အမိုးပွင့်အပန်းဖြေဘတ်စ်ဖြစ်သည့် မဂင်္လာဘတ်စ်ကို ခရီးစဉ်နှစ်ပိုင်းခွဲ၍ ပြေးဆွဲမည်

480

ရန်ကုန်၊ မတ်

မြန်မာပြည်၏ပထမဆုံးသောအမိုးပွင့်အပန်းဖြေဘတ်စ်ဖြစ်သည့် မဂင်္လာဘတ်စ်ကို ခရီးစဉ်နှစ်ပိုင်းခွဲ၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မဂင်္လာဘတ်စ်ကို ပထမဦးဆုံးရန်ကုန်မြို့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ဝါရင့်လမ်းညွှန်များနှင့် အတူ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြောင်းလျှင် အချိန် ၃ နာရီ မှ ၄ နာရီအတွင်း ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မဂင်္လာအမိုးပွင့်ဘတ်စ်တွင် စီးနင်းလိုက်ပါသူများကို ဘေးကင်းလုံခြုံစိတ်ချရန်အတွက် စီစဉ်ပေးထားပြီး ကလေးသူငယ်များအတွက်လည်း ထိုင်ခုံခါးပတ်များ တပ်ဆင်ပေးထားသည်။ခရီးစဉ်တစ်လျှောက်တွင်လည်း   ခရီးသွားပြည်သူများအတွက် ဝန်ဆောင်မှုအဖြစ် ဝါရင့်ဧည့်လမ်းညွှန်က ရန်ကုန်သဘာဝရှုခင်းများအကြောင်းကို ရှင်းပြပေးမည် ဖြစ်သည်။

မနက်ပိုင်းခရီးစဉ်တွင် မြို့ တော်ခန်းမရှေ့၊ ဆူးလေဘုရားမှ စတင်ထွက်ခွာမှာဖြစ်ပြီး ခမ်းနားလှသည့် ကိုလိုနီအဆောက်အဦး၊ ကြည့်မြင်တိုင်ပတ်ဝန်းကျင်မှ ပန်းတဉ်းလုပ်ငန်းများကိုလည်း လေ့လာခွင့်ရမည်ဖြစ်သည်။ ထိုမှတဆင့် စမ်းချောင်းဘက်မောင်းနှင်ကာဟံသာဝတီစစ်သချုØင်း၊ ဘာဝနာတရားစခန်းနှင့် ဒေါ်ညာဏစာရီ မယ်သီလရှင်ကျောင်းကို ဝင်ရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

ညနေခင်းခရီးစဉ်တွင် မြို့တော်ခန်းမရှေ့၊ ဆူးလေဘုရားမှ စတင်ထွက်ခွာပြီး ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရား၊ ကန်တော်ကြီးအတွင်း လှည့်လည်လေ့လာအပန်းဖြေပြီး နဝဒေးလမ်းဘက်သို့ မောင်းနှင်ကာ ကမ်းနားလမ်းရှိ ညစျေးတန်းတွင် ခရီးစဉ်ဆုံးမည်ဖြစ် သည်။

မဂင်္လာဘတ်စ်ကို ရန်ကုန်အမိုးပွင့်အပန်းဖြေဘတ်စ်လုပ်ငန်းအပြင် မန္တလေးနှင့်ပြင်ဦးလွင်မြို့များတွင်လည်း လုပ်ငန်းတိုးချဲ့ ရန်ရှိကြောင်းသိရသည်။ ကားတစ်စီးတွင် ခရီးသည် ၂၅ ယောက်လိုက်ပါစီးနင်းနိုင်ပြီး ယာဉ်စီးခကို သင့်တော်သောစျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး စင်းလုံးငှားရန်လိုသူများအတွက်လည်း ဝန်ဆောင်မှုများ ပေးမည်ဖြစ်ကြောင်းသိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here