အခွန်ကင်းလွတ်ခွင့်ဖြင့် ပေးမည်ဆိုသည့် ပါမစ်ဂယက်မငြိမ်သက်မှုကြောင့် အဝယ်ပျောက်နေသည့် ကားစျေးကွက်

713
Page(Test)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အကောက်ခွန်နှင့် ကညနမှတ်ပုံ တင်ကြေး ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့် ပေးမည်ဆိုသည့် ပါမစ် ဂယက်မငြိမ်သက်သေး၍ ကားစျေးကွက်တွင် အဝယ်ပျောက်နေသည်။ စျေးကွက်အကြိုက် ဂျပန်ညာမောင်းကားများ အရောင်းအဝယ် သိသိ သာသာ အေးသွားသလို ပြည်ပမှတင်သွင်းသော Brand New ကားများ နှင့် ပြည်တွင်းထုတ် SKD ကားများလည်း အဝယ်ပျောက်နေသည်။ ကားအရောင်းအဝယ်များ သိသိသာသာ အေးစက်သွားခြင်းနှင့်အတူ အရေအတွက် သုံးသောင်းကျော်ကို အခွန်သက်သာခွင့်ဖြင့် တင်သွင်းခွင့် ပေးမည့် ဝန်ထမ်းပါမစ်များ ထွက်လာမည်ဆို၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်ကားစျေးများမှာ ကျပ်သိန်းတစ်ရာအောက်သို့ ပြန်လည်ကျဆင်းသွားသည်။ ကားဝယ်မည့်သူအများစုမှာ အခွန်သက်သာခွင့်ဖြင့် တင်သွင်းခွင့်ရမည့် ဝန်ထမ်းပါမစ်များ ထုတ်ပေး၊ မပေးကို စောင့်ကြည့်နေကြပြီး ကားဝယ်/ရောင်းများနှင့် ကားလုပ်ငန်းရှင်များမှာလည်း မငြိမ်သက်သေးသည့် ဝန်ထမ်းပါမစ်ဂယက်ကြောင့် မရောင်းရဲ မဝယ်ရဲ ဖြစ်နေကြသည်။

‘‘လက်ရှိဝန်ထမ်းတွေကို ပါမစ်ပေးမယ်ဆိုတာ တကယ်တော့ မထွက်လာသေးပါဘူး၊ ဌာနဆိုင်ရာတော်တော်များများမှာ စိစစ်ဆဲလို့ သိရပါတယ်၊ လျှောက်လွာတွေ၊ ဖောင်တွေ တင်ထားတယ်၊ တကယ် ထွက်လာမယ့် အရေအတွက်ကိုလည်း အားလုံးတိတိကျကျ ဘယ်သူမှ မပြောနိုင်ကြသေးပါဘူး၊ ဒါပေမဲ့ သုံး၊လေးသောင်းကနေ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့ တွက်ချက်ကြပါတယ်၊ တာဝန်ရှိတဲ့ဝန်ကြီးဌာနတွေက ဥပဒေအရ ဘောင်ဝင်လို့ ဆိပ်ကမ်းမှာ ဆောင်ရမယ့်အခွန်တွေက အဓိက အများကြီးဆောင်ရတဲ့ Custome Duty ကို မဆောင်ရအောင် တင်ပြ ထားတယ်၊ နောက်ပြီး မော်တော်ယာဉ် မှတ်ပုံတင်တဲ့အခွန်အနေနဲ့ ကုန်း လမ်းပို့ဆောင်ရေး ဝန်ကြီးဌာနအောက်မှာ ဆောင်ရမယ့် ကညနအခွန်ကို မဆောင်ရအောင်လည်း တင်ပြထားတယ်လို့ နားလည်ပါတယ်၊ ဒီလိုသာ အရေအတွက် အများကြီးပေးမယ်ဆိုရင် လက်ရှိမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ စက်ရုံတွေ၊ နိုင်ငံခြားနဲ့ ရင်းနှီးမြှုပ်နှံမှု MIC ခွင့်ပြုချက်နဲ့ ဝင်လာတဲ့ စက်ရုံတွေ၊ ဖြန့်ချိရောင်းချတဲ့ Brand New Showroom အသစ်တွေ၊ Car Sale Center တွေ၊ Used Car Sale Center တွေ၊ Service အနေနဲ့ တင်သွင်းပေးတဲ့ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီတွေရော၊ တစ်ပိုင်တစ်နိုင်ရောင်းချတဲ့ ဝယ်/ရောင်းတွေအထိပါ အကုန်လုံး ထိခိုက်နိုင်ပါတယ်၊ ပုံမှန်အတိုင်းသွားနေတဲ့ ဒီစျေးကွက် အနေအထားကြီးကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပါပဲ၊ လတ်တလောမှာပဲ ဒီကိစ္စကို အဝယ်တွေက စောင့်ကြည့်နေကြလို့ ကားအရောင်းအဝယ်တွေ အေးနေပါတယ်၊ စလစ်စျေးစျေးကွက်မှာလည်း အပ်ကားတွေဆိုရင် လွန်ခဲ့တဲ့ တစ်လလောက်က ကျပ်သိန်း ၁၁ဝ ကျော်ရှိတာကနေ အပ် ကားစလစ်စျေးက ဒီအသံနဲ့တင် သိန်းသုံးဆယ်ဝန်းကျင်ကျသွားပြီး ၈၅ သိန်း၊ သိန်း ကိုးဆယ်ဝန်းကျင်လောက်ပဲ ရှိပါတော့တယ်’’ဟု ‘Perfect Auto BIZ Myanmar Co.,Ltd ’မှ ဒေါက်တာပြည့်စုံဝင်းသိန်းက ဆိုသည်။

