အခွန်ထမ်းပြည်သူများပြားလာရန် ဝန်ဆောင်မှုကောင်းများဖြင့် လက်ကမ်းကြိုဆိုရမည့် ဌာနဆိုင်ရာများ

157

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးညီညီနဲ့ ကညနမှ ကိုစိုးဝင်း တို့က အကြံပေးလို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်မှာ ထွက်ရှိခဲ့တဲ့ Automobile Journal မှာ ‘ပိုင်ရှင်အမှန် ယာဉ်အမည်ပေါက်ကား များလာစေရန် ညင် သာစွာ ကောက်ခံသင့်သည့် အမည်ပြောင်းခွန်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်း ပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အဓိကလိုရင်းအချက် ကတော့ ဝင်ငွေခွန်ရာခိုင်နှုန်းတွေ လျှော့ချပေးဖို့နဲ့ အမည်ပေါက်ကားတွေ များလာစေဖို့အတွက် ဖြစ်ပါတယ်။ အမည်ပေါက်ကားတွေ များလာစေဖို့ ဝင်ငွေခွန်ကို ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံသင့်တယ်လို့ ရေးသားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီဘဏာနှစ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပါတယ်။ ဝင်ငွေခွန်တွေ လျှော့ပေးတဲ့အ တွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး ယာဉ်ပိုင်ရှင်တွေ အမည်ပေါက်ပြောင်း ဖို့အတွက်လည်း ဆင့်ကဲဆောင်းပါးလေးတွေ အကြံပြုရေးသားခဲ့ပါတယ်။ လုပ်ငန်းရှင်တွေနဲ့ ဝန်ကြီးဌာနကြားမှာ ဖြစ်ပေါ်နေတဲ့ အထင်အမြင်လွဲမှား မှုတွေကို ပြေလည်စေဖို့အတွက်လည်း နေပြည်တော်မှာ ကညနနဲ့ လုပ် ငန်းရှင်တွေ တွေ့ဆုံပွဲကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ အမည်ပေါက်ကား တွေများလာဖို့ ဆန္ဒရှိသလို ကိုယ်တိုင်လည်း အခွန်ပေးဆောင်ပြီး အမည် ပေါက်ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ၁၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်း လျှော့ချပေးလိုက်တဲ့အတွက် အရင်ကထက်တော့ အမည်ပေါက်ပြောင်း မယ့်သူတွေ များလာမှာသေချာပါတယ်။ အခုအချိန်မှာလည်း အမည်ပေါက် ပြောင်းတဲ့သူတွေများလာပြီး နောက်ဆက်တွဲအနေနဲ့ ရုံးဌာနတွေနဲ့ ဆက် ဆံရတဲ့အပိုင်းမှာ အဆင်မပြေမှုတွေ ရှိတယ်လို့ ကြားသိနေရပါတယ်။

အမည်ပေါက်ပြုလုပ်တဲ့အခါ ကြားသိရတဲ့ဖြစ်စဉ်တစ်ခုက ကုမ္ပဏီ လိုင်စင်အငှားယာဉ်တစ်စီးကို ပိုင်ဆိုင်တဲ့သူတစ်ဦးက အမည်ပြောင်းပြု လုပ်ဖို့အတွက် သက်ဆိုင်ရာမြို့နယ် အခွန်ရုံးကို သွားတဲ့အခါမှာ ဦးစီးမှူး ဖြစ်သူက ‘ဒီကားက ကုမ္ပဏီအမည်ပေါက်ဖြစ်လို့ အမည်ပြောင်းလို့မရဘူး၊ အုံနာဘုတ်မှာလည်း မှတ်ချက်ပါတယ်’ဆိုပြီး