‘အခုကာလမှာ ကျောင်းကားလုပ်ငန်းရှင်တွေ တခြားစီးပွားရေးပြောင်းဖို့အတွက် ကျောင်းကား ပြန်ရောင်းနေတာတွေ ရှိလာတယ်’

135

 

အထက(၂) ဗဟန်း မိဘဆရာအတွင်းရေးမှူး၊ ကျောင်းကားလုပ်ငန်းရှင် ကိုကြည်ဝင်းနှင့် တွေ့ဆုံခြင်း

ကျောင်းကားလုပ်ငန်းရှင်တွေက အလယ်တန်းကျောင်းတွေ ပြန်ဖွင့်မှာ ကို မျှော်လင့်ပြီး ပြေးဆွဲနေကြပေမဲ့ ကျန်းမာရေးဌာနက သတ်မှတ်တဲ့ အချက် ရှစ်ဆယ်ထဲက စည်းကမ်းချက်တစ်ခုခုနဲ့မညီရင် အဆင့်သတ် မှတ်ချက် B ဖြစ်သွားပြီး လုံးဝမလုပ်ရင် C ဖြစ်သွားပါတယ်။ အဲဒီလို သတ်မှတ်ချက်အရ B တို့၊ C တို့ဖြစ်တဲ့ ကျောင်းတွေဟာ A မဖြစ် မချင်း ကျောင်းမဖွင့်ရသေးပါဘူး။ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာ အဲဒီလိုမျိုးမဖွင့်ရသေးတဲ့ ကျောင်းတွေရှိနေသေးတဲ့အတွက် ကျောင်း ကားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူတွေရဲ့ လက်ရှိကိုဗစ်ကာလ အတွင်း လုပ်ငန်းအခြေအနေတွေနဲ့ တခြားသိသင့်တဲ့အချက်အလက် တွေကို အထက(၂)ဗဟန်းကျောင်းရဲ့ မိဘဆရာ အတွင်းရေးမှူးလည်း ဖြစ်၊ ကျောင်းကားလုပ်ငန်းရှင်လည်းဖြစ်သူ ကိုကြည်ဝင်းနဲ့ တွေ့ဆုံ မေးမြန်းပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

