အမည်ပေါက်ပြုလုပ်ရန် အခွင့်အရေးပေးလိုက်သည့် ၀င်ငွေခွန်နှုန်းထား ဖြေလျှော့ခြင်းနှင့် အားကောင်းသွားတော့မည့် ကားသစ်စျေးကွက်

607
Page(Test)

စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အခွန်ကိစ်္စရပ်များနှင့် ပတ်သက် ပြီး အတည်ပြုချက်ရယူရန်အတွက် မဲဆန်္ဒခံယူရာတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေခွန်များကို လျှော့ချကောက်ခံရန် သဘောတူ ညီမှု ရရှိခဲ့ပြီး အထူးကုန်စည်ခွန်ကိုမူ ၂၀၁၈ ဘဏ္ဍာနှစ်ကအတိုင်း ဆက် လက်ကောက်ခံရန် အတည်ပြုခဲ့သည်။ လွှတ်တော်အစည်းအဝေးတွင် ၀င်ငွေခွန်နှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီမှ တင်သွင်းသော အဆို ပြုချက်ကို သဘောတူညီခြင်းရှိ၊မရှိ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ပထမအဆင့်၌ ထောက်ခံမဲ ၄၈၉၊ ကန့်ကွက်မဲ ၃၃၊ ကြားနေမဲ ၂၊ ဒုတိယအဆင့်၌ ထောက်ခံမဲ ၅၀၃၊ ကန့်ကွက်မဲ ၁၂၊ ကြားနေမဲ ၂၊ တတိယအဆင့်၌ ထောက်ခံမဲ ၄၉၈၊ ကန့်ကွက်မဲ ၁၇၊ ကြားနေမဲ ၁၊ စတုတ်္ထအဆင့်၌ ထောက်ခံမဲ ၄၇၁၊ ကန့်ကွက်မဲ ၅၁၊ ကြားနေမဲ ၃ ရရှိခဲ့ပြီး ထောက်ခံမဲ များသောကြောင့် ပြည်ထောင်စုလွှတ်တော်မှ လာမည့် ၂၀၁၉ ဘဏ္ဍာ နှစ်မှစပြီး ၀င်ငွေခွန်ကို ပြောင်းလဲကောက်ခံရန် အဆိုအတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအတည်ပြုချက်အရ အောက်တိုဘာ ၁ ရက်မှစ၍ စည်းကြပ်မှုမှလွတ်ကင်းနေသော ၀င်ငွေများအပေါ် ကောက်ခံသည့် ၀င် ငွေခွန်နှုန်းထားများအတွက် ၁ ကျပ်မှ ကျပ်သိန်း ၁,၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက်မှ ကျပ်သိန်း ၃,၀၀၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ အထက်မှ ကျပ်သိန်း ၁၀,၀၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ အထက်မှ ၃၀,၀၀၀ အထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံ တော့မည် ဖြစ်သည်။

၀င်ငွေခွန်လျှော့ချလိုက်သောကြောင့် အားကောင်းသွားခဲ့သည့်
Brand New ကားစျေးကွက်
လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေ သော အခွန်နှုန်းထားများကို လျှော့ချကောက်ခံမည်ဖြစ်ရာ သိန်းတစ်ထောင် နှင့်အောက်ကို ၃ ရာခိုင်နှုန်းသာ ကောက်ခံတော့မည်ဖြစ်သည်။ ယခင် ကျပ်သိန်း သုံးရာတန် Brand New ကားတစ်စီးကို ၀င်ငွေခွန်ကျပ် ၄၅ သိန်းပေးဆောင်ခဲ့ရာမှ ယခုအခါ ကိုးသိန်းသာကျသင့်တော့မည် ဖြစ်သော ကြောင့် ကားသစ်စျေးကွက်မှာ ပိုမိုအားကောင်းလာတော့မည် ဖြစ်သည်။ ကားသစ်စျေးကွက်တွင် ၀င်ငွေခွန်နှင့် ကညနမှတ်ပုံတင်ကြေးသာ ပေး ဆောင်ရသော ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည် SKD ကားစျေးကွက်မှာ ပို၍အားကောင်းလာနိုင်ဖွယ် ရှိနေသည်။ CBU ဖြင့် တင်သွင်းထား Brand New ကားများမှာလည်း ၀င်ငွေခွန်သက်သာသွားသော ကြောင့် ယခင်ထက် ၀ယ်ရင်းစျေးများ ကျဆင်းသွားမည် ဖြစ်သည်။ အခွန်သက်သာသွားခြင်းနှင့်အတူ အခြားသူနာမည်ဖြင့် ငွေဖြူခံပေးခြင်း၊ အောင်ဘာလေထီလက်မှတ် ၀ယ်ယူ၍ ငွေဖြူပြခြင်းများလည်း ရှိတော့ မည် မဟုတ်ပေ။ ထို့ပြင် တန်ဖိုးကြီးကားများကို ကုမ်္ပဏီအမည်ပေါက်ဖြင့် ၀ယ်ယူမှုများလည်း ရှိတော့မည် မဟုတ်ပေ။ Brand New ကားသစ်များ စျေးကျသွားခြင်းကြောင့်လည်း နံပါတ်ထွက်ပြီးသား ကားအချို့မှာ အထိုက်အလျောက် စျေးများပြိုကျသွားမည် ဖြစ်သည်။

