ဂျင် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီး ဖုန်အလွန်ထူထပ်တဲ့နေရာတွေမှာလည်း ကောင်းစွာ မောင်းနှင်နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၅,၂၀ဝ ရှိတဲ့ Qinghai ၊ Tibet ၊ Plateau စတဲ့ ဒေသတွေ၊ 120mg/cm3 အထိ ဖုန်ထူထပ်တဲ့ Turpan သဲကန္တာရလို ဒေသတွေမှာလည်း မောင်းနှင်နိုင်ပါ တယ်။ Changan ကားတွေကို ဒီလိုထူးခြားတဲ့ရာသီဥတုနဲ့ ဖုန်ထူပြီး လမ်းကြမ်းတဲ့ ဒေသတွေမှာ မောင်းနှင်နိုင်ဖို့အတွက် Test Drive အကြိမ် ကြိမ်စမ်းသပ်ပြီးမှ ဈေးကွက်ထဲ တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။

ရာသီဥတုမျိုးစုံမှာ မောင်းနှင်နိုင်ပြီး အကြမ်းခံမှုရှိတဲ့ Changan ကားတွေကို အဆင့်မြင့်နည်းပညာတွေပါ ထည့်သွင်း ပေးထားတဲ့အတွက် ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကပေးအပ်တဲ့ The State Key Laboratory of Vehicle NVH and Safety Techno-logy Award နဲ့ Chongqing Municipal Quality and Technical Supervision Bureau ကနေ ပေးအပ်တဲ့ Standardized Good Behavior Enterprise Award တွေ ရရှိထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံ National Development and Reform Commission ကပေးအပ်တဲ့ National and Local Joint Engineering Laboratory For Hybrid Passenger Vehicle Award ရရှိထားပါတယ်။

Changan Automobile ကနေ Joint Venture အဖြစ် ၂၀ဝ၁ ခုနှစ်မှာ Ford ၊ ၂၀ဝ၆ ခုနှစ်မှာ Mazda တို့နဲ့ ပူးပေါင်းခဲ့ပြီး Changan Ford Mazda Automobile အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ Changan Ford Mazda ကနေ Changan Ford Automobile နဲ့ Changan Mazda Automobile အဖြစ် Joint Venture ကုမ္ပဏီအသစ်နှစ်ခု ထပ်ပြီး ခွဲခြားခဲ့ပါတယ်။ Ford နဲ့ပူး ပေါင်းပြီးနောက် Changan Ford Automobile ကနေ Escort ၊ Explorer၊ Focus စတဲ့ Ford အမှတ်တံဆိပ် Passenger ကားတွေ တပ် ဆင်ထုတ်လုပ်ပါတယ်။ Mazda နဲ့ ပူးပေါင်းပြီးနောက် Changan Mazda Automobile ကနေ Skyactiv 1.5 ၊ 2.0 ၊ 2.5 အင်ဂျင်တွေ ထုတ်လုပ်ခဲ့ပြီး တရုတ်ပြည်တွင်းဈေးကွက်မှာ Mazda CX8 ၊ Mazda CX5 နဲ့ Mazda3 တို့ကို တပ်ဆင်ထုတ်လုပ်ပါတယ်။

ပြည်ပကနေ ကားတွေ အလုံးစုံတင်သွင်းနေရာက ပြည် တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့မူဝါဒဆီ ပြောင်းလဲ ကျင့်သုံးလာတဲ့ မြန်မာနိုင်ငံမှာလည်း Changan ကားတွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၂ မှာရှိတဲ့ မြန်မာအားသစ်မာန်ကုမ္ပဏီရဲ့ Changan Myanmar စက်ရုံမှာ Changan SUV အမျိုးအစားဖြစ်တဲ့ CS75 Plus ကားကို SKD စနစ်နဲ့ တပ် ဆင်ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချတော့မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတင်မက နိုင်ငံတကာကားဈေးကွက်မှာပါ အောင်မြင်မှုရရှိတဲ့ Changan ကားတွေရဲ့ နည်းပညာဆန်းသစ်ခြင်း၊ ဒီဇိုင်းလှပခြင်း၊ အကြမ်းခံပြီး နေရာဒေသမရွေး မောင်းနှင်နိုင်ခြင်း၊ သင့် တင့်တဲ့ဈေးနှုန်းနဲ့ အတူ After-sales Service အပြည့်အဝပေးနိုင်ခြင်းစတဲ့ အားသာချက်တွေကြောင့် Changan CS75 Plus SUV ကလည်း မြန်မာပြည်ဈေးကွက်မှာ လူကြိုက်များလာနိုင်တဲ့ ကားအမျိုးအစားတစ်ခု ဖြစ်လာမှာသေချာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here