အခြေခံနှင့် အဆင့်မြင့်မော်တော်ယာဉ်ပြင်ဆင်ခြင်း သင်တန်းဆင်းပွဲများ  ကျင်းပ

450

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာမော်တော်ကော်ပိုရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့် မော်တော်ယာဉ်များ ချွတ်ယွင်းချက်ရှာဖွေခြင်း သင်တန်း (အမှတ်စဉ် ၁၄)နှင့် အခြေခံမော်တော်ယာဉ် ပြင်ဆင်ခြင်းသင်တန်း(အမှတ်စဉ် ၉) သင်တန်းဆင်းပွဲအခမ်းအနားကို ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ ၆ ရက်၊ နံနက် ၁ဝ နာရီက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Function Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်နှင့် မော်တော်ယာဉ် ထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ပညာရှင်များအသင်း ဥက္ကဌသိပ္ပံ စာရေးဆရာကိုကိုအောင် တက်ရောက်၍ သြဝါဒစကားပြောကြားခဲ့သည်။

ယနေ့အချိန်အထိ အဆင့်မြင့် မော်တော်ယာဉ်များ ချွတ်ယွင်းချက် ရှာဖွေပြင်ဆင်ခြင်း သင်တန်းမှ သင်တန်းဆင်း ၄၆၁ ဦး မွေးထုတ်ခဲ့ပြီးဖြစ်ကာ အခြေခံမော်တော်ယာဉ် ပြင်ဆင်ခြင်းသင်တန်းမှ သင်တန်းဆင်း ၂၉၈ ဦး မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here