အင်ဂျင်ပါဝါ  ၆၆ဝ  စီစီ Carry Truck များကို ကနဦးမှတ်ပုံတင်ပြုလုပ်ရာတွင် မှတ်ပုံတင်သက်တမ်း ၂ နှစ် ခွင့်ပြုပေးမည်

678

၆၆ဝ စီစီ Carry Truck များကို ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် မှတ်ပုံတင်သက်တမ်း ၂ နှစ် ခွင့်ပြု ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အင်ဂျင်ပါဝါ ၆၆ဝ စီစီ၊ တင်အား ကီလိုဂရမ်တစ်ထောင်နှင့်အောက် ပစ်ကပ်ကိုယ်ပိုင်ယာဉ်များ ကို နှစ်လဲသက်တမ်း တစ်နှစ်မှ ၂ နှစ် ပြောင်းလဲသတ်မှတ်ခဲ့သလို ကနဦးပြုလုပ်ရာတွင်လည်း မှတ်ပုံတင်သက်တမ်း ၂ နှစ် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

 

”၆၆ဝ စီစီ Carry Truck တွေကို နှစ်လဲသက်တမ်းတိုးပြုလုပ်ရာမှာ တစ်နှစ်ကနေ ၂ နှစ် ပြောင်းလဲ သတ်မှတ်ခဲ့သလို ကနဦးမှတ်ပုံတင်ပြုလုပ်မယ်ဆိုရင်လည်း မှတ်ပုံ တင်သက်တမ်း ၂ နှစ် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

ကနဦး မှတ်ပုံတင်ပြုလုပ်သည့် ကားများအတွက် မှတ်ပုံတင်သက်တမ်း သတ်မှတ်ရာတွင် Brand New ကားများကို သက်တမ်းသုံးနှစ်၊ ကိုယ်ပိုင်ယာဉ်လူစီးကားနှင့် ၆၆ဝ စီစီ Carry Truck များကို သက်တမ်း ၂ နှစ်၊ အငှားယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် လုပ်ငန်းသုံးယာဉ်များကို သက်တမ်းတစ်နှစ် ခွင့်ပြုပေးထားကြောင်း သိရသည်။

 

မော်တော်ယာဉ် နှစ်လဲသက်တမ်းတိုးပြုလုပ်သည့် ကားများအတွက် မှတ်ပုံတင်သက်တမ်း ပြောင်းလဲ သတ်မှတ်ရာတွင် ၆ဂ အက္ခရာ အောက် ကိုယ်ပိုင်လူစီးယာဉ်များ၊ ၆၆ဝ စီစီနှင့်အောက် ပစ်ကပ်များကို နှစ်လဲမှတ်ပုံတင်သက်တမ်း ၂ နှစ် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ)မှ သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here