အခြေခံပညာဦးစီးဌာန ညွန်ကြားချက်နှင့်အညီ ကျောင်းကားများ ပြေးဆွဲရမည်

184

 

ရန်ကုန်၊ ဇွန် ၁၅
ရန်ကုန်မြို့တွင်း အခြေခံပညာ ကျောင်းများတွင် ပြေးဆွဲပေးနေ သည့် ကျောင်းကားများအနေဖြင့် ယင်းဌာနများ၏ ညွန်ကြားချက် နှင့်အညီ ပြေးဆွဲရမည်ဖြစ်ကြောင်း YRTA မှ သိရသည်။

Covid-19 ကူးစက်ရောဂါ ကြောင့် ၂ဝ၂ဝ-၂ဝ၂၁ ပညာသင် နှစ်တွင် ကျောင်းများပုံမှန်ထက် နောက်ကျမှ ဖွင့်ခွင့်ရကြသလို ကျောင်းကားများအနေဖြင့်လည်း သတ်မှတ်ဦးရေအတိုင်းသာ တင် ဆောင်မောင်းနှင်ရမည်ဖြစ်သည်။ သို့ရာတွင် YRTA က တာဝန်ယူ ပြေးဆွဲပေးနေသည့် School Bus များကို Social Distancing သတ် မှတ်ချက်နှင့်အညီ ပြေးဆွဲနိုင်ရန် အတွက် စီစဉ်ထားပြီးဖြစ်ကာ အ ခြားကျောင်းကားများသည် သက် ဆိုင်ရာ အခြေခံပညာဦးစီးဌာန၏ ညွန်ကြားချက်ဖြင့်သာ ပြေးဆွဲ ရ မည်ဖြစ်ကြောင်း သိရသည်။

“YRTA က တာဝန်ယူပြေး ဆွဲရတဲ့ School Bus တွေအတွက် ကတော့ Social Distancing နဲ့အညီ ခွဲဝေသယ်ဆောင်နိုင်ဖို့အ တွက် ကားတွေကို စီစဉ်ထားပြီးပါ ပြီ၊ ကျန်တဲ့ကျောင်းကားတွေက အခြေခံပညာဦးစီးဌာနက တာဝန်ရှိ သူတွေ ညွန်ကြားဆောင်ရွက်နေ ပါတယ်၊ အဲဒီညွန်ကြားချက်နဲ့ ညီအောင် ပြေးဆွဲကြရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမးြ ဦးလှအောင်က ပြောသည်။

ယခု ပညာသင်နှစ်ကျောင်း ကားများ ပြေးဆွဲရာတွင် ခွင့်ပြု ကျောင်းသားဦးရေ၏ တစ်ဝက်သာ တင်ဆောင်ရမည် ဖြစ်ကြောင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေး အခြေခံပညာလုပ်ငန်း ညှိနိူင်း အစည်းအဝေးတွင် ဆွေးနွေးပြောဆိုခြင်းများရှိနေသော်လည်း ညွန် ကြားချက် အတိအကျ ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း ကျောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

ဇူလိုင်လအတွင်း အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် အထက်တန်းအဆင့်ကို ဇူလိုင် ၂ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး အလယ်တန်းအဆင့်ကို သြ ဂုတ် ၄ ရက်နှင့် မူလတန်းကို သြ ဂုတ် ၁၁ ရက်တွင် ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here