အလန်းစားကောက်ကြောင်း မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ 2021 Audi A7

150

ဂျာမန်ကားကုမ္ပဏီ Audi ဟာ အရွယ်အစားကြီးမားတဲ့ A7 မိုဒယ်ကို ၂၀၁၀ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မျိုးဆက်နှစ်ခုရှိနေပါပြီ။ ဒုတိယမျိုးဆက်ရဲ့ နောက်ဆုံးပေါ် ၂၀၂၁ မိုဒယ်မှာတော့ စက်သုံးဆီနဲ့တင်မက Plug in Hybrid နဲ့လည်း ရွေးချယ်ခွင့်ပေးထားပါတယ်။

စက်စွမ်းရည်
2021 Audi A7 မိုဒယ်မှာ မြင်းကောင်ရေ ၃၃၅ ကောင်အား 3.0 Liter 55 TSFI Turbocharged V6 အင်ဂျင် တပ်ဆင်ထားပြီး အော်တိုဂီ ယာခုနစ်ချက်နဲ့ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ဆီအမျိုးအစား အင်ဂျင် ဖြစ်ပြီး စွမ်းအင်ထုတ်လုပ်မှုမြင့်မားတာကြောင့် ၅ ဒသမ ၂ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပါတယ်။ လေးဘီး ယက်အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးမောင်းနှင်နိုင်တဲ့ အရှိန်နှုန်းက တစ်နာရီ ၁၅၅ မိုင်နှုန်းကျော်ရှိတာကြောင့် အရှိန်ပြင်းပြင်း မောင်းနှင်ချင်သူတွေ အကြိုက်တွေ့စေနိုင်မယ့် အမိုက်စားဆီဒန်တစ်စီးလို့ ဆိုနိုင်ပါတယ်။
ဆီစားနှုန်းက မြို့တွင်းတစ်ဂါလန် ၂၂ မိုင်နှုန်း၊ အဝေးပြေးလမ်းမ တစ်ဂါလန် ၂၉ မိုင်နှုန်းဖြစ်ပြီး ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၆ မိုင် နှုန်း ဖြစ်ပါတယ်။ 2021 Audi A7 ရဲ့ဆီစားနှုန်းက အနီးစပ်ဆုံးပြိုင်ဘက် တွေဖြစ်တဲ့ BMW ixDrive , Mercedes-Benz CLS 450 တို့နဲ့ သိပ် မကွာပါဘူး။ BMW ixDrive က မြို့တွင်း တစ်ဂါလန် ၂၁ မိုင်နှုန်း၊ မြို့ပြင် တစ်ဂါလန် ၂၉ မိုင်နှုန်းဖြစ်ပြီး Mercedes-Benz CLS 450 က မြို့တွင်း တစ်ဂါလန် ၂၃ မိုင်နှုန်း၊ မြို့ပြင်တစ်ဂါလန် မိုင် ၃၀ နှုန်း ဖြစ်ပါတယ်။
တည်ဆောက်ပုံ
မိခင်ကုမ္ပဏီ Volkswagen Group ရဲ့ နာမည်ကျော် MLBevo platform နဲ့ တည်ဆောက်ထားတာဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းမှာရော၊ လုံခြုံစိတ်ချရမှုအပိုင်းမှာပါ ပြောစရာမလိုအောင် ပြီးပြည့်စုံနေပြီလို့ ဆိုနိုင် ပါတယ်။ MLBevo Platform နဲ့ တည်ဆောက်ထားတဲ့ မိုဒယ်တွေက Audi Q7 , A4 , A5 , Q5 , A8 , A6 , Q8 , Bentley Bentayga , Lamborghini Urus , Volkswagen Touareg , Porsche Cayenne , Audi e-tron တို့ ပါဝင်ပါတယ်။ ရှဲလ်က Audi ရဲ့ပင်တိုင် ရှေ့မျက်နှာစာ အပြည့်နီးပါးရှိတဲ့ ဆဋ္ဌဂံရှဲလ်ကြီးဖြစ်ပြီး ခရိုမီယမ် ဘားတန်းအကြီးစား တွေကို အလျားလိုက် ထည့်သွင်းပေးထားပါတယ်။ အပေါ်ဘက်မှာ Audi Logo ကို ခတ်နှိပ်ထားပြီး ရှဲလ်အောက်ဘက်မှာ အလျားလိုက် လေစုပ် ပေါက်ကြီးတစ်ခု၊ ဘေးတစ်ဖက်တစ်ချက်မှာ အတွင်းလှိုက် လေစုပ်ပေါက် တစ်ခုစီ တပ်ဆင်ထားပါတယ်။
ကားအရှေ့ပိုင်းရဲ့အောက်ဆုံးကို Skirt အသေးစားလေးတစ်ခုနဲ့ ထပ် ပိုးပေးထားတာက လူငယ်တွေ အကြိုက်တွေ့စေနိုင်မှာဖြစ်သလို ရှေ့မီးကြီး ကလည်း ဂရိတ်အပြည့်LED မီးသီးတွေဖြစ်ပါတယ်။ ကြောင်မျက်လုံး ရှေ့မီးကြီးထဲမှာ ဒေါင်လိုက်မီးသီးအသေးစား ၁၂ လုံး ထည့်သွင်းပေးထားပြီး မီးဖွင့်လိုက်ရင် အလင်းရောင်က တစ်လုံးချင်းစီပွင့်တဲ့အပြင် မီးသီးကြီး အလင်းရောင်ကလည်း သီးခြားစီဖြစ်နေလို့ အမြင်တစ်မျိုး ထူးခြားပါတယ်။ ရှေ့မီးကြီးက နေ့လင်းမီးတန်းစနစ်ပါဝင်ပြီး မျက်နှာချင်းဆိုင်က ကားမီး ရောင်တွေကို Censors တွေကနေ ထောက်လှမ်းပြီး ကိုယ့်ကားမီးကို အလိုအလျောက် အနိမ့်အမြင့်ပြုလုပ်ပေးမှာပါ။ ဒါ့ပြင် Audi Laser Light စနစ်လည်း ထည့်သွင်းပေးထားလို့ ညအချိန်တွေမှာ အလင်းရောင်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
ကားအနောက်ပိုင်းဒီဇိုင်းက သားနားသပ်ရပ်ပြီး အမိုးကနေ ဆင် ခြေလျှောပုံစံ နိမ့်ဆင်းသွားတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ အထူးခြားဆုံးက နောက် ဖုံးအစွန်း အနည်းငယ်ကော့တက်ပေးထားတဲ့ လေပင့်အားထိန်းတောင် ပံ အသေးစားလေးဖြစ်ပါတယ်။ အဲဒီလေပင့်အားထိန်း တောင်ပံအသေး စားလေးက အရှင်ဖြစ်ပြီး ခလုတ်နှိပ်လိုက်တာနဲ့ ပိုမိုကြီးမားတဲ့ တောင်ပံ အလတ်စားလေးပုံစံ ဖြစ်လာမှာပါ။ နောက်ဖုံးနဲ့ တွဲစပ် ဖွဲ့စည်းထားတဲ့ နောက်မီးအုံကလည်း တခြားမိုဒယ်တွေနဲ့မတူဘဲ တစ်ဖက်နဲ့တစ်ဖက် တစ်ဆက်တည်းဖြစ်သလို ရှေ့မီးကြီးလို ဒေါင်လိုက်မီးသီးလေးတွေ ပါ ဝင်ပါတယ်။ ကားရပ်လိုက်ပြီဆိုရင် ရှေ့မီးရော၊ နောက်မီးပါ အလို အလျောက် ပိတ်သွားမယ့်နည်းပညာကလည်း ဆန်းသစ်တယ်လို့ ဆိုနိုင် ပါတယ်။ ကားခေါင်မိုးမှာ ခလုတ်နှိပ်ရုံနဲ့ အဖွင့်၊ အပိတ်ပြုလုပ်နိုင်တဲ့ Sunroof ပါဝင်ပြီး အမိုးဖွင့်မောင်းနှင်မယ်ဆိုရင် သဘာဝအလင်းရောင်နဲ့ လတ်ဆတ်တဲ့ လေနုအေးလေးတွေကို ရှူရှိုက်ခွင့်ရနိုင်မှာပါ။ နောက်မှန် အပေါ်မှာ ငါးမန်းတောင် Antenna အသေးစားလေးတစ်ခု တပ်ဆင်ပေး ထားပြီး ဘော်ဒီကောက်ကြောင်းတွေကလည်း လူငယ်လူလတ်ပိုင်းတင်မက အရွယ်စုံ အကြိုက်တွေ့စေနိုင်မှာ ဖြစ်ပါတယ်။
အတွင်းခန်း
တန်ဖိုးမြင့် ဆီဒန်တစ်စီးပီပီ 2021 Audi A7 ရဲ့ အတွင်းခန်းအပြင် အဆင်အတွက် အကောင်းစားပစ္စည်းတွေကိုပဲ အသုံးပြုထားသလို ခမ်းနား သပ်ရပ်ပြီး ကျယ်ဝန်းမှုလည်းအပြည့်ရှိပါတယ်။ ထိုင်ခုံတွေကို အဆင့်မြင့် Leather တွေနဲ့ချုပ်လုပ်ထားပြီး ထိုင်ခုံအားလုံးကို အနွေးဓာတ်ပေးနိုင် ပါတယ်။ အနောက်ခန်း ထိုင်ခုံအကျယ်အဝန်းက ထုတ်လုပ်ခဲ့သမျှ A7 မိုဒယ်တွေထဲမှာ အကျယ်ဆုံးဖြစ်ပြီး Four-Zone Climate Control ကို နောက်ခန်းက စီးနင်းသူတွေကိုယ်တိုင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Center Console က ကြီးမားကျယ်ပြန့်ပြီး ဘူးသုံးဘူး တင်နိုင်တဲ့နေရာ၊ ပစ္စည်း အများအပြား ထည့်နိုင်တဲ့သေတ္တာ၊ ကြိုးမဲ့ ဖုန်းအားသွင်းနိုင်တဲ့ နေရာအပြင် ထိပ်ဆုံးမှာ ကြီးမားကျယ်ပြန့်တဲ့ Touch Screen တစ်ခု ပါရှိပါတယ်။
