တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီ Hyundai Motor Group သည် အရှေ့တောင်အာရှ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်သည့် အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၅၅ ဘီလျံတန် ကားစက်ရုံတစ်ခု ဆောက်လုပ်သွား မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် koreaherald သတင်းစာက ဖော်ပြသည်။
လူဦးရေ သန်း ၂၆ဝ ကျော်ရှိ သောအင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ စတုတ္ထ လူဦးရေအများဆုံး နိုင်ငံ ဖြစ်ပြီး ကားကုမ္ပဏီကြီးများအတွက် မျက်စိကျစရာ စျေးကွက်ကြီး တစ် ခုလည်းဖြစ်သည်။ အချက်အလက် များအရ အင်ဒိုနီးရှားနိုင်ငံ၏ စီး ပွားရေးတိုးတက်မှုနှုန်းမှာ နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ကားအစီးရေ ၁ ဒသမ ၁၅ သန်း ရောင်းချခဲ့ရသည်။
Hyundai စက်ရုံကိုအနောက် ဂျာဗား၊ ဘီကာဆီမြို့ရှိ စတုရန်းမီတာ ၇၇၆,ဝဝဝ အကျယ် မြေနေ ရာပေါ် ၂ဝ၂၁ ခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ပြီး တစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းခွဲခန့်ထုတ်လုပ်ရန် လျာ ထားသည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နှစ်လျှင် အစီးရေနှစ်သိန်းခွဲအ ထိ တိုးမြှင့်ထုတ်လုပ်ရန် ရည်မှန်းထားပြီး CKD စနစ်ဖြင့် တည်ဆောက်ကာ အာဆီယံ၊ သြစတြေးလျနှင့် အရှေ့အလယ်ပိုင်းစျေးကွက် များသို့ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။
Hyundai သည် အာဆီယံ စျေးကွက်တွင် ဂျပန်ကုမ္ပဏီများမှထုတ်လုပ်သောကားများ စျေးကွက်ဝေစု အများအပြားရရှိနေခြင်းကိုတုံ့ ပြန်နိုင်ရေးအတွက် အင်ဒိုနီးရှား၌ စက်ရုံသစ်ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စက်ရုံသစ်ဆောက်လုပ်ရေး နှစ်ဦးသဘောတူစာချုပ် ရေးထိုးပွဲကို နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားနိုင်ငံ၊ အူလ်ဆန် မြို့ရှိ Hyundai ကားစက်ရုံတွင် ပြုလုပ်ရာ Hyundai Motor Group မှ အမှုဆောင်ဒုဥက္ကဋ Chung Euisen ၊ Hyundai Motor Company မှ ဥက္ကဋနှင့် အမှုဆောင် အရာရှိချုပ် Lee Won-hee ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အစိုးရဝန်ကြီးများ တက်ရောက်ခဲ့ သည်။ MOU ရေးထိုးပွဲအခမ်းအနား တွင် Chung Euisen က အင်ဒို နီးရှားအစိုးရ၏ တက်ကြွသော ပူး ပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံ အားပေးမှုများကြောင့် စက်ရုံသစ် ဆောက်လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
Ref: koreaherald