Automobile: လက်ရှိ ကျောင်းကား ပြေးဆွဲနေရတဲ့ အခြေအနေတွေကို သိချင်ပါတယ် . . .
KoKyiWin: အခုက Covid ကာလဖြစ်နေတော့ ကျောင်းတွေက ကိုးတန်းနဲ့ ၁ဝ တန်းပဲ ဖွင့်သေးတယ်။ အဲဒီ နှစ်တန်း ကိုမှ တစ်ပတ်တက်၊ တစ်ပတ်နား စနစ်နဲ့ တက်ကြရ တယ်။ လက်ရှိမှာက ကိုးတန်းခြောက်ရာကျော်၊ ၁ဝ တန်း ခြောက်ရာကျော် ရှိတယ်။ အဲဒီထဲက ကိုးတန်းသုံးရာ ကျော်နဲ့ ၁ဝ တန်းသုံးရာကျော်က ဒီတစ်ပတ်တက်ရင် ကျန်တဲ့ ကိုးတန်းသုံးရာကျော်နဲ့ ၁ဝ တန်းသုံးရာကျော်က နောက်တစ်ပတ်တက် အဲဒီလို ဖြစ်သွားတယ်။ တစ်ခန်း ကိုမှ ယောင်္ကျားလေး ၁ဝ ယောက်နဲ့ မိန်းကလေး ၁ဝ ယောက်ပဲ တက်ရတယ်။ Covid ရောဂါဖြစ်နေတဲ့ ကာလဆိုတော့ မနှစ်က ကျောင်းကားစီးတဲ့ ကျောင်း သားတွေက ဒီနှစ် သိပ်မစီးကြတော့ဘူး။ မိဘတွေက လိုက်ပို့တာရှိသလို တက္ကစီစုပြီး ငှားစီးကြတာမျိုးလည်း ရှိတယ်။ တစ်လကို ပုံမှန် ၂၂ ရက်၊ ၂၃ ရက် ကျောင်း တက်တဲ့လတွေဆိုရင် တစ်လကို နှစ်သောင်းခွဲလောက် ရတယ်။ တစ်ပတ်တက် တစ်ပတ်နားဆိုတော့ တစ်လ မှာ ကျောင်းတက်ရက်က ၁ဝ ရက်ပဲ ဖြစ်သွားတယ်။ မနှစ်ကလို ပုံမှန်ကျောင်းတက်ရက်နဲ့ သွားမယ်ဆိုရင် ရွေဂုံတိုင်ကနေ ကက္ကိုင်း နန်းယန်ကျောင်းကို အသွား ငါးရာ၊ အပြန်ငါးရာလောက် ကျတယ်။ တစ်နေ့ကို တစ်ထောင်နှုန်းကျတယ်။ ကားက ၁၁ ယောက်စီး ဆိုတော့ တစ်ယောက်ကို နှစ်သောင်းခွဲနှုန်းနဲ့ ကိုးယောက် ၁ဝ ယောက်လောက် ပါတယ်။ ဒီနှစ်မှာက ၁ဝ ရက်ပဲ တက်ရတော့ တစ်ရက်တစ်ထောင်နှုန်းနဲ့ယူရင် တစ် ယောက်ကို တစ်သောင်းပဲကျမယ်။ နောက်ပြီး ၁ဝ တန်း တွေက ဘော်ဒါဆောင်သွားကြတာ များတယ်။ အစ်ကို့ ဆီမှာဆိုရင် ကိုးတန်းကို တစ်ပတ် နှစ်ယောက်နဲ့ လေး ယောက်ပဲရှိတော့တယ်။ တစ်ယောက်ကို တစ်သောင်းနဲ့ ဆိုတော့ တစ်လကို လေးသောင်းပဲ ကျတော့မယ်။ စျေး ပိုမယူတဲ့အတွက် မိဘတွေအနေနဲ့ အဆင်ပြေပေမဲ့ အစ်ကိုတို့ ကျောင်းကားဆွဲတဲ့သူတွေက အတော်လေး အခက်အခဲ ဖြစ်ကြရတယ်။ ထမင်းစားဖို့တောင် မလွယ် တော့ဘူး။ ကျောင်းကားထောင်ထားပြီး ဒရိုင်ဘာရှိမယ်။ စပယ်ယာရှိမယ်ဆိုရင် ဒရိုင်ဘာက သုံးသိန်း၊ စပယ် ယာက တစ်သိန်း၊ ဆီဖိုးကတစ်သိန်းဆိုရင် ခုနစ်သိန်း ရှိမယ်။ တစ်လ ခုနစ်သိန်းရဖို့ဆိုတာ အခုကာလမှာက လုံးဝမဖြစ်နိုင်တော့ဘူး။ အခုကျောင်းသားအနေအထား နဲ့ ပုံမှန်စျေးနှစ်သောင်းခွဲယူရင်တောင် ကလေးတစ် ယောက်က တစ်ရက်ကို ၂,၅ဝဝ ကျမယ်။ အဲဒီလို ဆိုရင် ဒီကာလမှာ မိဘတွေက စီးပွားရေးအဆင် မပြေတာနဲ့ဆိုရင် ဒါလည်း အဆင်မပြေဘူး။ ကျောင်း ကားတိုင်းမှာလည်း ကလေးက ငါးယောက်ထက် မပို ဘူး။ သုံးယောက်၊ လေးယောက်၊ နှစ်ယောက်၊ တချို့ ဆို တစ်ယောက်လောက်နဲ့ပဲ သွားနေရတယ်။ အဆင် မပြေပေမဲ့လည်း အလယ်တန်းကလေးတွေ ကျောင်း ပြန်ဖွင့်ရင် အဆင်ပြေနိုင်လောက်မယ်ဆိုပြီး မျှော်လင့် ချက်နဲ့ မှေးပြီး လုပ်နေကြရတာပါ။

