အမည်ပေါက် ဆောင်ရွက်ထားခြင်းမရှိသော ယာဉ်ပိုင်ရှင်ကို ကျပ်သုံးသိန်းဒဏ်ရိုက်ရန် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် ကြေညာထား

4149

ရန်ကုန်၊ သြဂုတ်

အမည်ပေါက် ဆောင်ရွက်ထားခြင်း မရှိသော ယာဉ်ပိုင်ရှင်ကို ကျပ်သုံး သိန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှုဥပဒေကြမ်းတွင် ကြေညာ ထားသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် စီမံခန့်ခွဲမှုဥပဒေကြမ်းတွင်  တား မြစ်ချက် ၁ဝ ချက်ပါဝင်ပြီး ပုဒ်မ ၆၉ တွင် မော်တော်ယာဉ် လက်ဝယ် ပိုင်ဆိုင်သူသည် မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းချခြင်း တို့တွင် မော်တော်ယာဉ်ပေးကမ်း သည့်နေ့ရက်၊ သို့မဟုတ် အရောင်း အဝယ်စာချုပ် ချုပ်ဆိုသည့်နေ့ရက် မှ ရက်ပေါင်း သုံးဆယ်အတွင်း မော် တော်ယာဉ် မှတ်ပုံတင်ထားသူ အ မည်ပြောင်းလဲပေးနိုင်ရေး အတွက် လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ၊ အမွေဆက်ခံခြင်းနှင့် မော် တော်ယာဉ်ရရှိသူသည် မော်တော် ယာဉ်မှတ်ပုံတင်ထားသူ အမည် ပြောင်းလဲရန် တရားဝင်ရရှိသည့် ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ၊ မော်တော်ယာဉ် မှတ်ပုံ တင်ထားသူ အမည်ပြောင်းလဲပေး ရန်လျှောက်ထားရာတွင် မော်တော် ယာဉ် ပေးကမ်းခြင်းနှင့် ရောင်း ဝယ်ခြင်း စာချုပ်၌ ဝယ်ယူသူ၏ အမည်နှင့် နေရပ်လိပ်စာ အပါအ ဝင် အခြားအချက်အလက် တစ်စုံ တစ်ရာကို မမှန်မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်း၊ သို့ မဟုတ် စာချုပ်ချုပ်ဆိုသည့် နေ့ ရက်ကို မမှန်မကန်ဖော်ပြခြင်း မပြု ရန်ဖော်ပြထားပြီး ဖောက်ဖျက်ကျူး လွန်ပါက ကျပ်သုံးသိန်းထက် မပို သောငွေဒဏ်ချမှတ်မည်ဟု အခန်း ၁၃ တွင် ကြေညာထားသည်။

‘‘ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် စီမံခန့်ခွဲမှုဥပဒေကြမ်းအရ  မော်တော်ယာဉ် လက်ဝယ်ပိုင်ဆိုင် သူက ရက်ပေါင်း သုံးဆယ်အတွင်း အမည်ပေါက် ဆောင်ရွက်မထားဘူး ဆိုရင် ကျပ် သုံးသိန်းထက်မပိုတဲ့ပြစ် ဒဏ်ကို ချမှတ်မှာ ဖြစ်ပါတယ်၊ အ ရောင်းအဝယ်စာချုပ်ပါ ရက်စွဲကို မမှန်မကန် လုပ်ထားတာတွေ ရှိရင် လည်း ကျပ်သုံးသိန်း ဒဏ်ရိုက်ခံရ မှာဖြစ်ပါတယ်၊ အခုကြေညာထား တဲ့ ဥပဒေကြမ်းကို မကြာခင်မှာ ဥပဒေကြမ်းကော်မတီ၊ အမျိုးသား လွတ်တော်၊ ပြည်ထောင်စုလွတ် တော်တွေဆီ အဆင့်ဆင့်တင်ပြပြီး အတည်ပြု ကြေညာပေးမှာ ဖြစ်ပါ တယ်’’ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သြဂုတ် ၂ဝ ရက်က တရား ဝင်ကြေညာခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းတွင် အခန်း ပေါင်း ၁၄ ခန်းပါဝင်ပြီး အခန်း ၁၂ တွင် ဖော်ပြထားသည့် တား မြစ်ချက်များကို ကျူးလွန်ပါက ပြစ် ဒဏ်အပေါ်မူတည်၍ ငွေဒဏ်ဖြစ် စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် နှင့် ထောင်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရန်လျာထားကြောင်း သိရ သည်။      

 ဆန်းသစ်ေအာင်

LEAVE A REPLY

Please enter your comment!
Please enter your name here