အခွန်သက်သာခွင့်အရပ်ရပ်နှင့်အတူ Christmas နှင့် Year-End Sales အစီအစဉ်များကြောင့် ပြန်လည်လှုပ်ခတ်လာသည့် ကားအရောင်းအဝယ်ဈေးကွက်

90

 

အခွန်သက်သာခွင့်များနှင့်အတူချပေးမည့် ဝန်ထမ်းပါမစ်၊ အကောက်ခွန် နှင့် ကနဦးမှတ်ပုံတင်ကြေးများ ထက်ဝက် ဖြေလျှော့ပေးထားခြင်းတို့ ကြောင့် ကားအရောင်းအဝယ်ဈေးကွက်တွင် ကားဟောင်းရော၊ ကားသစ် ပါ ဈေးနှုန်းကျဆင်းသွားသည်။ ဈေးကွက်အကြိုက်ညာမောင်းကားများ ထဲတွင် ကားအမျိုးအစားအပေါ်မူတည်ပြီး ဈေးများပြန်လည်ကျဆင်းလာ သည်။ ဈေးကွက်ထဲတွင် အရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာသော် လည်း အသစ်ဝယ်ယူမည့်သူထက် အလဲအထပ်စနစ်ဖြင့် ဝယ်ယူသူပိုများ ပြီး လက်ငင်းထက် အရစ်ကျစနစ်ဖြင့် ဝယ်ယူကြသူလည်း များလာသည်။ ဈေးကွက်ထဲတွင် ကျပ်သိန်းသုံးရာမှ ငါးရာအတွင်း CBU ဖြင့် တင်သွင်း သောကားသစ်များကို ဝယ်ယူမှုပိုများနေသည်။ Covid-19 ရောဂါ အခြေအနေကြောင့် နယ်အဝယ်များမှာ ရင်းနှီးပြီး စိတ်ချရသည့် ကားအရောင်းစင်တာများတွင် ဝယ်ယူမှုရရှိလာသော်လည်း မျှော်မှန်းသလောက် နယ်အဝယ်မဆင်းကြောင်း သိရသည်။ ကားသစ်ဈေးကွက်တွင်လည်း CBU ဖြင့် တင်သွင်းသည့် ဘယ်မောင်းကားများမှာ ခရစ္စမတ်နှင့် နှစ် ကုန်အထူးအစီအစဉ်များဖြင့် လက်ဆောင်များ၊ Cashback များပေး၍ Brand တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်ရောင်းချလာကြသည်။ SKD ကားများမှာလည်း ဈေးကွက်ဝယ်လိုအား တဖြည်းဖြည်းနည်းလာ၍ စက်ရုံထုတ်ဈေးများကို ဈေးပြန်ချကာရောင်းချမှုများ ရှိလာသော်လည်း ယခင်နှစ်များကဲ့သို့ ဈေးကွက်ဝယ်လိုအားမရှိဘဲ ဖြစ်နေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီရက်ပိုင်းမှာတော့ ကားအရောင်းအဝယ်ဈေးကွက် နည်းနည်းပြန် ပြီး လှုပ်ခတ်လာပါတယ်၊ ပြည်ပက အသစ်တင်သွင်းတဲ့ Chevrolet , Mitsubishi ကားတွေကတော့ ဝယ်လိုအား ပိုများလာတာ တွေ့ရပါတယ်၊ ပြည်တွင်းထုတ် SKD ကားတွေကတော့ ဈေးကွက်ပြန်လှုပ်တယ်ဆိုပေမဲ့ နည်းနည်းလေး အေးနေပါတယ်၊ ဝန်ထမ်းပါမစ်ကိစ္စ အကောက်ခွန်ဖြေ လျှော့ပေးတာ၊ မှတ်ပုံတင်ကြေး ဖြေလျှော့ပေးတာတွေကြောင့် ညာမောင်းကားဈေးက တော်တော်လေးကျသွားပါတယ်၊ အရင် ကျပ်သိန်း ၇၅၀ လောက်ပေါက်တဲ့ကားတွေက အခုငါးရာကျော်ကျော်နဲ့ ရောင်းလာတာတွေ တွေ့ရပါတယ်၊ အသစ်ဝယ်ယူချင်တာထက် စီးနေတဲ့ကားဟောင်းနဲ့ ပြန် လဲချင်တာတွေလည်း များလာပါတယ်၊ အခုဆိုရင် ညာမောင်းကားတွေ သွင်းလို့မရတာ သုံးနှစ်ဝန်းကျင်အထိ ရှိပြီဆိုတော့ တော်တော်များများက အဟောင်းဈေးနဲ့ပဲ ပြန်ထုတ်လာကြတဲ့အတွက် သင့်တော်တဲ့ဈေးဆိုရင် ညာမောင်းကားတွေက အရောင်းရော အဝယ်ရော ရှိပါတယ်၊ လက်ရှိမှာ Covid-19 ရောဂါကြောင့် နယ်အဝယ်ကတော့ မရောင်းရဘူးဆိုပေမဲ့ ရင်းနှီးပြီးသား Customer တွေ၊ ဝယ်လက်တွေကတော့ CBU နဲ့ သွင်းတဲ့ ကိုရီးယား၊ ဒူဘိုင်း၊ ကနေဒါက ကားသစ်တွေကို ဝယ်ကြပါတယ်”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ပြောသည်။