ဆောင်ရွက်မပေးပါဘူး၊ အမှန်ဆိုရင် အငှားယာဉ်ပိုင်ရှင်က အခွန်သွားဆောင်တာ ဖြစ်တဲ့အတွက် အခွန်လက်ခံပြီး အခွန်စိမ်းစာရွက်ထုတ်ပေးဖို့က အခွန်ရုံးရဲ့ အလုပ်ဖြစ်ပါ တယ်။ ကားတစ်စီးကို အမည်ပြောင်းလို့ရတယ်၊ မရဘူးဆိုတာက ကညန ရဲ့ အလုပ်ဖြစ်လို့ အခွန်ရုံးနဲ့ မဆိုင်ပါဘူး။ လုပ်ငန်းစဉ်တစ်ခုအပေါ်မှာ ဌာနဆိုင်ရာ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မရှိတာလည်း ပါပါတယ်။ ဒီလို အချိတ်အဆက်မရှိတဲ့အတွက် ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရတဲ့ ပြည် သူတွေအနေနဲ့ အခက်အခဲတွေ ရှိနေပါတယ်။
အမည်ပေါက်ပြုလုပ်ဖို့ အခွန်ရုံးသွားပြီး အခွန်ပေးဆောင်တဲ့အခါ နောက်ထပ်ပြသနာတစ်ခုက အခွန်ပေးဆောင်ဖို့အတွက် စာချုပ်တင်ပြတဲ့ အခါမှာ အုံနာဘုတ်မှာပါရှိတဲ့ ပထမပိုင်ရှင်နဲ့ တိုက်ရိုက်ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ရမယ်ဆိုပြီး ကန့်သတ်ထားပါတယ်။ ပြည်တွင်းအခွန်ရဲ့ လုပ် ထုံးလုပ်နည်းအရ ကားတစ်စီးကို ပထမဆုံးပိုင်ဆိုင်တဲ့သူကနေ နောက် ဆုံးပိုင်ဆိုင်တဲ့သူအထိ အဆင့်ဆင့် အရောင်းအဝယ် ပြုလုပ်တဲ့အခါ အ ရံှုးအမြတ်ကိုကြည့်ပြီး အမြတ်ခွန်လိုက်ဖို့အတွက် ဖြစ်ပေမဲ့ ကားတစ်စီးက ပိုင်ရှင် ငါးဦး၊ ခြောက်ဦးပြောင်းသွားရင် ပထမအုံနာကို ရှာဖို့မလွယ်တော့ ပါဘူး။ နောက်ပြီး ကားပါကင်ရှိမှ ကားတင်သွင်းခွင့်ပေးမယ်ဆိုတဲ့ မူဝါဒ ကျင့်သုံးတုန်းကလည်း လိပ်စာမမှန်ဘဲ တင်သွင်းခဲ့ကြတဲ့ကားတွေ အစီး သိန်းနဲ့ချီပြီး ရှိတဲ့အတွက် ပိုင်ရှင်အမှန်ဆိုတာ ဘယ်လိုမှ ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ ဒီအားနည်းချက်နဲ့ ပတ်သက်လို့ အခွန်ရုံးကို ထောက်ပြတဲ့ အခါမှာ စာချုပ်တစ်စောင်လုပ်ဆိုပြီး ပြောပါတယ်။ ဒါကအခုမှ မဟုတ် ပါဘူး၊ အရင်ကတည်းကလည်း စာချုပ်အတုတွေလုပ်ပြီး အခွန်ပေး ဆောင်ခဲ့တာတွေလည်း ရှိပါတယ်။ အားနည်းချက်တွေရှိတဲ့ မူဝါဒတစ်ခုကို ကျင့်သုံးခဲ့ပြီး အခုအချိန်ကျမှ ရေးဆွဲထားတဲ့ ဥပဒေတွေအတိုင်း မှန်ကန် တိကျဖို့ဆိုတာ မလွယ်ပါဘူး။ အမှားတွေကို တဖြည်းဖြည်းပြုပြင်ပြီး မှန် ကန်တဲ့လမ်းကြောင်းပေါ်မှာ ရေရှည်လျှောက်လှမ်းနိုင်ဖို့ပဲ လိုပါတယ်။

