အမျိုးသားတစ်ဦး ယာဉ်မှုစစ်သူငယ်ချင်းနှင့် ဇာတ်တိုက်၍ စစ်ဆေးမှုခံယူချိန်တွင် ချစ်သူအား လက်ထပ်ခွင့်တောင်း

759

ယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိ ရဲ တပ်ဖွဲ့ဝင်တို့က ရှောင်တခင် တားဆီး စစ်ဆေးလေ့ ရှိရာ အမျိုးသားတစ်ဦးသည် သူငယ်ချင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကြိုတင်ဇာတ်တိုက်၍ အသက် ၂၄ နှစ်အရွယ် ၎င်း၏ချစ်သူ မိန်းကလေးအား မထင်မှတ်ထားသည့်အချိန်၌ လက်ထပ်ခွင့်တောင်းခဲ့ကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

အသက် ၂၇ နှစ်အရွယ် Adam Advincula ဆိုသူသည် သူငယ်ချင်းဖြစ်သူ၏ ဧည့်ခံပွဲတစ်ခုတွင် ဘီယာ သောက် ပြီးနောက် ချစ်သူမိန်းကလေး Jarrah Cootee  နှင့်အတူ နေအိမ်သို့ပြန်လာစဉ် မိန်းကလေး ဖြစ်သူ မျှော်လင့်မထားသည့် အချိန်၌ လက်ထပ်ခွင့်တောင်းရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့စုံတွဲ ဧည့်ခံပွဲမှအပြန်၌ ၎င်းတို့ကား ကို လမ်းတွင်ရပ်တန့်စစ်ဆေး ပေးရန် ဗစ်တိုးရီးယားရဲတပ်ဖွဲ့မှ သူငယ်ချင်းဖြစ်သူ ရဲအရာရှိ Dave အား အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

 

”၄၅ မိနစ်အတွင်း ဘီယာလေးပုလင်းလောက် သောက်ခဲ့တာ၊ ဘယ့်နှယ့်လဲ၊ ကိုယ်မှောက် သွားမယ်ထင်လားလို့ ကျွန်တော် က Jarrah ကိုမေးတယ်၊ အဲဒီလို ပြောရင်း စီစဉ်ထားတဲ့ နေရာရောက်တော့ Dave က ကျွန် တော် မောင်းလာတဲ့ကားကို တားတယ်၊ အဲဒီအချိန် စိတ်တွေ လှုပ်ရှားလွန်းလို့ နှလုံးခုန်တောင် မမှန်တော့ဘူး” ဟု Advincula က  Yahoo  သတင်းဌာနသို့ ပြောသည်။ Dave က ကားကို တားပြီးစစ်ဆေးစဉ် ကြိုတင် စီစဉ်ထားသည့် လက်စွပ်ကို ကားထဲမှထွက်လာသည့် Advincula အားပေးလိုက်ပြီး Cootee ကိုပါ Advincula နောက် လိုက်သွားရန် ပြောခဲ့သည်။ ကားနောက်ဘက်အရောက် Advincula ရုတ်တရက် ဒူးထောက် ချလိုက်ချိန်တွင် အခြေအနေကို Cootee ရိပ်စားမိသွားကာ ဒူးထောက်ပြီး လက်စွပ်ကမ်းပေး လိုက်သည့်အချိန်တွင် လက်ထပ်ခွင့် ကမ်းလှမ်းချက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် လက်ခံခဲ့သည်။

 

Cootee ၏အဖြေကြောင့် အပျော်လွန်သွားသည့် Advincula က မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်အား ၎င်းမိသားစုထံ ချက်ချင်းဝေမျှခဲ့သည်။ Cootee  က ၎င်းတို့ကားကို ရဲစစ်ဆေးနေကြောင်း နောက်ပြောင်ပြောထား သဖြင့် စိတ်ပူနေကြသည့် မိသားစုမှာ ၎င်းကို လက်စွပ်နှင့် မြင်လိုက်ရသည့်အချိန်တွင် အလွန် အံ့သြမှင်တက် မိသွားကြသည် ဟု ဆိုသည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here