အစုရှယ်ယာရှင်များ၏ ကန့်ကွက်မှုကြောင့် YUPT ယာဉ်လိုင်းအတွက် ဒါရိုက်တာ ခန့်အပ်ခြင်းကို ပြန်လည်ရွေးချယ်ပြုလုပ်မည်

578

ရန်ကုန်၊ အောက်တိုဘာ
အစုရှယ်ယာရှင်များ၏ ကန့်ကွက် မှုကြောင့် YUPT ယာဉ်လိုင်းအတွက် ဒါရိုက်တာ ခန့်အပ်ခြင်းကို ပြန်လည်ရွေးချယ် ပြုလုပ်မည်ဖြစ် ကြောင်း ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ သိရသည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက်(YUPT ယာဉ်လိုင်း)၏ ဒုတိယအကြိမ်အ ထွေထွေအစည်းအဝေး၊ နှစ်ပတ် လည် အစည်းအဝေးနှင့် ဒါရိုက် တာများ ရွေးချယ်ခြင်းကို အောက် တိုဘာ ၃ဝ ရက်က Gandamar Grand Balloon တွင် ကျင်းပပြု လုပ်ခဲ့သည်။ ထိုပွဲတွင် အစုရှယ် ယာရှင်များက ၎င်းတို့၏ သဘော ဆန္ဒမတောင်းဘဲ BOD ဖွဲ့ခြင်း၊ BOD များမှ ဒါရိုက်တာများရွေးချယ် ခြင်းကို ပြုလုပ်ခဲ့သဖြင့် အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။ ထို့ အတူ စတင်တည်ထောင်ချိန်မှစ၍ သုံးနှစ်ပြည့်သည်အထိ အမြတ်ငွေ မရရှိသဖြင့် YUPT ကုမ္ပဏီအစု ရှယ်ယာရှင်များနှင့် တာဝန်ရှိသူများ အကြား အငြင်းပွားမှုများလည်း ဖြစ် ပွားခဲ့သည်။

“ရှယ်ယာရှင် အများစု တောင်းဆိုတဲ့ ဒါရိုက်တာရွေးချယ် တဲ့အပိုင်းကို စည်းမျဉ်း၊ စည်းကမ်း တွေအရ ရွေးချယ်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ရှယ်ယာရှင်အများစုရဲ့ဆန္ဒ အရ အများက ကြိုက်မယ့်သူကို ရွေးချယ်ရမှာ ဖြစ်ပါတယ်၊ ဒါ ကြောင့် ကန့်ကွက်မှုတွေ ရှိနေတဲ့ ဒါရိုက်တာရွေးချယ်မှုကို ဗဟိုအ ဆင့်အထိတင်ပြပြီး ပြန်လည်ရွေး ချယ်သွားမှာ ဖြစ်ပါတယ်”ဟု အ များပြည်သူ သယ်ယူပို့ဆောင်ရေး နှင့် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဆိုသည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ ဆောင်ရေး အများနှင့် သက်ဆိုင် သောကုမ္ပဏီ(YUPT)၏ ဒါရိုက် တာအဖွဲ့ဝင်များအဖြစ် ဦးဇော် ထွန်း(ဥက္ကဌ)၊ ဦးဟန်စိုး(ဒုဥက္ကဌ)၊ ဒေါ်ပြုံးသာမြင့် (အုပ်ချုပ်မှုဒါရိုက် တာ)၊ ဦးမိုးဟိန်း(ဒါရိုက်တာ)၊ ဦး ဇော်လွင်(ဒါရိုက်တာ)၊ ဒေါက်တာ ဇော်အောင်နိုင်(ဒါရိုက်တာ)၊ ဦး အောင်နိုင်(ဒါရိုက်တာ)၊ ဦးဝင်း ထိုက်(ဒါရိုက်တာ)၊ ဦးအောင်မြတ် (ဒါရိုက်တာ)တို့ကို ရွေးချယ်ခဲ့ ရာတွင် အစုရှယ်ယာရှင်များက ကန့်ကွက်သဖြင့် ဗဟိုအဆင့်အထိ တင်ပြပြီး ဒါရိုက်တာရွေးချယ်ပွဲကို ပြန်လည် ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
ရဲထွန်းေကျာ်

LEAVE A REPLY

Please enter your comment!
Please enter your name here