အများပိုင်ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းရန် ဝန်ဆောင်မှုနှင့် စည်းကမ်း ကောင်းမွန်သည့် YBS ကုမ္ပဏီများ ယခုနှစ်အတွင်း ရွေးချယ်မည်

707

အများပိုင်ကုမ္ပဏီများ ပြန်လည်ဖွဲ့ စည်းရန်အတွက် မြို့တွင်းပြေးဆွဲနေ သည့် YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများထဲမှ ဝန်ဆောင်မှုနှင့် စည်းကမ်းကောင်းမွန်သည့် ကုမ္ပဏီများကို ယခုနှစ်အတွင်း စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

” YBS ယာဉ်လိုင်း ကုမ္ပဏီ တွေထဲက ပြည်သူကို ဝန်ဆောင်မှု ကောင်းကောင်းလည်း ပေးနိုင်မယ်၊ စည်းကမ်းလည်းကောင်းတဲ့ ကုမ္ပဏီကို ရွေးချယ်ပြီး အများပိုင်ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းမှာပါ၊ အခု စတင်ပြီး ကုမ္ပဏီတွေကို စစ်ဆေးနေပါပြီ၊ ဒီနှစ်ထဲမှာပဲ အပြီးလုပ်မှာပါ” ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ဝန်ဆောင်မှုနှင့် စည်းကမ်းကောင်းမွန်သည့် YBS ကုမ္ပဏီများရွေးချယ်ခြင်းကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် စိစစ်၍ စတင်လုပ်ဆောင်နေပြီး ယခုနှစ်မကုန်မီ အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခုရှိနေပြီး ယင်းကုမ္ပဏီများထဲမှ ခရီးသည်များကို ဝန်ဆောင်မှုအပြည့် အဝပေးနိုင်၍ စည်းကမ်းကောင်းမွန်သည့် ကုမ္ပဏီ လေးခုကိုသာရွေး ချယ်ကာ YBS အများပိုင်ကုမ္ပဏီများအဖြစ် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့တွင်းပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခုရှိပြီး ယာဉ်လိုင်းပေါင်းကိုးဆယ်ကျော်မှ ယာဉ်အစီးရေလေးထောင်ဝန်းကျင်ဖြင့် ပြေးဆွဲနေကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here