အင်္ဂလိပ်ရိုးရာနဲ့ ခေတ်မီနည်းပညာပေါင်းစပ်မှုက ဖြစ်တည်လာတဲ့ Aston Martin DB11

113

 

Aston Martin ဆိုတာ တန်ဖိုးမြင့်ပြိုင်ကားတွေ ထုတ် လုပ်ရောင်းချလျက်ရှိတဲ့ ဗြိတိန်ကားကုမ္ပဏီဖြစ်ပြီး ၁၉၁၃ ခုနှစ်ကတည်းက စတင်တည်ထောင်လာတာ ဖြစ်ပါတယ်။ ကုမ္ပဏီသက်တမ်း ၁ဝ၆ နှစ်ရှိလာချိန်မှာ Aston Martin ဟာ Customer တွေရဲ့ ယုံကြည် မှုကို ခိုင်ခိုင်မာမာ ရယူထားဆဲပါပဲ။ ကမ္ဘာကျော် James Bond ဇာတ်ကားတွေမှာ မကြာခဏ အသုံးပြု ခဲ့တာကြောင့်လည်း Aston Martin က ထုတ်လုပ်တဲ့ ကားမိုဒယ်တွေက နာမည်ကြီးသလို ကမ္ဘာကျော်ဘော လုံးသမားတွေ တခုတ်တရ ဝယ်ယူရတဲ့ အမှတ်တံဆိပ် လည်းဖြစ်ပါတယ်။


ဘယ်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုအောက်ကိုမှ မရောက် ရှိဘဲ လွတ်လပ်တဲ့ ဗြိတိန်ကားကုမ္ပဏီအဖြစ် ရပ်တည် နေတဲ့ Aston Martin ဟာ နာမည်ကျော်အနုပညာရှင် တွေ၊ အားကစားသမားတွေ အကြိုက်တွေ့တဲ့ DB11 မိုဒယ်ကို ၂ဝ၁၆ ခုနှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့ ပါတယ်။ DB11 V8 , DB11 V12 , DB11 Volante , DB11 AMR ? DBS Superleggera , DBS Superleggera Volante စတဲ့ Trim Level တွေနဲ့ ထုတ်လုပ်နေပေမဲ့ မိုဒယ်တိုင်းက သူ့အတိုင်းအတာနဲ့သူ အောင်မြင်မှုတွေ ရယူထားပါတယ်။ တံခါးနှစ်ပေါက် ပါ 2-door Coupe DB11 ဟာ Aston Martin ရဲ့ ဒီဇိုင်းဌာနအကြီးအကဲနဲ့ Chief Creative Officer ဖြစ်သူ Marek Reichman က ဒီဇိုင်းထုတ်ပေးထား တာဖြစ်ပြီး ကုမ္ပဏီရဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ် ထားတဲ့ အဆင့်မြင့်ပြိုင်ကားတစ်စီးဖြစ်ပါတယ်။


လူငယ်၊ လူလတ်ပိုင်းနဲ့ Sport Type ကားတွေ ကို ကြိုက်နှစ်သက်သူတွေအတွက် အထူးထုတ်လုပ် ထားတာဖြစ်လို့ အင်ဂျင်စွမ်းရည်မြင့်မားတယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ 5.2 Liter twin-turbo -charged V12 အင်ဂျင်ဟာ မြင်းကောင်ရေ ၆၃ဝ အားရှိပြီး ၃ ဒသမ ၇ စက္ကန့်အတွင်း သုညမိုင်ကနေ ၆၂ မိုင်အထိ အရှိန်မြှင့်တင်နိုင်သလို အမြင့်ဆုံးမောင်း နှင်နိုင်တဲ့ အရှိန်နှုန်းက တစ်နာရီ ၂ဝ၈ မိုင်နှုန်းဖြစ်ပါ တယ်။ ရှေ့ဘီးယက်စနစ်ဖြစ်ပြီး ကားခေါင်မိုးကို အဖွင့်/ အပိတ်ကြိုက်သလို လုပ်နိုင်ပါတယ်။ ကားကိုယ်ထည် ကို Carbon Fibre နဲ့ တည်ဆောက်ထားတာကြောင့် အလေးချိန်က ၄,၁၃၄ ပေါင်သာရှိလို့ လမ်းမတွေထက် ပေါ့ပါးတဲ့အဟုန်နဲ့ မောင်းနှင်နိုင်ပါတယ်။


