အခွန်အကောက် ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ဥပဒေကြမ်းတွင် ကြေညာထားသည့်အတိုင်း လွှတ်တော် အတည်ပြု

296

 

ရန်ကုန်၊ သြဂုတ် ၂၈

အခွန်အကောက် ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို ဥပဒေကြမ်းတွင် ကြေညာထားသည့်အတိုင်း လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အသစ်ထုတ်ပြန်မည့် ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေသစ်တွင် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်ကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် (၂ဝ၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေ)၏ အခွန်နှုန်းထားအတိုင်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းကို လွှတ်တော်က သဘောမတူသူ ရှိ၊မရှိ မေးမြန်းခဲ့ပြီး သဘောမတူသူမရှိသောကြောင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုအတည်ပြုချက်ကို ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့အစီအစဉ်တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်မှစ၍ မော်တော်ယာဉ်များအပေါ် အထူးကုန်စည်ခွန် ကောက်ခံရာတွင် ၁၅ဝဝ စီစီနှင့်အောက် ကားများကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီး ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိကို ၃ဝ ရာခိုင်နှုန်း၊ ၄ဝဝဝ စီစီအထက်ကို ၅ဝ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here