အင်ဒိုနီးရှားနိုင်ငံထုတ် ၂၀၂၀ မိုဒယ် Honda Vario ဆိုင်ကယ်များ မကြာမီ လက်ကားဖြန့်ချိမည်

287

 

မန္တ​လေး၊ စက်တင်ဘာ ၁၆

မကြာသေးမီက မြန်မာနိုင်ငံစျေးကွက်အတွင်း စတင်ရောက်ရှိလာသော အင်ဒိုနီးရှားနိုင်ငံထုတ် ၂၀၂၀ မိုဒယ် Honda Vario ဆိုင်ကယ်များကို မြို့အသီးသီး၌ ရရှိအောင် လက်ကား ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ မင်းသားကြီး ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

” ၂၀၁၄-၂၀၁၅ ခုနှစ်လောက်တုန်းက ကျွန်တော်တို့ မင်းသားကြီးဆိုင်ကယ်အရောင်းပြခန်းကနေ အင်ဒိုနီးရှား Vario ဆိုင်ကယ်ကို တစ်ခေါက်သွင်းဖူးတယ်၊ အဲဒီတုန်းကလည်း စျေးကွက်ထဲမှာ လူကြိုက်များခဲ့တယ်၊ အခုချိန်မှာလည်း Vario စီးနေတဲ့ Customer တွေကပဲ Vario မသွင်းတော့ဘူးလို့ တစ်မေးတည်းမေးနေကြတဲ့အတွက် ကျွန်တော်တို့ အခု ပြန်သွင်းဖြစ်တယ်၊ စျေးကွက်မှာ တောင်းဆိုလာတာရယ်၊ ကျွန်တော်တို့ကိုယ်တိုင်ကလည်း Quality ကောင်းတဲ့ဆိုင်ကယ်တွေကို Customer လက်ထဲ ထည့်ပေးချင်တာရယ်၊ အသစ် အသစ်တွေ သုံးစွဲစေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ရယ် အခုလို Vario ကို တင်သွင်းရောင်းချပေးဖြစ်တယ်၊ အခုချိန်ထိ အင်ဒိုနီးရှား Honda Vario ဆိုင်ကယ်ကို ကျွန်တော်တို့တစ်ဦးတည်းပဲ တင်သွင်းရောင်းချနေသေးတာဖြစ်တဲ့အတွက် အခု မန္တလေးမြို့မှာ စရောင်းပေးနေတယ်၊ မကြာခင် တခြားမြို့တွေမှာပါ ရရှိအောင် လက်လီလက်ကား ရောင်းချပေးသွားမယ်” ဟု မန္တလေးမြို့ မင်းသားကြီး ဆိုင်ကယ်အရောင်းပြခန်းတွင် Consultant လုပ်ကိုင်နေသူ ကိုသူရမင်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ Auto ဆိုင်ကယ်စျေးတန်းမြင့်စျေးကွက်တွင် Honda က စျေးကွက်ဝေစုပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး Honda Brand Scooter Type ထဲ၌ ထိုင်းနိုင်ငံထုတ် Click, Scoopyi သာ ရှိသည့်အတွက် ရွေးချယ်စရာများ ထပ်မံပေါ်ပေါက်လာစေရန် အင်ဒိုနီးရှားနိုင်ငံထုတ် Honda Vario 150 ဆိုင်ကယ်များကို ရွေးချယ် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ Honda Vario ဆိုင်ကယ်သည် ၂၀၁၅ ခုနှစ်ကတည်းက အင်ဒိုနီးရှားနိုင်ငံတွင် 150 CC ဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး ယခု ၂၀၂၀ မိုဒယ်တွင် Smart Key နှစ်ခုပါရှိကာ ခြေတင်တုံးများမှာလည်း အလူမီနီယံ ဖြစ်လာသကဲ့သို့ ​ဖောက်များမှာလည်း ပိုမိုကြီးမားလာကြောင်း မန္တလေးမြို့ မင်းသားကြီး ဆိုင်ကယ်အရောင်းပြခန်းမှ ထပ်မံသိရသည်။

“၂၀၂၀ မိုဒယ်မှာ Honda Vario ရဲ့ ကာဗာသားက အရင်မိုဒယ်တွေထက် ပိုပြီးမာ​ကျောတာတွေ့ရတယ်၊ စတစ်ကာဒီဇိုင်းဆိုလည်း တော်တော်လှတယ်၊ တာယာတွေဆိုလည်း ပန်းဒီဇိုင်းလေးတွေ လှသွားသလို ကီလိုမီတာ ၁၈,၀၀၀ အထိ တာရှည်ခံတယ်၊ အစီးခံတယ်၊ ဆိုင်ကယ်ဝိတ်လည်း ပိုစေးလာသလို လူသုံးယောက်အထိ တင်စီးနိုင်တယ်၊ နောက်တစ်မျိုးက နံပါတ်ပြားက နောက်မှာတင်မဟုတ်ဘဲ ရှေ့မှာပါ တပ်လို့ရသွားပြီ၊ နံပါတ်ပြားတပ်ဖို့ ဖရိမ်ပါ အဆင်သင့်ပါလာတယ်ပေါ့၊ ဟွန်းဆိုလည်း GMC လို ဟွန်းဖြစ်သွားတယ်၊ အိပ်ဇောသံဆိုလည်း အသံတိုးတိုးလေးပဲ ထွက်တယ်၊ ထိုင်ခုံမှာဆိုလည်း Luxury ကားတွေလိုပဲ Sport ကူရှင် ဖြစ်သွားပြီ၊ Idling ခလုတ်တွေဆိုလည်း ပျော့ပျော့​ပျောင်း​ပျောင်းနဲ့ လုပ်ဆောင်နိုင်သလို ဆိုင်ကယ်အရောင်တွေဆိုလည်း သူ့ရဲ့အရောင်သဘောအရ နေရောင်အောက်ထဲရောက်သွားရင် အရောင်ပြောင်းသွားတယ်၊ ပိုလှသွားတယ်၊ Back မှန်ဆိုလည်း ဘေးကို ကားမထွက်သွားဘဲ ကျစ်ကျစ်လျစ်လျစ်နဲ့ အသွင်အပြင် ပိုလှလာတာ တွေ့ရတယ် ” ဟု မန္တလေးမြို့ မင်းသားကြီးဆိုင်ကယ်အရောင်းပြခန်းမှ Sales Team Leader ကိုဇော်ထိုက်က ဆိုသည်။

အင်ဂျင်ပါဝါ 150 CC ဖြင့်ထွက်ရှိသော အင်ဒိုနီးရှားနိုင်ငံထုတ် ၂၀၂၀ မိုဒယ် Honda Vario ဆိုင်ကယ်သည် နီခြောက်၊ နက်ခြောက်၊ ရွှေခြောက်ရောင်၊ ခဲရောင်၊ အဖြူ၊ နက်နီ စသည့် အရောင် ​​ခြောက်ရောင် ထွက်ရှိထားသည့်အပြင် တစ်စီးလျှင် မြန်မာငွေကျပ် ၃၅ သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ အပိုပစ္စည်းရရှိနိုင်အောင်ပါ ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ မင်းသားကြီးဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

Covid-19 မဖြစ်ပွားခင်ကာလက မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းအတွင်း စည်ကားနေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ-​ကျော်​ကျော်​အောင်။

LEAVE A REPLY

Please enter your comment!
Please enter your name here