အလန်းစားကောက်ကြောင်းနဲ့ အသစ်တစ်ဖန် မွေးဖွားလာတဲ့ 2020 Toyota GR Supra

453

 

ဂျပန်နိုင်ငံရဲ့အကြီးမားဆုံးကားထုတ်လုပ်သူ Toyota ဟာ Sports Type မိုဒယ်ဖြစ်တဲ့ Supra ကို ၁၉၇၈ ခုနှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ Toyota Supra မိုဒယ်ကို စတင်ရောင်းချစဉ်ကတည်း က စျေးကွက်ထဲမှာ လူကြိုက်များခဲ့ပေမဲ့လည်း စတုတ္ဃ မျိုးဆက်ကုန်ဆုံးတဲ့ ၂ဝဝ၂ ခုနှစ်ကစလို့ ထုတ်လုပ် မှုကိုရပ်နားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျပန်ကုမ္ပဏီဟာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ ၂ဝ၁၉ North American International Auto Show မှာ ပဥ္စမမျိုးဆက်အစလို့ခေါ်နိုင်တဲ့ 2020 Toyota Supra မိုဒယ်ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

Toyota ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအကြီးအကဲ Nobuo Nakamura က ဒီဇိုင်းထုတ်ပေးထားတဲ့ ပဥ္စမမျိူးဆက် Supra မိုဒယ်ကို သြစတြီးယားနိုင်ငံ၊ ဂရက်ဇ်မြို့ မှာရှိတဲ့ စတိုင်ရီယာစက်ရုံကနေ ထုတ်လုပ်တာဖြစ်ပါ တယ်။ Toyota ဟာ Supra မိုဒယ်ကို မိတ်ဖက်ပြုလုပ် ထားတဲ့ BMW ရဲ့ BMW CLAR Platform နဲ့ တည် ဆောက်ထားတာဖြစ်ပြီး ကားကိုယ်ထည်ကို Steel ၊ Aluminium ၊ Carbon Fibre တို့နဲ့ တည်ဆောက်ပေး ထားလို့ ကားအလေးချိန်က ပေါ့ပါးပါတယ်။ ၂ဝ၂ဝ ွသပသအ ွေျွ ှကစမ ေမှာ ဆလင်ဒါခြောက်လုံးထိုး ၃.ဝ ူငအနမ ွကမဘသခ့မေါနိ အင်ဂျင်ဖြစ်ပြီး မြင်းကောင်ရေ ၃၃၅ ကောင်အားရှိပါတယ်။

8-Speed ZF 8HP Automatic Transmission ဖြစ်ပြီး ၄ ဒသမ ၁ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်မြှင့်တင်နိုင်သလို အမြင့်ဆုံး မောင်းနှင်နိုင်တဲ့ပမာဏက တစ်နာရီ ၁၅၅ မိုင်နှုန်းအထိ ရှိတာကြောင့် အလန်းစား Sports Car တစ်စီးလို့ ဆိုနိုင် ပါတယ်။ ကားရဲ့အရှေ့ပိုင်းရုပ်ထွက်က အလန်းစားဖြစ်ပြီး ရှဲလ်ကို အကန့်သုံးကန့်ခွဲထားတဲ့ လေစုပ်ပေါက်တွေ နဲ့အတူ ဖွဲ့စည်းပေးထားပါတယ်။ ရှေ့မီးအုံ မှာ နေ့လင်းမီးတန်းစနစ်ပါဝင်တဲ့ LED မီးလုံးခြောက်လုံးပါဝင်ကာ သုံးလုံး က Low-beam ဖြစ်ပြီး သုံးလုံးက High-beam ဖြစ်ပါတယ်။ ရှည်မျော မျောရှေ့မီးအုံရဲ့ အောက်ဘက်မှာ အတွင်းလှိုက် လေစုပ်ပေါက်တစ်ခုစီ ထည့်ပေးထားတာကြောင့် အင်ဂျင် ဆီ လေစီးဆင်းမှုကောင်းမွန်စေသလို အောက်ဆုံးမှာ Skirt ပါဝင်ပြီး အလန်းစားဒီဇိုင်းဖြစ်ပါတယ်။

