အရက်မူးပြီးကားမောင်းခဲ့သည့် Wayne Rooney ကားမောင်းခွင့်   ၂  နှစ် ပိတ်ပင်ခံရ

690

အဂၤလန်လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်းနှင့် လက်ရှိ အဲဗာတန်အသင်း ကစားသမား Wayne Rooney သည် အရက်မူးပြီး ကားမောင်းခဲ့ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် Stockport တရားရုံးက ကားမောင်းခွင့် ၂ နှစ် ပိတ်ပင်လိုက်ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

Aston Martin ၊ Mercedes နှင့် Cadillac ကားတစ်စီးစီ အပါအဝင် တန်ဖိုးကြီးကားများ ပိုင်ဆိုင်သော မန်ချက်စတာယူ နိုက်တက် ကစားသမားဟောင်း Rooney သည် ဘောလုံးသမား ဘဝအစ ဆယ်ကျော်သက် အရွယ်က အဲဗာတန်အသင်းနှင့် ပထမရာသီတွင် Roo N1 ဟု ရေးထိုးထားသည့် နံပါတ်ပြားတပ် အပြာရောင် သာမန်  Ford Ka ကားကိုသာ စီးနင်းခဲ့သူ ဖြစ်သည်။  မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားဘဝတွင် ရှိနေသေးသည့် ယခုနှစ်အစောပိုင်းကာလတွင် Rooney သည် ပေါင်နှစ်သိန်းခွဲ တန်ဖိုးရှိ Bentley GT ကားကြီးဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်း လေ့ကျင့်ခန်းပြုလုပ်ရာ Carrington ကွင်းသို့ သွားရောက်ခဲ့သလို ယခုနှစ် နွေရာသီတွင် အဲဗာတန်အသင်းသို့ ပြန်လည် ပြောင်းရွှေ့ရာ၌လည်း ၎င်းပိုင်ဆိုင်သည့် ပေါင် တစ်သိန်းကျော်တန် BMW i8 ကားဖြင့် အဲဗာတန်ကွင်းသို့ လာရောက်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း မန်ချက်စတာယူနိုက်တက်အသင်း၏ Carrington လေ့ကျင့်ရေးကွင်းသို့ ပေါင် ငါးသောင်းတန် Audi Q7 ကားဖြင့် မကြာခဏ လာရောက်ခဲ့ဖူးပြီး ယခုပြစ်ဒဏ် မချမှတ်ခံရမီ Rooney နောက်ဆုံးစီးနင်းခဲ့သောကားမှာ ပေါင်နှစ်သိန်း တန်ဖိုးရှိ Range Rover ကားဖြစ်သည်။ Stockport တရားရုံးမှထွက်ခွာစဉ် Rooney စီးနင်းလာသောကားမှာမူ ယာဉ်မောင်းပါဝင်သည့် Mercedes Vito Van ကား အမျိုးအစားဖြစ်သည်။

 

တရားရုံးက Rooney ကို ကားမောင်းခွင့် ၂ နှစ်ပိတ်ပင်ခဲ့သလို လူမှုရေးလုပ်အားပေး နာရီတစ်ရာ လုပ်ဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း မူးယစ်မောင်းနှင်မှုအတွက် ပြန်လည်ပျိုးထောင်ရေး သင်တန်းကို လာမည့်နှစ် ဖေဖော်ဝါရီလတွင် ပြီးဆုံးအောင် တက်ရောက်ပြီးပါက ယာဉ်မောင်းခွင့် ပိတ်ပင်မှုကို ခြောက်လလျှော့ချဖွယ်ရှိကြောင်း Rooney ၏ ရှေ့နေ ကပြောသည်။ Rooney အနေဖြင့် ပြစ်ဒဏ်ကျခံနေရဆဲ ကာလတွင် ၎င်းအတွက် ယာဉ်မောင်းတစ်ဦး ငှားရမ်းခန့်ထားဖွယ်ရှိသည်ဟု သိရသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here