ဂျပန်ညာမောင်းကားများထဲမှ ကားအမျိုးအစားအချို့သာ စျေးကျဆင်းသွားဖွယ်ရှိ

၀င်ငွေခွန်နှုန်းထားများ လျှော့ချလိုက်သော်လည်း ညာမောင်းကား တင်သွင်းမှု ပိတ်ထားခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့် ဖရီးပါမစ်ကား ၀ယ်ယူ အသုံးပြုခွင့် မရသောကြောင့် ဂျပန်ညာမောင်းကားများမှာ စျေးနှုန်းသိသိ သာသာ ကျဆင်းသွားမည် မဟုတ်ပေ။ Brand New ကားစျေးကွက် တဖြည်းဖြည်းအားကောင်းလာပြီဟု ဆိုနိုင်သော်လည်း စျေးကွက်ဝေစုအရ ဂျပန်ညာမောင်းကားများမှာ ရ၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းမိုးထားသဖြင့် ၀ယ်လိုအား မြင့်တက်နေဦးမည် ဖြစ်သည်။ ကားသစ်များ စျေးနှုန်းကျ သွားသည့် အရှိန်ဖြင့် ကားဟောင်းစျေးများ အနည်းငယ်ပြန်ဆင်းသွား ဖွယ်ရှိသော်လည်း Brand New ကားများနှင့် အမျိုးအစားတူ ကားများ သာ စျေးကျသွားဖွယ်ရှိနေသည်။ ဥပမာ-Toyota Vios စျးကျသွားသော ကြောင့် ထိုကားနှင့်အမျိုးအစားတူသည့် ွှToyota Axio င့် Toyota Belta တို့၏စျေးမှာ အထိုက်အလျောက်ဆင်းသွားမည် ဖြစ်သည်။ အလား တူ Suzuki Ertiga Type 3 နှင့် အသစ်ထွက်ရှိသည့် Mitsubishi Xpander တို့ စျေးဆင်းသွားသည့်အပေါ် Toyota Wish လည်း စျေးအ နည်းငယ် ကျဆင်းသွားဖွယ်ရှိနေသည်။ ထို့ပြင် SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သည့် SUV ကားများ စျေးကျသွားသောကြောင့် Toyota RAV4 ၊Mitsubishi RVR ၊ Nissan Juke တို့၏စျေးများလည်း အထိုက် အလျောက် ကျဆင်းသွားဖွယ်ရှိနေသည်။ ဂျပန်ညာမောင်းကားအချို့ စျေးကျဆင်းသွားနိုင်သော်လည်း တင်သွင်းရန် အခွင့်အရေးမရှိသောကြောင့် အချိန်တစ်ခုရောက်လျှင် ပုံမှန်စျေးကို ပြန်ရောက်သွားမည် ဖြစ်သည်။

စောင့်ကြည့်မှုများကြောင့် ခဏတာအေးစက်ဦးမည့် ကားစျေးကွက်
၀င်ငွေခွန်ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကားစျေးကွက်ကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်များ ခဏတာ အေးစက်နေဦး မည် ဖြစ်သည်။ အပြင်အဝယ်များအနေဖြင့် ကားစျေးများ ကျသွားမည် အထင်ဖြင့် မဝယ်သေးဘဲ စောင့်ကြည့်နေကြသလို ရောင်းမည့်သူများ ကလည်း တက်စျေးဖြင့် မိထားသောကြောင့် စျေးချမရောင်းချင်ကြပေ။ ယခုရက်ပိုင်းအတွင်း ၁၃၀၀ စီစီကားများသာ ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး အမြင့်ကားစျေးကွက်မှာ အေးစက်သွားခဲ့သည်။ ဂျပန်ညာမောင်းကားများ စျေးကွက်အေးစက်နေခြင်းသည် ၀င်ငွေခွန်အပြောင်းအလဲကြောင့်သာ ဖြစ်ပြီး စျေးနှုန်းများ တည်ငြိမ်သည့်အချိန်တွင် အရောင်းအဝယ်များ ပြန် လည်ကောင်းမွန်လာမည် ဖြစ်သည်။

