ထူးခြားဆန်းပြားတဲ့ကားတွေကို ထုတ်လုပ်ရောင်းချလေ့ရှိတဲ့ Nissan ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပိုလစ်မှာ ပြုလုပ်တဲ့ NTEA Work Truck ပြပွဲမှာ ခရီးထွက်တဲ့အခါ အစားအစာတွေ စိတ်ကြိုက်ချက်ပြုတ်နိုင်ဖို့ မီးဖိုချောင်တွဲလျက်ပါရှိတဲ့ ထရပ်ကားတစ်စီးကို ပြသသွားခဲ့ပါတယ်။ Smoking’ Titan လို့ အမည်ပေးထားတဲ့ ထရပ်ကားဟာ စွမ်းအားမြင့် V8 အင်ဂျင်တပ်ထားပြီး နှစ်တန်လောက်ရှိတဲ့ ကုန်ပစ္စည်းတွေတင်နိုင်သလို ငါးတန်လေးတဲ့ ဝန်ကိုဆွဲနိုင်တဲ့ Nissan Tita XD Gas King Cab ကို အခြေခံတည်ဆောက်ထားတာပါ။ ပထမဆုံး ထရပ်ကားရဲ့ နောက်ပိုင်းကြမ်းပြင်ကို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တည်ဆောက်ပါတယ်။ ဟမ်ဘာဂါ၊ အသားပြားကြော်နဲ့ ခပတ် (Kebab)စတာတွေ ပြုလုပ်နိုင်တဲ့ ဂက်စ်မီးဖိုခြောက်လုံးကို သုံးနေရာခွဲပြီး နှစ်လုံးစီတပ်ဆင်ထားလို့ တစ်ချိန်တည်းမှာ အစားအစာ အမယ်များစွာ ချက်ပြုတ်ကြော်လှော်နိုင်မှာပါ။ မီးဖိုနဲ့ကပ်လျက်မှာ အသား၊ ဟင်းသီးဟင်းရွက်တွေလှီးဖြတ်ဖို့ သစ်သားပြား(Wooden Cutting Board)တွေ တပ်ထားပါတယ်။ ဒါ့ပြင် မီးဖိုချောင်လက်ဆေးကKitchen Sink)နဲ့ အသုံ:ြုဖို့ ရေသိုလှောင်ထားတဲ့ကန်လည်း ပါဝင်တာကြောင့် တကယ့်မီးဖိုခန် ထဲကအတိုင်း ဆေးကြောချက်ပြုတ်နိုင်မှာပါ။
ကားခေါင်းခန်းအနောက်မှာ ၁၂ ဂါလန်ခွဲ(50-Quart ဆံ့) ARB ရေခဲ သေတ္တာရှိလို့ အသား၊ ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ် သိုမှီးသိမ်းဆည်းထားနိုင်မှာပါ။ ဟင်းခတ်အမွှေးအကြိုင်တွေထား ရာစင် (Spice Rack) ပါဝင်တာကြောင့် စိတ်ကြိုက်အရသာထွက်အောင် ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ Smoking’Titan အနောက်မှာ အသားကင် (BBQ)လုပ်ဖို့ နောက်တွဲယာဉ်ကိုလည်း ထည့်ပေးထားပါတယ်။ အသား ကင် (BBQ)ပြုလုပ်ဖို့စင်ကို နောက်တွဲယာဉ်ကနေ လွယ်ကူစွာအထုတ်အသွင်းလုပ်နိုင်သလို အသားကင်(BBQ)လုပ်ဖို့အတွက် ထင်းချောင်းတွေ ထားစရာနေရာလည်း ဖန်တီးပေးထားပါတယ်။ Smokin’ Titan မှာတပ်ဆင်ထားတဲ့ မီးဖိုတွေက အပူချိန်ခြောက်ရာဒီဂရီကျော် ထွက်ရှိ မှာဖြစ်ပြီး တကယ်တမ်းချက်ပြုတ်ပြီဆိုရင် နောက်ပိုင်းက မီးဖိုချောင်တစ်ခုလုံးကို နောက်တွဲယာဉ်ဆီ ရွှေ့ထားနိုင်လို့ ကားအပေါ် ဆိုးကျိုးသက်ရောက်မှာကို စိုးရိမ်စရာမရှိပါဘူး။ နောက်တွဲယာဉ်ကို မသုံးတဲ့အခါကျရင် စတီးကာဗာနဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ လက်မနှစ်ဆယ်အရွယ်ဘီးခွေမှာ ကြီးမားတဲ့ Nitto တာယာတပ်ထားတာကြောင့် Smokin’ Titan အနေနဲ့ တောတောင်လမ်းကြမ်းတွေကျော်ဖြတ်နိုင်စွမ်းရှိပြီး ကားအတွင်းပိုင်းကိုလည်း ဖျော်ဖြေရေးစနစ်တွေနဲ့ ဇိမ်ရှိရှိစီးနိုင်အောင် ဖန်တီးထားတာပါ။ ပုံမှန်ထရပ်ကားမှာ ထူးခြားတဲ့ အစိတ်အပိုင်း အခုနှစ်ဆယ် ထပ်မံပေါင်းစပ် ထားတဲ့ Smokin’ Titan ဟာ အစားအစာခုံမင်သူတွေအတွက် ခရီးထွက်တဲ့အခါ ရွေးချယ်သင့်တဲ့ကားမျိုးဖြစ်ပါတယ်။