ဒါ့ပြင် ဒက်ရှ်ဘုတ်မှာလည်း တခြား Touch Screen တစ်ခု ပါဝင် တာကြောင့် တခြားပြိုင်ဘက်မိုဒယ်တွေနဲ့မတူတဲ့ ဖွဲ့စည်းမှုလို့တောင် ဆို နိုင်ပါတယ်။ MMI Touch Response Technology စနစ်အသုံးပြုထား တဲ့ အဲဒီ Touch Screen ကနေ Apple CarPlay , Android Auto , Satellite Navigation စတာတွေ လုပ်ဆောင်နိုင်ပါတယ်။ အသံစနစ် အတွက် 705 Watts Bang & Olusfen 3D Premium Sound System စပီကာ ၁၆ လုံး အသုံးပြုထားတာကြောင့် တကယ့်စတိတ်ရှိုးတစ်ခုလို ခံစားရစေမှာ သေချာပါတယ်။ Standard Forward-Collision Warning and Automated Emergency Braking စနစ်က ကားအရှေ့ကနေ ရုတ်တရက် လူဖြတ်ကူးတာမျိုး၊ လမ်းဆုံလမ်းခွတွေမှာ တခြားကားတစ်စီးနဲ့ တိုက်မိမလိုဖြစ်နေချိန်ဆို Censor တွေကနေ ထောက်လှမ်းပြီး ခါးပတ် ကြိုးတင်းကျပ်လာတဲ့အထိ အချက်ပေးမှာဖြစ်သလို အလိုအလျောက် ဘရိတ်ဖမ်းပေးမှာလည်း ဖြစ်ပါတယ်။
Blind Spot Monitoring and Rear Cross Traffic Alert က လမ်းကြောင်းပြောင်း မောင်းချင်တဲ့အခါ အနောက်ဘက်မမြင်ကွယ်ရာက မြင်ကွင်းတွေကို မော်နီတာကနေ မြင်နိုင်သလို ပါကင်ကနေထွက်လာတဲ့ အခါမှာလည်း အနောက်ဘက်က ကားတွေရှိရင် နောက်ကြည့်မှန်မျက်နှာ ပြင်ကနေ ပုံရိပ်နဲ့အချက်ပြမှာဖြစ်ပါတယ်။ Lane Keeping Assist , Audi Adaptive Cruise Assist , Traffic Jam Assist , Tire Pressure Monitoring System , Electromechanical Parking Brake , Anti-Lock Brake System , Electronic Brake-pressure Distribution, Brake Assist , Electric Stability Control , Secondary Collision Brake Assist and Traction Control စတဲ့ အထောက်အကူပြုနည်း စနစ်တွေ ပါဝင်တာကြောင့် လုံခြုံစိတ်ချမှုအပြည့် ပေးစွမ်းနိုင်သလို ကား အတွင်းခန်းအနှံ့ ထည့်ပေးထားတဲ့ ဂရိတ်အပြည့် လေအိတ်ခြောက်လုံးက လည်း ကားပေါ်လိုက်ပါလာသူတွေ အသက်အန္တရာယ်မဖြစ်အောင် ကူညီ ပေးမှာပါ။ ၂၀ လက်မဘီးခွေတွေကို ရာသီမရွေးသုံးစွဲနိုင်တဲ့ All-Season Tires တွေနဲ့ ဖွဲ့စည်းပေးထားတာကြောင့် ဘယ်လို ရာသီဥတုမျိုးမဆို၊ ဘယ်လိုလမ်းမမျိုးမဆို စိတ်ချလက်ချ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းနှင့် ပြိုင်ဘက်
2021 Audi A7 မှာ Trim Level သုံးမျိုးရှိပြီး Premium က အမေ ရိကန်ဒေါ်လာ ၆၉,၂၀ဝ၊ Premium Plus က အမေရိကန်ဒေါ်လာ ၇၄,၃၅၀၊ Prestige က အမေရိကန်ဒေါ်လာ ၇၈,၃၅၀ ကျသင့်မှာဖြစ်သလို အာမခံအနေနဲ့ လေးနှစ်၊ ဒါမှမဟုတ် မိုင်ငါးသောင်း ပေးထားပါတယ်။ ပြိုင်ဘက်တွေကတော့ 2021 Mercedes CLS 450 , 2021 Maserati Ghibli , 2020 Genesis G90 , 2020 Kia K900 , 2020 Lincoln Continental တို့ပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here