အခွန်သက်သာခွင့်နှင့်ဘဏ်အတိုးနှုန်းများ ဖြေလျှော့မပေးပါက စီးပွားရေးကျဆင်းလာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကားလုပ်ငန်းရှင်များ ဆို

584

ရန်ကုန်၊ မတ်

အခွန်သက်သာခွင့်နှင့် ဘဏ်အတိုးနှုန်းများ ဖြေလျှော့မပေးပါက စီးပွားရေး ကျဆင်းလာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် ကားလုပ်ငန်းရှင်များ၏ သုံးသပ်ချက်များအရ သိရသည်။

၂ဝ၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် အခွန်လျှော့ပေါ့သက်သာခွင့် မပေးဘဲ  ဘဏ်တိုးနှုန်းများကိုလည်း လက်ရှိအတိုင်းကောက်ခံမည်ဖြစ်၍ နိုင်ငံ၏စီးပွားရေးအခြေအနေ ကျဆင်းလာနိုင်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

”အခွန်သက်သာခွင့်ကို ရွှေ့ ဆိုင်းပြီး လက်ရှိအတိုင်းဆက်လက်ကောက်ခံမယ်ဆိုရင် နိုင်ငံရဲ့စီးပွားအခြေအနေက ဒီထက်ပိုပြီးကျဆင်းလာနိုင်ပါတယ်၊ ဘဏ်တိုးနှုန်းတွေ၊ အခွန်အခတွေကို လျှော့ချလိုက်ရင်တော့ တုံ့ဆိုင်းနေတဲ့ စီးပွားရေးအခြေအနေက ပြန်ကောင်းလာနိုင်ပါတယ်”ဟု ‘MAMDA အသင်း’ ဥက္ကဌဒေါက်တာစိုးထွန်းက ဆိုသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဆောက် လုပ်ရေးလုပ်ငန်းရှင်များနှင့် ကားတင်သွင်းရောင်းချရေး လုပ်ငန်းရှင် များက စီးပွားရေးတိုးတက်ရန် အတွက် ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေပါ ပုဒ်မ ၂၅ ကို မူကြမ်းအတိုင်း အတည်ပြုပေးရန် နှင့် ဘဏ်တိုးနှုန်းများကိုလည်း ဖြေလျှော့ပေးရန် လိုအပ်သည်ဟု မတ် ၂ဝ ရက်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဆွေးနွေးခဲ့သည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here