အမေရိကန်အဆိုတော် Hank Williams ၏သမီး ယာဉ်တိုက်မှုကြောင့် သေဆုံး

201

 

နာမည်ကျော် အမေရိကန်ကျေး လက်ဂီတ အဆိုတော် Hank Williams ၏ သမီးဖြစ်သူ Katherine Williams-Dunning သည် ယာဉ်မတော်တဆမှုကြောင့် ဇွန် ၁၄ ရက် ညက ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း ဇွန် ၁၅ ရက် တွင် globalnews ဝက်ဘ်ဆိုက် က ဖော်ပြသည်။

အမေရိကန် ဂီတလောက၏ နာမည်ကျော်အဆိုတော်၊ တေးရေးဆရာ တစ်ဦးဖြစ်သူ Hank Williams Sr ၏ မြေးတစ်ဦးဖြစ်သည့် Katherine သည် ကွယ်လွန်ချိန်တွင် အသက် ၂၇ နှစ် အရွယ်သာ ရှိသေးသည်။ Katherine သည် တင်နက်ဆီပြည်နယ်၊ ဟင်နရီခရိုင်တွင် ယာဉ်တိုက်မှု ကြောင့် ရုတ်တရက် ကွယ်လွန်ခဲ့ ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ် တွင် ၎င်း၏ခင်ပွန်း Tyler Dunning ပါဝင်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် Katherine က ၂ဝ၁၇ မိုဒယ် Chevy Tahoe ကားကို မောင်းနှင်နေစဉ် ဖြစ်ပြီး ခင်ပွန်းသည်က ဘေးခုံမှ လိုက်ပါခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်းနှံ လိုက်ပါလာသောကား မည်သည့်အတွက်ကြောင့် ယာဉ် တိုက်မှုဖြစ်ပေါ်ခဲ့သနည်း ဆိုသည် ကို တင်နက်ဆီရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး နှစ်ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးမှ Katherine က သေဆုံးခဲ့ခြင်းဖြစ်သည်။

ငါးနှစ်အရွယ် သားတစ်ဦးနှင့် ၂ နှစ်အရွယ် သမီးတစ်ဦး ထွန်း ကားထားသော Katherine သေဆုံးခြင်းသည် အမေရိကန်ကျေး လက်ဂီတလောကအတွက် ဆုံးရံှုး နစ်နာမှုတစ်ရပ်ဖြစ်ကြောင်း နိုင်ငံ တကာမီဒီယာများက ဖော်ပြလျက် ရှိပြီး ဖခင်ဖြစ်သူ Hank Williams မှာလည်း ဝမ်းနည်းပူဆွေးလျက်ရှိ သည်။
Ref: globalnews

LEAVE A REPLY

Please enter your comment!
Please enter your name here