ပြည်သူတွေ အဆင်မပြေတဲ့ နောက်ဌာနတစ်ခုကတော့ ကညနဖြစ် ပါတယ်။ ကညနကနေ RFID စနစ် ကျင့်သုံးဖို့နဲ့ အမည်ပေါက်ကားတွေ များလာစေဖို့အတွက်ဆိုပြီး ဇန်နဝါရီ ၁ ရက်ကစလို့ ကညနရုံးကိုလာတဲ့ ကားတိုင်း ပိုင်ရှင်မမှန်ရင် အမည်ပေါက် ပြောင်းခိုင်းပါတယ်။ အောက် တိုဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဇန်နဝါရီ ၁ ရက်က စပြီး ကနဦးမှတ်ပုံတင်ပြုလုပ်တာတွေ၊ နှစ်လဲသက်တမ်းတိုး ပြုလုပ်တာ တွေအပါအဝင် ယာဉ်မှန်/မမှန်စစ်ဆေးတာတွေ၊ နယ်ဝယ်/နယ်ထွက်ပြုလုပ် တာတွေ၊ ခရီးလွန်ယာဉ်စစ်တာတွေ၊ စက်/ဆေးပြောင်းလဲတာတွေကို ဆောင်ရွက်ရင် ပိုင်ရှင်အမည်ပေါက် မဟုတ်တဲ့အခါမှာ အမည်ပြောင်း ရမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထွက်ပေါ်လာတဲ့အခါ ကား လောကတစ်ခုလုံး ဗြောင်းဆန်သွားပြီး ကညနအပေါ် ဝေဖန်ပြောဆိုမှု တွေလည်း ရှိလာပါတယ်။ အမှန်တော့ အခွန်ကောက်တာက ကညနအ လုပ် မဟုတ်သလို အခွန်စိမ်းပါမှ အမည်ပြောင်းပြုလုပ်ပေးလို့ ရတဲ့ အတွက်လည်း ဒီကိစ္စက ကညနနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ ကညန ဘက်က ရုံးကိုလာတဲ့ကားတိုင်း အမည်ပြောင်းရမယ်ဆိုတဲ့သဘောနဲ့ မ ဆိုင်တဲ့ကိစ္စရပ်တွေကိုပါ အမည်ပြောင်းပြုလုပ်ခိုင်းတဲ့အတွက် ဝေဖန်ခံရ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်အရ ကညနက နေ နှစ်လဲသက်တမ်းတိုး ပြုလုပ်တဲ့အခါကျမှသာ အမည်ပြောင်းဖို့ လိုအပ်ပြီး ကျန်ကိစ္စရပ်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။

အမည်ပြောင်းပြုလုပ်ဖို့အတွက် ကညနမှာ ဆောင်ရွက်တဲ့အခါ အ ခက်အခဲတစ်ခုရှိတာက အခွန်စိမ်းစာရွက်ပြပြီး အမည်ပြောင်းပြုလုပ်ရင် တောင် ပိုင်ရှင်ဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာပါတဲ့ ဆွေမျိုးတစ်ဦးပဲဖြစ်ဖြစ် လာရောက်ဆောင်ရွက်မှသာ ခွင့်ပြုပေးမယ်ဆိုပြီး ကန့်သတ်ထားပါတယ်။ ကားတစ်စီးကို အမည်ပြောင်းပြုလုပ်မယ်ဆိုရင် အနည်းဆုံး ၂ ရက်အချိန် ပေးရပါတယ်။ ပထမတစ်ရက်မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေယူပြီး အ ခွန်ရုံးသွားမယ်၊ အခွန်ရုံးကပေးတဲ့ တန်ဖိုးဖြတ်ချလံနဲ့ မြန်မာစီးပွားရေး ဘဏ်မှာ ငွေသွားသွင်းမယ်၊ ဒါနဲ့ပဲ အချိန်တစ်ရက်ကုန်မှာ ဖြစ်ပါတယ်။ အခွန်ရုံးက မြန်မြန်ဆန်ဆန် မဆောင်ရွက်ပေးနိုင်ခဲ့ရင် တစ်ရက်နဲ့လည်း မပြီးပါဘူး။ အမြန်ဆုံးပြီးမယ်ဆိုရင်တောင် အခွန်စိမ်းရဖို့အတွက် တစ် ရက်၊ ကညနမှာ အမည်ပြောင်းဖို့အတွက် တစ်ရက်ကြာမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ကြန့်ကြာပြီး တစ်ရုံးတည်းမှာ One-Stop Services နဲ့ မလုပ်ပေးနိုင်တဲ့အခါ ကျန်းမာရေးမကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ခရီးဝေး ရောက်နေတဲ့သူပဲဖြစ်ဖြစ်၊ ရုံးဌာန၊ကုမ္ပဏီတွေကနေ ခွင့်ရက်အများအပြား မရတဲ့ သူပဲဖြစ်ဖြစ် ကိုယ်တိုင်ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါဘူး။ သန်း ခေါင်စာရင်းဝင်ထဲက မိသားစုတစ်ဦးဦးပါရင် လုပ်ပေးမယ်ဆိုပေမဲ့လည်း အခုခေတ်က တစ်မိသားစုလုံး အလုပ်လုပ်မှ လူတန်းစေ့နေနိုင်တဲ့ခေတ် ဖြစ်တဲ့အတွက် ရုံးဌာနတွေမှာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ဆိုတာ မလွယ်ပါဘူး။ မိသားစုထဲမှာ အလုပ်မရှိဘဲ အချိန်ပေးနိုင်တဲ့သူဖြစ်ရင်တောင် သူ့အနေနဲ့ ရုံးဌာနအလုပ်တွေ မကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ်စား လုပ်ပေးဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် တော်တော်များများက ရုံးဌာန တွေနဲ့ ပတ်သက်ရင် လုပ်ငန်းစဉ်တွေကို နားလည်တဲ့ အသိမိတ်ဆွေတွေ ကို တစ်ဆင့်အားကိုးရတာ ဖြစ်ပါတယ်။ ကိုယ်စားလုပ်ခိုင်းလို့ အလိမ်ခံ ရတာက ပိုင်ရှင်ရဲ့ ကိစ္စဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က ယုံယုံကြည်ကြည် နဲ့ ပိုင်ဆိုင်မှုအထောက်အထား၊ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်း ပေးပြီး ကိုယ်စားလုပ်ခိုင်းတဲ့သူကို ကညနအနေနဲ့လည်း ပိုင်ရှင်ဆန္ဒအရ လို့ သဘောထားပြီး ဆောင်ရွက်ပေးစေလိုပါတယ်။ ကညနကနေ ကနဦး မှတ်ပုံတင်ပြုလုပ်တာတွေ၊ ယာဉ်မှန်/မမှန်စစ်ဆေးတာတွေ၊ သက်တမ်း တိုးပြုလုပ်တာတွေကို ကိုယ်စားဆောင်ရွက်ခွင့်ပြုနေပြီးမှ အမည်ပြောင်း ဆောင်ရွက်တဲ့ကိစ္စကိုလည်း ပိုင်ရှင်ဆန္ဒအရ ခွင့်ပြုသင့်ပါတယ်။

တခြားနိုင်ငံတွေလို ယာဉ်ပိုင်ရှင်နဲ့ ယာဉ်အမည်ပေါက် ထပ်တူကျ ဖို့အတွက် အခွန်တွေ လျှော့ပေးပြီး အမည်ပေါက်ပြုလုပ်ခိုင်းတာကို ကြို ဆိုပါတယ်၊ ထောက်ခံပါတယ်။ ဒါပေမဲ့ ပြည်သူတွေ အခွန်ပေးဆောင်ပြီး အမည်ပေါက် ပြုလုပ်တဲ့အခါ ဌာနဆိုင်ရာအနေနဲ့ မိမိဆွေမျိုးသားချင်း၊ မိမိရဲ့ အကျိုးစီးပွားလို့ သတ်မှတ်ပြီး အကောင်းဆုံး ဝန်ဆောင်မှု ပေးစေ လိုပါတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ရုံးဌာနတွေနဲ့ ဆက်ဆံရင် ခက်ခဲ တယ်၊ အဆင်မပြေမှုတွေ များတယ် ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိ အောင် သက်ဆိုင်ရာဌာနတွေအနေနဲ့ လိုအပ်ရင်ကူညီပေးမယ်၊ မှားနေရင် အကြံပြုဆွေးနွေးပေးမယ်၊ လာဘ်ပေးလာဘ်ယူမရှိဘဲ ပြည်သူအတွက်၊ နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူတွေအနေနဲ့ စိတ်လိုလက်ရ အခွန်ပေးဆောင်ပြီး မိမိအမည်ပေါက်နဲ့ ကားစီးမယ်ဆိုတဲ့ ဆန္ဒေတွ ြဖစ်ေပါ်လာမှာ ြဖစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here