ကားနောက်ဖုံးကို လေပင့်အားထိန်းတောင်ပံပုံစံ ဖန်တီးပေးထားပြီး ကားနောက်ဘီးခုံးအပေါ်မှာလည်း အတွင်းလှိုက် လေစုပ်ပေါက်တစ်ခုစီ ပါဝင်ပါတယ်။ အနောက်ပိုင်း Diffuser Area မှာတော့ အဝိုင်းပုံ ခရိုမီ ယမ်အိပ်ဇောပိုက်တစ်လုံးစီကို ဘယ်ညာတစ်ဖက်တစ် ချက်စီမှာ ထည့်သွင်းပေးထားပြီး ကားနောက်ဖုံးနဲ့ တွဲ စပ်ဖွဲ့စည်းထားတဲ့ နောက်မီးအုံဒီဇိုင်းက ဆွဲဆောင်မှု ရှိသလို နောက်မီးအုံနဲ့တစ်စပ်တည်း အတွင်းလှိုက် လေစုပ်ပေါက်တစ်ခုစီက ကားအနောက်ပိုင်းရုပ်ထွက်ကို အဆင့်အတန်းမြင့် Sports Car တစ်စီဆိုတာ ထင်ရှား စေပါတယ်။ ကောက်ကြောင်းအရလည်း 2020 Toyota GR Supra ဟာ အခြားပြိုင်ဘက်မိုဒယ်တွေကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။

လူနှစ်ယောက်သာ စီးနိုင်တဲ့ ထိုင်ခုံတွေကို အဆင့်မီ Leather တွေနဲ့ ချုပ်လုပ်ထား ပြီး ပြိုင်ကားမောင်းသမားတွေအသုံးပြုတဲ့ Sport Seat ဒီဇိုင်းပြုလုပ်ပေးထားလို့ လူငယ်တွေအကြိုက်တွေ့စေ မှာပါ။ ထိုင်ခုံကို ပုံစံ ၁၄ မျိုးအထိ အနေအထား ပြောင်းလဲနိုင်တာကြောင့် အညောင်းအညာပြေစေနိုင် သလို အနက်၊ အနီ၊ မီးခိုးဖျော့ စတဲ့ အရောင်သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ ဒက်ရှ်ဘုတ်မှာ ရုပ်ထွက်အား ကောင်းတဲ့ မျက်နှာပြင်အကျယ် ၈ ဒသမ ၈ လက်မရှိ တဲ့ Touch Screen ပါဝင်ပြီး Android Auto ၊ Apple CarPlay ၊ Satellite Navigation ၊ Satellite Radio/FM ၊ Automatic Emergency Call ၊ Real-Time Traffic Information စတာတွေ လုပ်ဆောင်နိုင်ပါ တယ်။ Center Console ပုံစံက ရိုးရှင်းပေမဲ့ ကြီးမား ရှည်လျားပြီး အလျင်အမြန်အားပြည့်စေမယ့် Qi-com patible Wireless Charging နေရာပါဝင်ပါတယ်။

Normal နဲ့ Sport ဆိုတဲ့ မောင်းနှင်မှုပုံစံ နှစ်မျိုး ရှိပြီး အသံစနစ်အတွက် နာမည်ကျော် JBL စပီကာ ၁၂ လုံးကို ကားအတွင်းခန်းနေရာအနှံ့ ထည့်သွင်းပေး ထားတာကြောင့် ကြည်လင်ပြတ်သားတဲ့အသံကို ခံစား ရမှာပါ။ Multi-link independent suspension ဆိုင်းထိန်းစနစ်ကြောင့် အမြန်နှုန်းနဲ့ မောင်းနှင်တဲ့အခါ ကားဆောင့်တဲ့ဒဏ် မခံရစေဖို့ အကောင်းဆုံးကူညီပေး မှာဖြစ်သလို Adaptive Variable Sport Suspension လမ်းကြမ်းတွေမှာ မောင်းရင် ယာဉ်ရဲ့တည်ငြိမ်မှု ကို အကောင်းဆုံးဖြစ်စေပါတယ်။ Vehicle Stability Control က ယာဉ်တည်ငြိမ်မှုရှိစေပြီး Hill Start Assist Control က ကုန်းတက်တွေမှာ နောက်ပြန်လိမ့်မသွား အောင် ကူညီပေးမှာဖြစ်ပါတယ်။

ဒါ့ပြင် တခြားသော အထောက်အကူပြုနည်း ပညာတွေဖြစ်တဲ့ Electric Parking Brake ၊ Cruise Control ၊ Lane Departure Warning with Steering Assist ၊ Brake Assist ၊ Pre-Collision System with Pedestrian Detection အပါအဝင် တခြားနည်းပညာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ ၁၉ လက်မ Matte-Black Alloy ဘီးခွေကို ရာသီ မရွေးအသုံးပြုနိုင်တဲ့ Michelin Pilot Super Sport တာယာတွေ အသုံးပြုထားပါတယ်။ 2020 Toyota GR Supra မိုဒယ်မှာ 3.0 ၊ 3.0 Premium ၊ Launch Edition ဆိုတဲ့ Trim Level သုံးမျိုးရှိပြီး 3.0 က အမေရိကန်ဒေါ်လာ ၄၉,၉၉ဝ၊ 3.0 Premium က အ မေရိကန်ဒေါ်လာ ၅၃,၉၉ဝ၊ Launch Edition က အေမရိကန်ေဒါ်လာ ၅၅,၂၅ဝ ကျသင့်မှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here