ရှဲလ်က Aston Martin ရဲ့ ပင်ကိုစတိုင်လ် ရှေ့ မျက်နှာစာအပြည့် လေးထောင့်ဆန်ခါကွက်ရှဲလ်ဖြစ်ပြီး ရှဲလ်အောက်ဘက်မှာတော့ ကားရှေ့ ဘီးဖုံးနားအထိ အလျားလိုက် လေစုပ်ပေါက်ကြီးတစ်ခု ပါဝင်ပါတယ်။ ကားအရှေ့က ရှည်မျောမျောမီးသီးကြီးက ပန်းပွင့်ပုံ LED Headlamps နှစ်လုံးစီ ထည့်သွင်းထားပြီး နေ့ လင်းမီးတန်းစနစ် ပါဝင်ပါတယ်။ ကားအနောက်ဘက် မှာ LED Light Blade Taillamps တပ်ဆင်ထားပြီး အနောက်ဘက် ဘောနတ်အစွန်ကို Spoiler အသေး စားပုံစံ ပြုလုပ်ထားလို့ ခံ့ညားလှပတဲ့ ပြိုင်ကားတစ်စီး ဆိုတာ ပေါ်လွင်နေပါတယ်။ Diffuser Area မှာ အ ဝိုင်းပုံ အိပ်ဇောပိုက်တစ်လုံးစီကို ဘယ်ညာတစ်ဖက် တစ်ချက်စီမှာ ထည့်သွင်းထားပြီး အနောက်ဘက်ဘော နတ် အလယ်တည့်တည့်မှာ အတောင်ပံဖြန့်ထားတဲ့ပုံ စံ Aston Martin အမှတ်တံဆိပ် ခတ်နှိပ်ထားပါတယ်။


ကားအတွင်းပိုင်းကို အဆင့်မီ Balmoral Leather နဲ့မွမ်းမံထားပြီး ကိုယ်လိုချင်တဲ့ အရောင်နဲ့ ရရှိ နိုင်ပါတယ်။ နှစ်ယောက်စီးဖြစ်ပေမဲ့ နောက်ထပ်နှစ် ယောက်ပါ လိုက်ပါနိုင်အောင် ဖန်တီးထားပြီး လက်မ နှစ်ဆယ် Silver Non-Diamond Turned Alloy ဘီးခွေတွေ အသုံးပြုထားပါတယ်။ Front and Rear Parking Sensors , Power Fold Exterior Heated Mirrors , Knee Airbags , Keyless Entry , Cruise Control & Speed Limiter , 360 Surround View Parking Camera တွေ ပါဝင်ပါတယ်။ ထူးခြားတာ က အင်ဂျင်ပေါ် တပ်ဆင်ထားတဲ့ Aston Martin အမှတ်တံဆိပ်နဲ့ ဆီတိုင်ကီအဖုံးတို့ကို ၁၈ ကာရက်ရွေသား နဲ့ရရှိနိုင်ပြီး အဲဒီဝန်ဆောင်မှုအတွက် ငွေထပ်ကုန်ခံနိုင် မယ်ဆိုရင် ကုမ္ပဏီဘက်က လုပ်ဆောင်ပေးသွားမှာပါ။
D Shape စတီယာရင်ကို ချုပ်ရိုးနှစ်ထပ် Balmoral Leather နဲ့ပဲ ချုပ်လုပ်ထားပြီး မျက်နှာပြင်အ ကျယ် ရှစ်လက်မရှိတဲ့ LED Screen ကနေ AM/FM radio , Aston Martin Audio System , Satellite Navigation System စတဲ့ လုပ်ဆောင်မှုတွေကို စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here