အရစ်ကျစနစ်ဖြင့်ဝယ်ယူပါက သုံးလတိတိ လစဉ်ကြေးသွင်းစရာမလိုသည့်အစီအစဉ်ဖြင့် Peugeot ကားအမျိုးအစား နှစ်မျိုး ရောင်းချမည်

291

 

ရန်ကုန်၊ ဇူလိုင်
Peugeot Myanmar မှ အရစ်ကျ စနစ်ဖြင့်ဝယ်ယူပါက သုံးလတိတိ လစဉ်ကြေးသွင်းစရာမလိုသည့် အစီအစဉ် Own Peugeot With $0 Special Promotion ဖြင့် Peugeot 3008 နှင့် 5008 ကားများ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဇူလိုင်လအတွင်း Peugeot SUVs ကားတွေကို အရစ် ကျဝယ်ယူလိုပါက သုံးလတိတိ လ စဉ်ကြေး ပေးသွင်းစရာမလိုတဲ့ Own a Peugeot with $0 ကို ရရှိမှာ ဖြစ်တဲ့အပြင် သုံးလတိတိ အရစ်ကျလစဉ်ကြေးအခမဲ့၊ သက် သာသော ၁ဝ ရာခိုင်နှုန်း ဘဏ်အ တိုးနှုန်း၊ ကနဦးပေးသွင်းငွေကား တန်ဖိုး ၁ဝ ရာခိုင်နှုန်း၊ ခုနစ်နှစ် အရစ်ကျစနစ်တို့ ပါဝင်မှာ ဖြစ်ပါ တယ်”ဟု Peugeot Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဒီဇိုင်းပိုင်း၊ Performance နှင့် Safety ပိုင်းများကြောင့် နိုင်ငံတကာ ဆုတံဆိပ်ပေါင်း ခြောက် ဆယ်ကျော် ရရှိထားသည့် Peugeot 3008 သည် ငါးယောက်စီး SUV ကားအမျိုးအစားဖြစ်ပြီး ၅ဝဝ၈ သည် ခုနစ်ယောက်စီး ကားအမျိုးအစား ဖြစ်သည်။

Peugeot Myanmarမှ Peugeot ကားများ ဝယ်ယူမည် ဆိုပါက Peugeot 3008 ကို အမေရိကန်ဒေါ်လာ ၆၁,၇ဝဝ ဖြင့် လည်းကောင်း၊ Peugeot 5008 ကို အမေရိကန်ဒေါ်လာ ၆၆,၈၅ဝ ဖြင့်လည်းကောင်း ရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here