အခွန်အကောက်ဥပဒေကြမ်း ထွက်ပေါ်လာပြီးနောက် စောင့်ကြည့်မှုများနှင့်အတူ ၁၃ဝဝ စီစီကားများ အရောင်းအဝယ်ဖြစ်နေပြီး အမြင့်ကားများ အရောင်းအဝယ်အေးနေသည့် ကားစျေးကွက်

1373
Page(Test)

၂ဝ၁၉ ခုနှစ်အတွက် ထုတ်ပြန်မည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေများကို ကောက်ခံမည့် နှုန်းထားများအပေါ် စောင့်ကြည့်မှုများရှိနေသည်။ အခွန်အကောက်ဥပဒေ မူကြမ်း ထွက်ပေါ်ပြီးနောက်ပိုင်းတွင် ကားအရောင်းအဝယ်များ ပြန်လည် လှုပ်ခတ်လာပြီး စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီကား များမှာ ရောင်းအားအကောင်းဆုံး ဖြစ်နေသည်။ ဝင်ငွေခွန်ကို ၃ ရာခိုင် နှုန်းအထိ ဖြေလျှော့ပေးမည်ဆိုပါက ပေးဆောင်ရမည့် အခွန်နှုန်းထားများ သိသိသာသာ နည်းသွားမည်ဖြစ်၍ ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ် ကောင်းနေသည်။ ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်း သည့် Brand New ကားများမှာမူ ရန်ကုန်လိုင်စင် မရရှိသေးခြင်းနှင့် အ ခွန်အကောက်ဥပဒေသစ်အပေါ် စောင့်ကြည့်မှုများရှိနေ၍ မျှော်မှန်းထား သလောက် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

‘‘ဒီရက်ပိုင်းမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သဘာဝဘေးတွေ ကြုံတွေ့နေတဲ့အတွက် နယ်အဝယ်တွေက မြန်မာပြည် အထက်ပိုင်းတွေကပဲ ဆင်းလို့ အရောင်းအဝယ်က မျှော်မှန်းသလောက် မရောင်းရပါဘူး၊ အခွန်အကောက်ဥပဒေကြမ်း ထွက်ပြီးနောက်မှာ ကား ဝယ်ချင်တဲ့သူတွေက အမည်ပေါက်နဲ့ အလွယ်တကူစီးလို့ရမှာ ဖြစ်လို့ ဒီ ရက်ပိုင်းမှာ ကျပ်သိန်း ၂၅ဝ အောက်ကားတွေကတော့ တော်တော်လေး အရောင်းအဝယ် ဖြစ်ပါတယ်၊ အခွန်အကောက် ဥပဒေကြမ်းအရဆိုရင် ဝယ်တဲ့သူတွေအတွက် အခွန်သက်သာမှုတွေ ရှိလာမှာ ဖြစ်တဲ့အတွက် အခုကတည်းက ကြိုဝယ်ကြတာတွေလည်း ရှိပါတယ်၊ ဥပဒေသစ်ထွက် လာရင် ပြည်တွင်းထုတ် SKD ကားတွေနဲ့ Brand New ကားတွေလည်း အရောင်းအဝယ် ပြန်ကောင်းလာဖို့ ရှိပါတယ်’’ဟု ‘JPM ကားအရောင်း စင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ပြောသည်။

ကားအရောင်းအဝယ်စျေးကွက်တွင် စျေးကွက်အကြိုက် နံပါတ်ထွက် ပြီးသား ၁၃ဝဝ စီစီကားများသာ အရောင်းအဝယ်ဖြစ်ပြီး Honda Fit ၂ဝ၁ဝ မိုဒယ် ရန်ကုန်လိုင်စင်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊  Mazda Demio ၂ဝ၁ဝ မိုဒယ် ရန်ကုန်လိုင်စင်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၉ မိုဒယ် ရန်ကုန်လိုင်စင်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားစျေးကွက်တွင် ကျပ်သိန်း တစ်ထောင်အောက်ကားများ အရောင်းအဝယ်အေးနေပြီး Toyota Kluger ၊ Toyota Vanguard ၊ Toyota Harrier ၊ Honda CR-V ၊ Toyota Alphard ၊ Toyota Land Cruiser တို့မှာ အမေးသာရှိကြောင်း သိရ သည်။

