အမေရိကန်ဒေါ်လာ  နှစ်သန်းတန်  ရှားပါး  Lamborghini Centenario ကား ၁၁ စီးကို ပြန်လည်ပြင်ဆင်ရန်ခေါ်ယူ

692

Lamborghini မှ စုစုပေါင်း အစီး လေးဆယ်သာ ထုတ်လုပ်ထားသည့် Lamborghini Centenario မိုဒယ်တွင် စုစုပေါင်း တင်ဆောင်နိုင်သည့် အလေးချိန်(Gross Weight) ဖော်ပြသောစတစ်ကာမှားယွင်းနေသည့် ကား ၁၁ စီးအား ပြန်လည်ပြင်ဆင်ရန် ခေါ်ယူခဲ့ကြောင်း မေ ၁၃ ရက်တွင် auto.ndtv ကား သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Lamborghini သည် ကုမ္ပဏီ တည်ထောင်သူ Ferrucio Lamborghini ၏ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် Lamborghini Centenario အစီးလေးဆယ် ကို အရေအတွက် ကန့်သတ်ထုတ်လုပ်ခဲ့ပြီး ထိုအထဲတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ သန်းတန် Coupe အစီး နှစ်ဆယ်နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း တန် Roadster အစီး နှစ်ဆယ် ပါဝင်ခဲ့သည်။

မြင်းကောင်ရေ ၇၇ဝ အား အထိ ထုတ်ပေးသည့်V12 အင်ဂျင်၊ ကာဗွန်ဖိုင်ဘာကိုယ်ထည်တို့နှင့် လေခွင်းအားကောင်းသော အဆင့်မြင့်ဒီဇိုင်း ပိုင်ဆိုင်ကာ သုညမိုင်မှ တစ်နာရီ ၆၂ မိုင်အရှိန်နှုန်းရရှိရန် အချိန် ၂ ဒသမ ၈ စက္ကန့်သာကြာမြင့်သည့် Lamborghini Centenario ကားများအနက် ၁၁ စီးတွင် Gross Weight ဖော်ပြသော စတစ်ကာ၌ အနည်းငယ်မှားယွင်းမှုရှိနေကြောင်း United States Highway Traffic Safety Adminstration က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မှားယွင်းမှုက Lamborghini Centenario တွင် ခံနိုင်အားထက်ပိုသည့် အလေးချိန်တင်ဆောင်မိစေကာ ဆိုင်းထိန်းစနစ်နှင့် ကားတာယာများ ပျက်စီးမှု အန္တရာယ်မြင့်တက်စေနိုင်သဖြင့် ပြန်လည်ပြင်ဆင်မှုပြုရန် United States Highway Traffic Safety Adminstration က ကြေညာခဲ့ပြီးနောက် Lamborghini က ထိုကား ၁၁ စီးအား Gross Weight စတစ်ကာအသစ်ကို အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်သည်။

Ref : auto.ndtv

LEAVE A REPLY

Please enter your comment!
Please enter your name here