BAIC PPE9 Automobile အရောင်းပြခန်းကို သာကေတမြို့နယ်တွင် ဖွင့်လှစ်

214

 

ရန်ကုန်၊ သြဂုတ်
BAIC PPE9 Automobile အရောင်းပြခန်း Soft Opening ပွဲကို သြဂုတ် ၈ ရက်က အမှတ်-၁၆၊ ဧရာဝဏ်လမ်း၊ အနော်မာရပ်ကွက် သာကေတမြို့နယ်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုကားအရောင်းပြခန်းတွင် BAIC Senova D50 ၊ BAIC Senova D70 နှင့် BAIC Senova X55 တို့ကို ရောင်းချပေးနေပြီး BAIC Motor Myanmar မှ ချီး မြှင့်မည့် ပရိုမိုးရှင် အစီအစဉ်များ ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထို့ပြင် Shwroom ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် သြဂုတ် ၈ ရက်မှ ယခုနှစ်ကုန်အတွင်း ဝယ်ယူသူများကို ကံစမ်းမဲအစီအစဉ်အဖြစ် အမြင့်ဆုံးဆု ကျပ်သိန်းတစ်ရာ တစ်ဆုနှင့်အတူ တီဗွီ၊ ရေခဲသေတ္တာ၊ ဖုန်းနှင့် အခြားဆုမဲများကိုလည်း ကံစမ်းခွင့်ရရှိမည် ဖြစ်သည်။

” BAIC PPE9 Automobile မှာ BAIC ကားဝယ်ယူသူတွေအတွက် ကျပ်သိန်းငါးဆယ်ကို ကံစမ်းမဲတစ်စောင်ပေးမှာ ဖြစ်ပါတယ်၊ အမြင့်ဆုံးကျပ်သိန်းတစ်ရာဆုနဲ့ တခြားလျှပ်စစ်ပစ္စည်းတွေကို ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပါတယ်၊ ဒါ့ပြင် BAIC Myanmar ကပေးတဲ့ ပရိုမိုးရှင်းအစီအစဉ်ကိုလည်း ရရှိမှာ ဖြစ်ပါတယ်”ဟု BAIC PPE9 Automobile မှ မန်နေဂျင်း ဒါရိုက်တာကိုဇော်က ပြောသည်။

BAIC PPE9 Automobile မှ BAIC Senova D50 ကို ကျပ် ၂၆၃ သိန်း(ဝင်ငွေခွန်နှင့်ကညနခွန် မပါ) BAIC Senova D70 ကို ကျပ် ၃၃၉ သိန်း(ဝင်ငွေခွန်နှင့် ကညနခွန်မပါ) နှင့် BAIC Senova X55 ကို ကျပ် ၃၅၅ သိန်း (ဝင်ငွေခွန်နှင့်ကညနခွန်မပါ)ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးထားကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here