ဝန်ထမ်းပါမစ်များကို ခွင့်ပြုပေးမည့်ပုံစံနှင့်ပတ်သက်၍ အခွန်သက်သာခွင့်များ၊ ပါမစ်သက်တမ်းနှင့် ရောင်းချခွင့် စသည့်အကြောင်းအရာများ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာနများမှ ကြေညာချက်များ ထုတ်ပြန်ပြီးဖြစ်၍ စောင့်ကြည့်သူနည်းသွားကာ အမှန်တကယ်လိုအပ်သည့်သူများမှာ အဝယ်ပြန်ဆင်းသောကြောင့် ကားအရောင်းအဝယ်ပြန်လည်လှုပ်ခတ်လာခြင်းဖြစ်ကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

“ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ပြီး တချို့အဝယ်တွေကျတော့ သူတို့ နဲ့မသက်ဆိုင်ဘူးဆိုတာ နားလည်သွားကြတာလည်း ရှိပါတယ်၊ ဘာကြောင့်ဆိုရင် ဝန်ထမ်းပါမစ်တွေကို သုံးနှစ်အထိ အမည်ပြောင်းလဲခွင့် မပေးဘူးဆိုတော့ နောက်သုံးနှစ်ကျရင် ဝင်ငွေခွန်က အခုလို ၆ ရာခိုင်နှုန်း ဖြစ်ချင်မှလည်း ဖြစ်မှာဆိုတော့ စိတ်ဝင်စားမှုနည်းသွားတာလည်း ဖြစ်နိုင် ပါတယ်၊ နောက်တစ်ချက်က ဒီအချိန်မှာ တင်သွင်းလာတဲ့ Chevrolet , Mitsubishi , Nissan Brand တွေထဲက ကားတော်တော်များများက Custom Duty နဲ့ ကညနမှတ်ပုံတင်ကြေးတွေကြောင့် ဈေးနှုန်းသင့်နေတဲ့အတွက် ဝယ်ယူကြတာ ပိုများပါတယ်၊ ဒီလိုနှစ်ကုန်ကာလတွေက ခရစ္စမတ်၊ Year-End စတဲ့အထူးအစီအစဉ်တွေနဲ့ Brand အလိုက် ဈေးတွေချတာတွေ၊ လက်ဆောင်တွေ ပေးတာတွေ ရှိကြတော့ လိုအပ်တဲ့ သူကတော့ ဝယ်ယူကြပါတယ်၊ Covid-19 ရောဂါကြောင့် စီးပွားရေး ရပ်ဆိုင်းခဲ့တာတွေ၊ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာတွေသာမရှိဘူးဆို ကားအရောင်းအဝယ်က ဒီထက်ပိုပြီး ကောင်းနိုင်ပါတယ်”ဟု PPE9 Automobile မှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်က ပြောသည်။

ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများသည် သက် သာသွားသည့် အကောက်ခွန်နှင့် ကနဦးမှတ်ပုံတင်ခများကို ဖြေလျှော့ပေး ခြင်း၊ Promotion အစီအစဉ်များဖြင့် ရောင်းချပေးခြင်းတို့ကြောင့် အ ရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာသလို ယာဉ်ရောင်းဝယ်ရေးစခန်းများ တွင်လည်း ရောင်းကားများ ပြန်ထွက်လာခြင်းနှင့် နံပါတ်ထွက်ပြီးသား ကားများ ဈေးကျသွားခြင်းတို့ကြောင့် အရောင်းအဝယ် ပြန်လည်လှုပ်ခတ် လာကြောင်း သိရသည်။
“ဒီရက်ပိုင်း အရောင်းရော အဝယ်ရော ရှိတာတွေ့ရပါတယ်၊ ဝန် ထမ်းပါမစ်ကိစ္စနဲ့ အခွန်တွေ သက်သာခွင့်ပေးထားတဲ့အတွက်ကြောင့် အရင်သိန်းတစ်ထောင်တန်ကားက သိန်းခုနစ်ရာ၊ သိန်းခုနစ်ရာတန်ကားက သိန်းငါးရာ၊ သိန်းငါးရာတန်ကားက သိန်း ၃၅၀ လောက် ဖြစ်သွားတယ်၊ ပွိုင့်သရီးတွေကလည်း ကားနဲ့အက္ခရာအပေါ်မူတည်ပြီး ဈေးကျသွားတယ်၊ ဝယ်/ရောင်းကလည်း ဝယ်/ရောင်းကောက်ဈေးနဲ့ရလို့ဝယ်တာရှိသလို ဝယ်သူကလည်း ဈေးသင့်တယ်ဆိုရင် ဝယ်ကြပါတယ်”ဟု ကားဝယ်/ရောင်း ကိုအေးကျော်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here