အင်ဒီယာနာပိုလစ် လမ်းမထက်က ပန်းကန်ပြားပျံကား

94

 

သိပ္ပံပညာရှင်တွေ ယနေ့အထိမဖြေရှင်းနိုင်သေးတဲ့ ပြဿနာရပ်ပေါင်း များစွာထဲက တစ်ခုကတော့ စကြဝဠာကြီးထဲမှာ ကမ္ဘာဂြိုလ်အပြင် တခြားဂြိုလ်တွေမှာ သက်ရှိလူသားတွေ နေထိုင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဟောလိဝုဒ်ကရိုက်တဲ့ သိပ္ပံကားတွေမှာ တခြားကမ္ဘာက ဂြိုလ်သားတွေနဲ့ ကမ္ဘာပေါ်က လူသားတွေအကြောင်း ရိုက်ကူးပြသတဲ့ကားတွေက လူကြိုက်များပါတယ်။ ယနေ့အချိန်ထိလည်း ရိုက်ကူးတင်ဆက်နေဆဲပါပဲ။
ဂြိုလ်သားတွေ ကမ္ဘာကိုလာတဲ့အခါ UFO ဆိုတဲ့ ပန်းကန်ပြားပျံကြီးတွေကို အသုံးပြုတယ်ဆိုတာကို ဇာတ်ကားတိုင်းမှာ တွေ့ရလေ့ရှိပြီး ကောင်းကင်ထက်မှာ အလင်းရောင်စူးရှတဲ့ ယာဉ်ပျံကြီးကနေ ဂြိုလ်သားတွေ ဆင်းလာတာ၊ လူသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ စတဲ့ ဇာတ်ဝင်ခန်းတွေကို မြင်ဖူးကြမှာပါ။ အဲဒီခေတ်ကတည်းက ပန်းကန်ပြားပျံဟာ လူသားတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနာပိုလစ်မြို့သားတစ်ဦးဖြစ်သူ စတိဗ်အန်ဒါဆန်ဆိုသူက ပန်းကန်ပြားပျံ ကားတစ်စီးအဖြစ် ဖန်တီးပြခဲ့ပါတယ်။
လက်ရှိမှာ အသက် ၆၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အန်ဒါဆန်ဟာ ကားဝါသနာရှင်တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက သိပ္ပံဇာတ်ကား တွေကို စွဲလမ်းခဲ့သလို ကားတစ်စီးကို UFOဥ ပုံစံဖန်တီးချင်ခဲ့သူပါ။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းကိုလည်း နှစ်ခြိုက်တဲ့ အန်ဒါဆန်ဟာ အင်ဒီယာနာပိုလစ်မြို့မှာ MMA Gym တစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ ပန်းကန်ပြားပျံပုံစံ ကားတစ်စီး ဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ အဲဒီနောက် သူဟာသူငယ်ချင်းဖြစ်တဲ့ စက်မှုပညာရှင် ဒန်းနစ်ဘယ်လိုးစ်ကို ခန့်အပ်ပြီး UFO ကားတစ်စီးဖန်တီးဖို့ လုပ်ငန်းအပ်နှံခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ CAMI ကုမ္ပဏီထုတ် ၁၉၉၁ မိုဒယ် Geo Metro ကားကို ပုံစံပြောင်းပြီး ပန်းကန်ပြားပျံကားတစ်စီး ဖြစ်လာအောင် အချိန်ယူဖန်တီးခဲ့ပါတယ်။ ကားပတ်ပတ်လည်ကို စတီးပြားတွေနဲ့ ဖန်တီးထားပြီး အမိုးကိုတော့ မှန်နဲ့စတီးပေါင်း စပ်ထားပါတယ်။ ကားထဲမှာ ဂြိုလ်သားရုပ်တစ်ခုကိုပါ ထည့်ပေးထားပြီး ကားအရှေ့ဘက်မှာ သေနတ်နှစ်လက်ကိုတောင် ထည့်ပေးထားပါတယ်။ လူနှစ်ယောက်စီးနိုင် တဲ့ အဲဒီကားကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ အင်ဒီယာနာပိုလစ်မြို့က လမ်းမတွေထက် ရံဖန်ရံခါတွေ့ရလေ့ရှိပြီး ပြပွဲတွေမှာလည်း ပါဝင်ပြသ ခဲ့တာကြောင့် လူကြိုက်များတဲ့ Exotic ကားတစ်စီးအဖြစ် သတ်မှတ်ခံ ထားရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here