အလန်းစားကောက်ကြောင်း မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ 2020 Lotus Evora GT

125

 

ဗြိတိန်ကားကုမ္ပဏီ Lotus ဟာ ပြိုင်ကားတွေ၊ ကား မောင်းပြိုင်ပွဲတွေမှာ အသုံးပြုတဲ့ကားတွေကိုသာ သီး သန့်ထုတ်လုပ်တဲ့ နာမည်ကျော်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သက်တမ်း ၇၂ နှစ်တာကာလအတွင်း Lotus က ထုတ်လုပ်တဲ့ မိုဒယ်တိုင်းလိုလိုက စျေးကွက် ထဲ အောင်မြင်မှုရပြီး ဝယ်လိုအား များပြားခဲ့ပါတယ်။ အထူးသဖြင့် ငွေကြေးချမ်းသာတဲ့ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ မီလျံနာတွေ၊ လူငယ်တွေဟာ Lotus က ထုတ်လုပ်တဲ့ကားတွေကို တခုတ်တရ ဝယ်ယူကြတာမျိုးပါ။ Lotus ဟာ စွမ်းဆောင်ရည် မြင့်မားပြီး ကောက်ကြောင်းအရလည်း တခြားပြိုင် ဘက်ကုမ္ပဏီတွေကို ကောင်းကောင်းယှဉ်နိုင်တဲ့ Evora မိုဒယ်ကို ၂ဝဝ၉ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ရောင်းချခဲ့ပြီး အခုဆိုရင် ဆယ်စုနှစ်တစ်ခု စွန်းစွန်းကို ရောက်ရှိလာခဲ့ပါပြီ။
Evora ကို မိုဒယ်အမည်အမျိုးမျိုးနဲ့ ထုတ်လုပ် ရောင်းချခဲ့တာဖြစ်ပြီး အခုနောက်ဆုံး ထုတ်လုပ်လိုက် တာကတော့ Evora GT ပဲဖြစ်ပါတယ်။ Evora GT ကို ၂ဝ၁၉ ခုနှစ်၊ ဇွန်လအတွင်း တရားဝင်မိတ်ဆက်ခဲ့ပြီး ထူးခြားချက်က ကမ္ဘာ့နိုင်ငံအတော်များများဆီ ရောင်း ချတာမျိုးမဟုတ်ဘဲ မြောက်အမေရိကစျေးကွက်တစ်ခုတည်းအတွက် သီးသန့်ထုတ်လုပ်ရောင်းချလျက်ရှိ တာပါပဲ။ 2020 Model years အနေနဲ့ ထုတ်လုပ်ထား တဲ့ Evora GT မိုဒယ်ကို Lotus ရုံးချုပ်တည်ရှိရာ အင်္ဂလန်နိုင်ငံ၊ Norfolk ဒေသက Hethel မြို့မှာရှိတဲ့ စက်ရုံကနေထုတ်လုပ်လျက်ရှိပါတယ်။ Evora GT ကို နာမည်ကျော် ဗြိတိန်ကားဒီဇိုင်နာ Russell Carr က ဒီဇိုင်းထုတ်ပေးထားတာဖြစ်ပြီး သူဟာ Lotus ကုမ္ပဏီ အတွက် ၂ဝ၁၄ ခုနှစ်ကစလို့ ဒီဇိုင်းဌာနအကြီးအကဲအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။ နောက် ဆုံးထုတ်လုပ်လိုက်တဲ့ Evora GT မိုဒယ်မှာ မြင်း ကောင်ရေ ၄၁၆ ကောင်အား3.5 liter V6 အင်ဂျင် တပ်ဆင်ထားပြီး စွမ်းဆောင်ရည်ပိုင်းအရ ပြိုင်ဘက် ကုမ္ပဏီတွေကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။
၃ ဒသမ ၈ စက္ကန့်အတွင်း သုည မိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပြီး အမြင့် ဆုံးမောင်းနှင်နိုင်တဲ့အရှိန်နှုန်းက တစ်နာရီ ၁၈၈ မိုင်နှုန်း ဖြစ်လို့ ပြေးလမ်းထက်ကကျားသစ်နက်တစ်ကောင်လို့ တင်စားထားပါတယ်။ Auto Gear ခြောက်ချက်နဲ့ မောင်း နှင်ရမှာဖြစ်သလို Manual Gear ခြောက်ချက်နဲ့လည်း မောင်းနှင်လို့ရနိုင်ပါတယ်။ Auto Gear နဲ့မောင်းနှင် မယ်ဆိုရင် တစ်နာရီ ၁၇၄ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး Manual Gear နဲ့မောင်းမယ်ဆိုရင်တော့ တစ်နာရီ ၁၈၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်မှာပါ။ တံခါးနှစ်ပေါက် ပါ 2-Door Coupe အမျိုးအစားဖြစ်ပြီး နောက်ခန်း ပါဝင်တာကြောင့် လူလေးဦးအထိ လိုက်ပါစီးနင်းနိုင် ပါတယ်။ Carbon Fiber နဲ့ အများစုတည်ဆောက် ထားတာဖြစ်လို့ ကားအလေးချိန်က ပေါင် ၃၁ဝဝ စွန်းစွန်းသာရှိပြီး ပေါ့ပါးလျင်မြန်တဲ့မောင်းနှင်မှုပုံစံကို ခံစားရစေမှာပါ။ အင်ဂျင်ကို ကားအနောက်ပိုင်းမှာထား ရှိပြီး လေစီးဆင်းမှုကောင်းစေဖို့ ဘော်ဒီအနောက်ပိုင်း ကို တရုတ်ကပ်မှန်ချပ်တွေလို ဖန်တီးပေးထားပါတယ်။
အရှေ့ပိုင်းရုပ်ထွက်က နောက်ဆုံးပေါ်ပြိုင်ကား တစ်စီးပီပီ ကြွားရွားမှုအပြည့်ရှိပြီး Skirt ထည့်ပေး ထားပါတယ်။ ရှဲလ်ကို အကန့်သုံးကန့်ခွဲခြားထားပြီး ဘောနတ်ပေါ်မှာ အတွင်းလှိုက်လေစုပ်ပေါက်ကြီးတစ် ခုစီထည့်ပေးထားလို့ ကားအရှေ့က တိုးဝင်လာတဲ့ လေတွေက အင်ဂျင်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ကြောင်မျက်လုံးပုံ ရှည်မျောမျောရှေ့မီးကြီးက အရည် အသွေးမြင့် LED မီးလုံးဖြစ်ပြီး နေ့လင်းမီးတန်းစနစ် ပါဝင်သလို မျက်နှာချင်းဆိုင်ကကားမီးတွေကို ထောက် လှမ်းရင်း အလိုအလျောက် အနိမ့်အမြင့်ပြုလုပ်ပေးမှာ ပါ။ ကားအတွင်းခန်းဖွဲ့စည်းမှုကလည်း အမိုက် စားဖြစ်ပြီး ရှေ့ခန်းထိုင်ခုံတွေကို ပြိုင်ပွဲဝင် ပြိုင်ကား ထိုင်ခုံတွေအတိုင်း ဖန်တီးပေးထားသလို အဆင့်မြင့် Nappa Leather နဲ့ ချုပ်လုပ်ထားတာဖြစ်ပါတယ်။ ထိုင်ခုံ အရောင်ကို အနက်နဲ့လိမေ္မာ်၊ အနက်နဲ့အဝါ၊ အနက်နဲ့ အနီ အပါအဝင် အရောင်ခြောက်မျိုးအထိ ရွေးချယ်ခွင့်ပေးထားပါတယ်။
Center Console က သေးသွယ်ပြီး ဒက်ရှ်ဘုတ် မှာ တပ်ဆင်ပြထားတဲ့ မျက်နှာပြင်အကျယ် ခုနစ်လက်မရှိ Touch screen နဲ့ Apple CarPlay ၊ Android Auto ၊ Satellite Navigation စတာတွေ လုပ်ဆောင် နိုင်ပါတယ်။ ကားအနောက်ဘက်ဒီဇိုင်းက အမိုက်စား ဖြစ်ပြီး အလယ်တည့်တည့်မှာ အဝိုင်းပုံအိပ်ဇောပိုက် တစ်လုံးတည်း တပ်ဆင်ထားတာက ထူးခြားသလို Muffler ပါဝင်လို့ အိပ်ဇောကဆူညံသံတွေကို လျှော့ချ ပေးမှာဖြစ်ပါတယ်။Drive ၊ Sport ၊ Race ၊ Off စတဲ့ မောင်းနှင်မှုပုံစံလေးမျိုးရှိပြီး တာယာတုန်ခါမှု၊ တာယာတစ်ဖက်ဆွဲမှုတွေမရှိဘဲ တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်တဲ့ Tire Running Stability စနစ်ပါဝင် တာကြောင့် ယာဉ်မတော်တဆမှုမဖြစ်အောင် ကူညီပေး နိုင်မှာပါ။ ၁၉ လက်မဘီးခွေကို ရာသီမရွေးအသုံးပြု နိုင်သလို ပြိုင်ကားတွေအတွက်သာ သီးသန့်ထုတ်လုပ် ထားတဲ့ Michelin Pilot Sports Cup တာယာတွေနဲ့ တွဲဖက်ပေးထားပါတယ်။ အမေရိကန်နဲ့ ကနေဒါ စျေးကွက်အတွက်သာ သီးသန့်ရောင်းချမယ့် 2020 Lotus Evora GT ရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ ၉၆,၉၅ဝ ကေန စတင်မှာြဖစ် ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here