အမြင့်ဆုံးနေရာကို  မောင်းနိုင်သည့်ဆိုင်ကယ်အဖြစ် TVS Apache RTR 200 4V  ကမ္ဘာ့စံချိန်သစ်တင်ခဲ့

871

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် လူသားနှင့်သဘာဝဆိုင်ရာ ကမ္ဘာ့စံချိန်များကို ဘာသာစကားသုံးမျိုးဖြင့် ရိုက်နှိပ်ထုတ်ဝေသည့် Limca Book of Records ၌ TVS Apache RTR 200 4V က အမြင့်ဆုံးနေရာအထိ မောင်းနိုင်သော ဆိုင်ကယ်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း ဧပြီ ၂၇ ရက်တွင် Zigwheels သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံသား ခြောက်ဦး ပါဝင်သောအဖွဲ့သည် နိုင်ငံမြောက်ပိုင်းရှိ ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်၊ Ladakh  ဒေသမှ Rupshu  ကုန်းပြင်မြင့်ကို Quest for the Highest  လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် က TVS Apache RTR 200 4V ဆိုင်ကယ်လေးစီးဖြင့် မောင်းနှင်တက်ရောက်ခဲ့ကြသည်။ ဟိမဝန္တာ တောင်တန်းနှင့် ဆက်စပ်နေကာ  လမ်းပန်းအခြေအနေ ဆိုးဝါးသည့် ခရီးစဉ်အတွက် ွှဠှ ဗစခေ့န ျွွျွှ 200 4V ဆိုင်ကယ်များကို ပုံမှန် အလွိုင်းဘီးခွေအစား စပုတ်တံပါ ဘီးခွေနှင့် အစားထိုးလဲလှယ်ခဲ့ရသလို အထူး Off-Raod  တာယာများ တပ်ခြင်း၊ ဆိုင်းထိန်းစနစ် အဆင့်မြှင့်ခြင်းများ ပြုလုပ်ခဲ့ရပြီး အမြင့်ပေ ၁၅,၁၁ဝ ရှိသော အခြေခံစခန်းမှ Ladakh ဒေသ၏ အမြင့်ဆုံးနေရာအထိ စုစုပေါင်း 1,612 ကီလိုမီတာရှိ ခရီးကို အသွားအပြန် မောင်းနှင်ခြင်းအား ၂ဝ၁၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိန္ဒိယဆိုင်ကယ်အဖွဲ့၏ ခရီးစဉ်အကြောင်းကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် Limca Book of Records  သို့ တင်သွင်းခဲ့ပြီး ဂျူရီအဖွဲ့က ၂ဝ၁၈ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့စံချိန်သစ်အဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။ ယခင်က အင်ဒီးစ်တောင်ပေါ်ရှိ ပေ ၂၁,၂၃၃ အမြင့်သို့ တက်ရောက်နိုင်ခဲ့သောဆိုင်ကယ်က အမြင့်ဆုံးနေရာရောက် ဆိုင်ကယ်အဖြစ် ကမ္ဘာ့စံချိန်တင်ထားခြင်းကို ယခုအခါ TVS Apache RTR 200 4V က ၂၁,၅၂၄ ပေ အမြင့်ဖြင့် ကျော် ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Ref : Zigwheels.comv

LEAVE A REPLY

Please enter your comment!
Please enter your name here