‘‘ဒီရက်ပိုင်းမှာ သဘာဝဘေးတွေ ဖြစ်ပေါ်နေတဲ့အတွက် နယ်ဒေသ တချို့ပဲ အဝယ်ဆင်းပါတယ်၊ ရန်ကုန်အဝယ်ကလည်း ကျပ်သိန်း ၂၅ဝ အောက်နဲ့ရနိုင်တဲ့ နံပါတ်ထွက်ပြီးသား ကားဟောင်းတွေကိုပဲ အဝယ်များ ပါတယ်၊ ကျပ်သိန်း တစ်ထောင်အောက်ကားတွေကို ဝင်ငွေခွန် ၃ ရာခိုင် နှုန်းနဲ့ ကောက်ခံမယ်ဆိုတဲ့ အခွန်အကောက်ဥပဒေကို အတည်ပြုပြီးရင် တော့ ကားအရောင်းအဝယ်တွေ ဒီထက်ပိုပြီး ကောင်းလာဖို့ ရှိပါတယ်၊ အခွန်အကောက်ဥပဒေကြမ်းမှာ ပါတဲ့အတိုင်း ခွင့်ပြုမယ်ဆိုရင် အမြင့် ကားတွေ အရောင်းအဝယ်ပိုပြီး ကောင်းလာနိုင်ပါတယ်၊ ဝင်ငွေခွန်များစွာ သက်သာသွားမှာဖြစ်တဲ့အတွက် ရန်ကုန်လိုင်စင် ပြန်မပေးသေးဘူးဆိုရင် တောင် တန်ဖိုးကြီးကားတွေကို စလစ်ကပ်ပြီး ဝယ်စီးလာကြမှာဖြစ်တဲ့အတွက် ပြည်ပကနေ တင်သွင်းတဲ့ မြညေိ နြတ ကားတွေလည်း အရောင်းအဝယ် ကောင်းလာမယ်လို့ မြင်ပါတယ်၊ ဒီရက်ပိုင်းကတော့ ဝင်ငွေခွန်အပေါ် စောင့်ကြည့်မှုတွေရှိတဲ့အတွက် အမြင့်ကားတွေက အမေးပဲရှိပြီး အရောင်း အဝယ် အဖြစ်နည်းပါတယ်’’ဟု ‘RIXS Group ’မှ မန်နေဂျင်း ဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

ပြည်ထောင်စုလွတ်တော်ထံ တင်ပြထားသည့် ၂ဝ၁၉ ခုနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမူကြမ်းတွင် အခန်းပေါင်း ၁ဝ ခု၊ အပိုဒ်ရေ လေးဆယ်ကျော် ပါဝင်မည်ဖြစ်ပြီး စည်းကြပ်မှုမှ လွတ်ကင်း နေသော ဝင်ငွေများအပေါ် ကောက်ခံသော ဝင်ငွေခွန်နှုန်းထားများအတွက် မူကြမ်း သတ်မှတ်ရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်မှ ကျပ်သိန်း ၃,ဝဝဝ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,ဝဝဝ အထက်မှ ကျပ်သိန်း ၃ဝ,ဝဝဝ အထိကို ၁ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃ဝ,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းဖြင့် လျှော့ချကောက်ခံရန် လျာထားကြောင်း သိရသည်။ ထိုလျာထားချက် အတိုင်း ကောက်ခံမည်ဆိုပါက ကျပ်သိန်းတစ်ထောင်အောက် ကားများမှာ သိသိသာသာ အရောင်းအဝယ် ဖြစ်လာနိုင်သည်။

‘‘ဝင်ငွေခွန် ဖြေလျှော့ပေးလိုက်ရင် ကားဟောင်းစျေးတွေ ကျသွားမ လားဆိုပြီး မေးတဲ့သူတွေရှိပါတယ်၊ ဂျပန်ညာမောင်းကားတွေက အရောင်း စင်တာတွေမှာပဲ ဝယ်ဝယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာပဲ ဝယ်ဝယ် လက်ရှိစျေးအောက်တော့ ကျသွားဖို့ မရှိပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဝင်ငွေခွန် ဖြေလျှော့ပေးတာနဲ့ တိုက်ရိုက်ကြီး မသက်ဆိုင်လို့ ဖြစ်ပါတယ်၊ ဝင်ငွေခွန် ဖြေလျှော့ပေးမယ်ဆိုရင် အမည်ပေါက်နဲ့ သက်သက်သာသာ အခွန်ဆောင်ပြီး စီးလို့ရတဲ့အားသာချက်ပဲ ရှိမှာဖြစ်ပါတယ်၊ မူကြမ်းအတိုင်း အတည်ပြုမယ်ဆိုရင် SKD ကားတွေနဲ့ ပြည်ပကနေသွင်းတဲ့ Brand New ကားတွေ အရောင်းအဝယ်ပိုပြီး ကောင်းနိုင်ပါတယ်၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်သက်သာသွားတဲ့အတွက် အမည်ပေါက်ပြောင်းပြီး စီးတ့ဲသူလည်း များလာမယ်လို့ ထင်ပါတယ်’’ဟု ကားဝယ်/ရောင်း ကိုသီဟက ဆိုသည်။

စလစ်ဝယ်လိုအား နည်းနေသော်လည်း အပ်ကားရှားပါးနေခြင်း ကြောင့် အမည်ပေါက်စလစ်စျေးမှာ ကျပ်သိန်း ၁၄ဝ ဝန်းကျင်ရှိပြီး တိုက် ကြေစလစ်မှာ ကျပ် ၁၂၇ သိန်းဝန်းကျင်ရှိေြကာင်း ကားေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here