အင်ဂျင်ပါဝါသေး  ဆိုင်ကယ်စီးသူများ  မျက်နှာပြည်  ဦးထုပ်မဆောင်းစေရေးလက်ရှိဥပဒေကို ပြင်ဆင်ပြဌာန်းပေးရန်  ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အလိုရှိနေ

895

ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိပြဌာန်း ထားသော ဆိုင်ကယ်စီးသူတိုင်း မျက်နှာပြည့်ဦးထုပ် ဆောင်းရမည့် ဥပဒေကို ပြင်ဆင်နိုင်ဖို့ ဖိလစ်ပိုင် ပြည်သူ့ရဲတပ်ဖွဲ့က အလိုရှိနေ ကြောင်း အောက်တိုဘာ ၁၄ ရက် တွင် Motopinas သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ကယ် စီး၍ ရာဇဝတ်မှု ကျူးလွန်မှုများ မြင့်တက်နေခြင်းကို လျှော့ချရန် သမ္မတဒူတာတေး၏ တိုက်ရိုက်ညွှန် ကြားချက်အား အကောင်အထည် ဖော်ရန် ကြိုးပမ်းရာတွင် လက်ရှိ ပြည်ထောင်စုဥပဒေ ၁၀ဝ၅၄၊ သို့ မဟုတ် ဆိုင်ကယ်ဦးထုပ် ဥပဒေကို ပြင်ဆင်ကာ အင်ဂျင်ပါဝါ ၄၀ဝ CC နှင့်အောက် ဆိုင်ကယ်စီးသူများ အနေဖြင့် မျက်နှာပြည့်ဦးထုပ်အစား မျက်နှာဖွင့်၊ သို့မဟုတ် မျက်နှာတစ် ဝက်ဖုံး ဦးထုပ်သာ ဆောင်းစေရန် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အလိုရှိနေခြင်း ဖြစ်သည်။

ယာဉ်ကြောကျပ်ချိန်တွင် အမြန် နှုန်းဖြင့် စီးနင်းနိုင်သော အရွယ် အစားသေး အင်ဂျင်ပါဝါ 400 CC နှင့်အောက် ဆိုင်ကယ်များကို ရာဇ ဝတ်မှုကျူးလွန်သူများက အဓိက အသုံးပြုနေခြင်းအား လေ့လာတွေ့ ရှိထားကြောင်း၊ အဆိုပါ ဆိုင်ကယ် အသေးစီးသူတိုင်းကို မျက်နှာပြည့် ဦးထုပ်အစား အခြားဦးထုပ်အမျိုး အစား ပြောင်းလဲဆောင်းစေပါက တာဝန်ရှိသူများအနေဖြင့် စီးနင်း သူမျက်နှာကို မြင်တွေ့ရန် ပိုမို လွယ်ကူမည် ဖြစ်ကြောင်း ဖိလစ် ပိုင်ရဲတပ်ဖွဲ့လက်အောက်မှ အဝေး ပြေး ယာဉ်ထိန်းတပ်ဖွဲ့ အကြီးတန်း စုံစမ်းစစ်ဆေးရေးမှူး Jem Dellantes က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။

အင်ဂျင်ပါဝါ 400 CC နှင့် အထက် ဆိုင်ကယ်ကြီးများမှာ လမ်း သွယ်၊ လမ်းကျဉ်းများတွင် အမြန် မောင်းရန် မလွယ်သဖြင့် မျက်နှာ ပြည့် ဦးထုပ်ကိုသာ ဆက်လက် အသုံးပြုသင့်ကြောင်း ဖိလစ်ပိုင် ရဲ တပ်ဖွဲ့က ယူဆထားသည်။ အရွယ် အစားသေး ဆိုင်ကယ်စီးသူများ အတွက် လက်ရှိဥပဒေပြင်ဆင်ပေး ရန် ဖိလစ်ပိုင်ပြည်သူ့လွှတ်တော်သို့ ရဲတပ်ဖွဲ့က အဆိုပြုလွှာ တင်သွင်း ထားပြီး လွှတ်တော်က မည်သည့် တုံ့ပြန်မှုမျှ မရှိသေးကြောင်း သိရ သည်။ သို့ရာတွင် မျက်နှာပြည့်ဦး ထုပ်မဆောင်းပါက စီးနင်းသူများ အတွက် အသက်အန္တရာယ်ပိုရှိနိုင် သည်ဟုဆိုကာ ဆိုင်ကယ်စီးသူများ လုံခြုံရေး အဖွဲ့အစည်းများက ရဲ တပ်ဖွဲ့၏အဆိုပြုလွှာကို ဝိုင်းဝန်း ကန့်ကွက်လျက်ရှိသည်။

 

Ref : Motopinas.com

LEAVE A REPLY

Please enter your comment!
Please enter your name here