၀င်ငွေခွန်သက်သာသွားခြင်းကြောင့် အမည်ပေါက်ကားများ
များလာရန် ချမှတ်တော့မည့် ကညနပေါ်လစီ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လွှတ်တော် တွင် အခွန်ကိစ်္စရပ်များ တင်ပြမဆွေးနွေးခင်ကတည်းက အမည်ပေါက် ကားများ များလာရန် ပေါ်လစီများ အကြမ်းဖျင်း ချထားကြောင်း သိရ သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ယခင် ၁၅ ရာခိုင်နှုန်း ကောက်ခံစဉ်က အမည်ပေါက်ပြောင်းလဲရန် ၀န်ထုပ်ဝန်ပိုးဖြစ်ခဲ့သော်လည်း ယခုအခါ အခွန်များ သက်သာသွားခြင်းကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်အမည်ပေါက် ကွဲလွဲနေသောကားများကို အမည်ပေါက်ပြုလုပ်ကြရန် တွန်းအားပေးလာ နိုင်ဖွယ် ရှိသည်။ နောက်ပိုင်းတွင် လိုင်စင်မဲ့ကားများနှင့် အမှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသောကားများကို အလွယ်တကူ ဖော်ထုတ်နိုင်ရန် အတွက် မော်တော်ယာဉ်များတွင် Radio Frequency Identification (RFID) စနစ် တပ်ဆင်အသုံးပြုတော့မည်ဖြစ်ရာ ကညနအနေဖြင့် အမည် ပေါက်ကားများ များလာရန် လုပ်ဆောင်ဖွယ်ရှိနေသည်။
လက်ရှိပေါက်စျေးအတိုင်း မှန်ကန်စွာ
ပေးဆောင်သင့်သည့် အမည်ပြောင်းခွန်
ကားတစ်စီးကို အမည်ပေါက်ပြုလုပ်မည်ဆိုပါက ယာဉ်ပိုင်ရှင်များ အနေဖြင့် လက်ရှိပေါက်စျေးအတိုင်းသာ အခွန်ပေးဆောင်သင့်ပေသည်။ သက်ဆိုင်ရာအခွန်ရုံးများတွင် တန်ဖိုးဖြတ်သည့်အခါ ပိုင်ဆိုင်သည့်ကား အပေါ် တန်ဖိုးလျှော့မဖြတ်ဘဲ လက်ရှိပေါက်စျေးအတိုင်းသာ ပေးဆောင် သင့်ပေသည်။ ကျပ်သိန်း တစ်ရာတန်ကားကို သုံးသိန်း၊ ကျပ်သိန်း နှစ်ရာ တန်ကားကို ခြောက်သိန်းသာ ပေးဆောင်ရမည်ဖြစ်၍ တန်ဖိုးအရှိတိုင်းသာ အခွန်ပေးဆောင်ရမည် ဖြစ်သည်။ ထိုသို့ တန်ဖိုးအမှန်အတိုင်း ပေးဆောင် ထားသောကြောင့် ကားရောင်းပြီး နောက်တစ်စီး ပြန်ဝယ်သည့်အခါတွင် လည်း ရောင်းရသည့်အမြတ်ခွန်ကိုသာ ပေးဆောင်ပြီး အသစ်ဝယ်မည့် ကားအပေါ် ပေးဆောင်ခဲ့သည့်အခွန်စိမ်းပြကာ ခုနှိမ်ခွင့်ရမည် ဖြစ်သည်။ ပေးဆောင်ထားသည့် အခွန်ငွေများသည် မိမိ၏ ငွေဖြူဖြစ်သောကြောင့် တစ်ချိန်ချိန်တွင် အသုံးဝင်လာလိမ့်မည် ဖြစ်သည်။
အခွန်အကောက်ဥပဒေဆိုသည်မှာ တစ်နှစ်တစ်ကြိမ် ပြောင်းလဲနေ သောကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် ကျပ်သိန်းတစ်ထောင်နှင့်အောက်ကို ၀င်ငွေခွန် ၃ ရာခိုင်နှုန်းသာ ကောက်ခံရန် မသေချာပေ။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကကဲ့သို့ ၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အဆမတန် ပြောင်းလဲကောက်ခံဖွယ် မရှိသော်လည်း နှစ်အလိုက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းမှ ရ ရာခိုင်နှုန်း၊ ရ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း စသဖြင့် တဖြည်းဖြည်း တိုးမြှင့်ကောက်ခံဖွယ် ရှိနေသည်။ သို့ဖြစ်၍ လာမည့်ဘဏ္ဍာနှစ်အတွင်း ပိုင်ဆိုင်မှုတစ်ခုခုဖြစ်သည့် အိမ်၊ ခြံ၊ မြေ၊ ကားဝယ်ယူမည်ဆိုလျှင် အသင့်တော်ဆုံးဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here