အခွန်သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပေးမည့် ပါမစ်များသည် အစပျိုးနေသည့် Automotive Car Industry ကို များစွာထိခိုက်မှုရှိမည်ဖြစ် ၍ ထိုအစီအစဉ်ကို ဖျက်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးထံ Automotive Association of Myanmar နှင့် Myanmar Automobile Manufacture and Distributor Association တို့က အကြံပြုစာများ တင်ပြခဲ့သည်။ Online စာမျက်နှာများတွင် အခွန်သက်သာခွင့်ဖြင့် ပေးမည့်ပါမစ်များ ခွင့်ပြုရန် မသေချာဟုဆိုသည့် ကောလာဟလသတင်းများစွာ ထွက်လာ လာသလို သက်ဆိုင်ရာဌာနများမှ စတင်ခွင့်ပြုမည့်ရက်နှင့် တင်သွင်း ခွင့်ပေးမည့် အရေအတွက်များကို တိကျသေချာစွာ ကြေညာခြင်းမရှိ သေးသောကြောင့် ကားအရောင်းအဝယ်စျေးကွက်မှာ မရောင်းရဲ၊ မဝယ်ရဲ ဖြစ်နေပြီး ယင်းသတင်းအပေါ်လည်း စိတ်ဝင်စားမှု ပိုမိုမြင့်တက်သွားသည်။

‘‘ခွင့်ပြုပေးမယ့်အရေအတွက်က အရမ်းများပြားတဲ့အတွက် နိုင်ငံတော်ရဲ့ မော်တော်ယာဉ်ကဏကရရှိမယ့်အခွန်တွေ ဆုံးရံှုးမှုများစွာ ရှိလာ မှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်မှာဆိုရင် ကားအစီးရေ ၂၅,ဝဝဝ လောက်ပဲ ရောင်းချနိုင်ခဲ့တဲ့အတွက် ခန့်မှန်းထားသလို ပါမစ်တစ်သိန်းကျော် ထွက်လာမယ် ဆိုရင် ကားဝယ်မယ့်သူအားလုံးကလည်း ဝန်ထမ်းပါမစ်နဲ့ ကားစီးမယ့် အခြေအနေ ဖြစ်လာမှာပါ၊ အခုဆိုရင်ပဲ ကားအရောင်းအဝယ်စျေးကွက်မှာ အဝယ်တွေ မဆင်းတဲ့အတွက် ကားအရောင်းအဝယ်တွေ အေးနေပါတယ်၊ ပါမစ်တွေ ခွင့်မပြုသေးချိန်မှာတောင် စျေးကွက်အပေါ်ကို သက်ရောက်မှု ရှိနေပါပြီ၊ အခွန်သက်သာခွင့်တွေနဲ့ ပါမစ်တွေသာထွက်လာမယ်ဆိုရင် ကားလုပ်ငန်းရှင်မဟုတ်ဘဲ ကားစီးနေတဲ့သူတွေအားလုံးလည်း သက် ရောက်မှာဖြစ်ပါတယ်၊ လက်ရှိရှိနေတဲ့ကားစျေးနှုန်းတွေက ကားအမျိုး အစားအပေါ်မူတည်ပြီး ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားမှာပါ’’ဟု ‘AAM အသင်း’ဥက္ကဌ ဦးအောင်ဝင်းက ဆိုသည်။

ကားအရောင်းပြခန်းနှင့် ကားအရောင်းစင်တာများတွင် ကားအ ရောင်းအဝယ်များ သိသိသာသာအေးသွားသလို စျေးကွက်အကြိုက်ညာ မောင်းကားများ ဝယ်ယူ၍ရသောကြောင့် အဝယ်အဆင်းများသည့် ယာဉ် ရောင်းဝယ်ရေးစခန်းများမှာလည်း ဝန်ထမ်းပါမစ်ဂယက်ကြောင့် အရောင်း အဝယ်များ ရပ်တန့်ေနေြကာင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here