အင်ဂျင်၀ိုင်ထိထိမိမိလဲပါ

662

စက်သွေးနီ(စွယ်တော်ရိပ်)

အင်ဂျင်၀ိုင် မကြာခဏ အသစ်လဲခြင်းက ငွေကုန်ကြေးကျမှုနှင့် ကိုက်ညီသောထိမိမှု ရှိပါမည်လား။ ရိုးရိုးသားသား ပြောရမည်ရှိသော် အင်ဂျင်တစ်လုံး ကျဆုံးပျက်စီးခြင်းကြောင့် ကားအစီး အရေအတွက် မည်မျှချေဖျက်သည့် စွန့်ပစ်နေရာသင်္ချိုင်းသို့ ရောက်ရှိလာပါသနည်း။ သာယာကောင်းမွန်သော ယခင်ရက်များထက် ယခုအချိန်တွင် သင့်အင်ဂျင်၀ိုင်က ပိုမိုအရေးကြီးလာပြီဖြစ်သည်။ ယခင် အင်ဂျင်၀ိုင်ပန့်များက တောင့်တင်းပြီး အကြမ်းခံသည်။ ဆီ စီးဆင်းဖြတ်သန်းသွားသော လမ်း(လိုင်း)များက ပိုမိုရှင်းလင်းသည်၊ ပွင့်(ပိတ်မနေ)သည်။ ကားအသုံးပြုကာလ ကြာရှည်လာသည်နှင့် အချောင်တွက်(Clearances)များ ပိုမိုကြီးလာတတ်သည်။ ၁၀-၄၀ မှသည် ၂၀-၅၀ ၊ သို့မဟုတ် ပိုထူသော အင်ဂျင်၀ိုင်ကို အသုံးပြုလိုက်ခြင်းဖြင့် အချောင်တွက်ကို လျှော့ချပစ်လိုက်နိုင်သည်။ နောက်တစ်နည်းမှာ သာမိုစတက် (Thermostat)ကို ၁၆၀-၁ ဒသမ ၀ ဒီဂရီ အပူချိန်တွင် ချိန်ထားခြင်း(Set)ဖြင့် အင်ဂျင်၀ိုင် အပူချိန်ကို လျှော့ချလိုက်နိုင်သည်။

ယနေ့အခြေအနေကို အမြန်လေ့လာကြည့်ပါက အင်ဂျင်မှ ထုတ်လွှတ်သောဓာတ်ငွေ့ကို ထိန်းချုပ်နိုင်ရန်အတွက်၊ အင်ဂျင်မှ အပူအများဆုံးထွက်ရှိနိုင်သောနေရာကို နေရာချ ဖန်တီးထားပေးနိုင်ရန်အတွက် ကန့်သတ်ချက်များဖြင့် အင်ဂျင်ဒီဇိုင်းကို ထုတ်ကြရသည်။ ဤသို့ ဆောင်ရွက်ရာတွင် ချောဆီလျှော့ချပေးရမှုနှင့်ကိုက်ညီစွာ ချောဆီကိုအပူပေးမှု ဖြစ်ပေါ်စေသည်။ ပန့်လျော့အား လျှော့ချမှု(Reducing Pumping Drag)အတွက် အင်ဂျင်၀ိုင်ကို ၀-၂၀၊ သို့မဟုတ် ၅-၂၀ ၀ိတ်ရှိသော ဆီ(ချောဆီအင်ဂျင်၀ိုင်)အတွက် ဒီဇိုင်းထုတ်လုပ်ခြင်းသည် ပန့်အားအချိုးကျ(Down sized Accordingly)ချပေးမှုတစ်ရပ်သာ ဖြစ်သည်။ ချောဆီထူပြီး ပိတ်ဆို့မှုများနေလျှင် ပန့်တွန်းအား (Pump Push) မပြုလုပ်နိုင်တော့ပေ။ အင်ဂျင်တွင်း ချောဆီလည်ပတ်မှုလည်း မပြုလုပ်နိုင်တော့ပေ။

လောင်စာဆီစားနှုန်း သက်သာစေရန်အတွက် ပစ္စတင်ရင်းများက ဆလင်ဒါနံရံကိုထောက်ကာ ချေး (ကြေး)ဖြင့် ကျပ်နေသကဲ့သို့ မဖြစ်စေရ။ မီးလောင်ပေါက်ကွဲမှုမှထွက်ပေါ်လာသော ဓာတ်ငွေ့များကို ဆလင်ဒါနံရံအကြားမှ ဆီကန်(Crank Case)အတွင်း သို့ ၀င်ရောက်ပြီး ရောက်ရှိနှင့်ပြီးသား ဆီများနှင့် ရောနှောကာ မသန့်မရှင်း ဖြစ်လာတော့သည်။

ပုလင်းတစ်လုံးအတွင်းမှ ချောဆီ၏တစ်၀က်သည် ပွတ်မှုအား လျော့နည်းရန်အတွက် ဖြည့်စွက်ပစ္စည်းများ (Additives)နှင့် အက်ဆစ် ချေဖျက်ပစ္စည်း (Neutralize Acids) က ပျံ့နှံ့နေသော ညစ်ညမ်းပစ္စည်းများကို တိုးပွားစေပြန်သည်။ ကောင်းသတင်းအနေဖြင့် ယခင်ခေတ်များမှ ချောဆီများက ယခုခေတ်ချောဆီနှင့်နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန် အရည်အသွေးပြည့်၀လာပြီး အံ့သြလောက်အောင် ကြာရှည်စွာအသုံးခံခြင်း ဖြစ်သည်။

သို့သော်လည်း ကားထုတ်လုပ်သည့်ကုမ္ပဏီမှ သတ်မှတ်ပေးလိုက်သော အင်ဂျင်၀ိုင်လဲရန် အချိန် ကာလအပိုင်းအခြားကို လျစ်လျူရှုလက်လွှတ်ရန်ကိုတော့ အားမပေးသင့်ပါ။ သင့်ဆရာမှ တရားသေမှတ်ယူသည့် အချက်ကို မှတ်ယူလိုက်နာရမည်မှာ မှန်သော်လည်း မိုင်နှစ်သောင်းမှ သုံးသောင်းအတွင်း အင်ဂျင်၀ိုင်အသစ်လဲနေကြခြင်းသည် ယနေ့ခေတ်အခါမျိုးတွင် ငွေအသုံးလွဲမှားမှုနှင့် ချောဆီဖြုန်းတီးမှုသာဖြစ် သည်ဟု ယူဆမိပါကြောင်း …

LEAVE A REPLY

Please enter your comment!
Please enter your name here