အခွန်အကောက်ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို လက်ရှိဘဏ္ဍာနှစ် အခွန်စည်းကြပ်မှုနှုန်းထားအတိုင်း ကောက်ခံရန် တင်ပြထား

389

 

ရန်ကုန်၊ ဇူလိုင် ၁၅
အခွန်အကောက် ဥပဒေသစ်တွင် အထူးကုန်စည်ခွန်ကို လက်ရှိဘဏ္ဍာနှစ် အခွန်စည်းကြပ်မှုနှုန်းထားအတိုင်း ကောက်ခံရန် တင်ပြထားကြောင်း စီမံကိန်းနှင့်ဘဏာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အသစ်ထုတ်ပြန်မည့် ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေသစ်တွင် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်ကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍနှစ် (၂ဝ၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ)၏ အခွန်နှုန်းထားအတိုင်း ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် ရေးဆွဲထားသည်။

ဇူလိုင် ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၌ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂ဝ၂ဝ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် အထူးကုန် စည်ခွန်သတ်မှတ်ရာတွင် ၂ဝ၁၉ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ကြေညာချက်ဖြင့် ၁၅ဝဝ စီစီနှင့် အောက်ကားများကို အခွန်ကင်းလွတ်ခွင့် ပေးထားပြီး ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိကို ၃ဝ ရာခိုင်နှုန်း၊ ၄ဝဝဝ စီစီအထက်ကို ၅ဝ ရာခိုင် နှုန်း ကောက်ခံလျက် ရှိသည်။ လွှတ်တော်သို့ တင်သွင်းထားသည့် ၂ဝ၂ဝ ပြည့်နှစ်အခွန်အကောက် ဥပဒေမူကြမ်းတွင်လည်း အထူးကုန်စည်ခွန်ကို ယခုနှစ်နှုန်းထားများအတိုင်း ကောက်ခံရန် တင်ပြ ထားကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here