Automobile: အလယ်တန်းကျောင်းတွေ ဘယ်တော့လောက် ပြန်ဖွင့် မယ်လို့ သိရပါသလဲ။ အဲဒီအတွက် ကျောင်းကားပြေးဆွဲဖို့ ဘယ်လိုစည်းကမ်းချက်တွေ ချမှတ်ထားပါသလဲ . . .
KoKyiWin: Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ က ကျောင်းမဖွင့်ခင်ကတည်းက စည်းကမ်းချက်တွေ ချမှတ်ပြီးသားပါ။ အဲဒီစည်းကမ်းချက်တွေနဲ့ အညီပဲ ပြေးဆွဲနေကြတယ်။ သက်ဆိုင်ရာ ကျောင်းတွေကလည်း စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေပါတယ်။ အလယ် တန်းကျောင်းဖွင့်ဖို့ မျှော်သာမျှော်ရတာ။ အဲဒါလည်း မလွယ်ဘူး။ ဒီလ ၁၈ ရက်လောက်က ကျောင်းတွေ ပြန် ဖွင့်ဖို့အတွက်ဆိုပြီး အချက် ရှစ်ဆယ် ထုတ်ပြန်တယ်။ ဥပမာ သုံးခုလောက်ပြောပြမယ်။ နန်းယန်ကျောင်းအနေနဲ့ ဆိုရင် အထက်တန်းဖွင့်တဲ့အခါ လူဦးရေ ၁,၃ဝဝ ရှိ တယ်။ အပူချိန်တိုင်းတဲ့စက်က လူတစ်ရာမှာ တစ်ခု ရှိရမယ်ဆိုတော့ ၁၃ ခုရှိရမယ်။ အဲဒီစက်တန်ဖိုးက ကျပ်ငါးသောင်းခွဲကနေ တစ်သိန်းကြားမှာရှိတယ်။ အဲ့ဒါ တင်ပဲ ခြောက်သိန်းခွဲဖြစ်နေပြီ။ နောက်ထပ် သတ်မှတ် ထားတာက စာသင်ခန်းတိုင်း ခြေနင်းဘေစင် ရှိရမယ် ပြောတယ်။ ဘေစင်ပဲ တစ်ခုကို နှစ်သောင်းခွဲရှိတယ်။ ၄၅ လုံးဆိုကတည်းက ၁ဝ သိန်းကျော်နေပြီ။ ပရက်ရှာ ပန့်တို့၊ ရေပိုက်တို့၊ ရေဆိုးထုတ်တဲ့ပိုက်တို့နဲ့ဆို မနည်း ဘူး ဖြစ်နေတယ်။ PPE နှစ်စုံ ရှိရမယ် ဆိုတာမျိုးတွေ အများကြီးရှိတယ်။ ကျောင်းကားတွေအတွက်က ကျောင်း ကားစာအုပ်ထားရတယ်။ မောင်းသူ အမည်၊ စပယ် ယာအမည်၊ စီးသူအမည် လိပ်စာတွေအပြည့်အစုံ အဲဒီလို စာအုပ် လုပ်ထားရတယ်။ မလုပ်ထားရင် B အဆင့်ဆိုပြီး သတ်မှတ်တယ်။ အခုက ကျောင်းတွေကိုA B C ဆိုပြီး သတ်မှတ်ပြီး ဖွင့်ခွင့်ပေးတာဆိုတော့ ကျောင်းကားတွေ အတွက်က အဲ့ဒီစာအုပ် မဖြစ်မနေ လုပ်ထားရတယ်။ ကျန်းမာရေးဌာနက သတ်မှတ်တဲ့ အချက် ရှစ်ဆယ်က တစ်ခုခုမလိုက်နာရင် B ဖြစ်သွားတယ်။ တစ်ခုမှမလိုက် နာရင် အဲဒီကျောင်းက C ဖြစ်သွားတယ်။ B တို့၊ C တို့ ကျောင်းတွေက A မဖြစ်မချင်း ကျောင်းမဖွင့်ရဘူး။ အဲဒီအချက်တွေကြောင့် ရန်ကုန်အပါအဝင် တစ်နိုင်ငံ လုံးမှာ B နဲ့ C မှာတင်တစ်ပြီး မဖွင့်ရတဲ့ အထက်တန်း ကျောင်းတွေ အများကြီးရှိတယ်။ အဲဒီလိုမျိုး မဖွင့်ရ သေးတဲ့ကျောင်းတွေ ရှိနေသေးတော့ အလယ်တန်းဖွင့် ဖို့က မလွယ်သေးဘူး။ အထက်တန်းကျောင်းတွေ အကုန်လုံးအချက်တွေ လိုက်နာနိုင်ပြီး A ဖြစ်မှဆို တော့ အလယ်တန်းဖွင့်ဖို့က တော်တော်ရုန်းကန်ကြ ရဦးမှာပါ။

Automobile: ကျောင်းကားလုပ်ငန်းရှင်တွေရဲ့ ရပ်တည်မှု ဘယ်လို ပြောင်းလဲလာမလဲ။ အစိုးရဘက်ကရော ဘယ်လိုပြော ကြားတာမျိုးရှိလဲ . . .
KoKyiWin: ကျောင်းကားလုပ်ငန်း အဆင်မပြေတော့ ပြန်ရောင်းပြီး တခြားစီးပွားရေးလုပ်ဖို့ ရောင်းနေကြတာတွေရှိတယ်။ ကျောင်းကားလုပ်ငန်းက ပြီးခဲ့တဲ့နှစ်က ကားတွေပြောင်း ပြီး ဆွဲရမယ်ဆိုပြီး ပြောင်းလဲသတ်မှတ်တဲ့ ကားတွေက ကျောင်းသားနည်းနည်းပဲ ဆံ့တယ်။ အဲ့ဒီကတည်းက ကျောင်းကားလုပ်ငန်းတွေ အဆင်မပြေ ဖြစ်ကြတာ နောက်ပြီး မြို့နယ်အလိုက်ပဲ သက်ဆိုင်ရာကျောင်းတွေမှာ တက်ကြရမယ်ဆိုတော့ လမ်းကြောင်းတူတွေ ပြေးဆွဲ နေကြရတော့ သူ့ကားလည်း လူမပြည့်၊ ကိုယ့်ကား လည်း လူမပြည့် ဖြစ်လာတယ်။ အဲဒီကတည်းက အဆင်မပြေတာ အခုက ပိုဆိုးသွားတာပေါ့။ ကျောင်း သား ငါးယောက်ပါတဲ့ကျောင်းကားက ဆရာကြီးပဲ။ အဲဒီလို ဖြစ်နေတယ်။ ရှေ့ဆက် ကျောင်းကားလုပ်ငန်း အဆင်ပြေဖို့က မလွယ်ကူဘူး။ တချို့ဆို အစိုးရဆီက ကျောင်းကား ဝယ်ထားတဲ့သူတွေ တစ်စီးကို သိန်းသုံးရာ ကျော်နဲ့ ဝယ်ထားတာ။ အခုဘဏ်ကို တစ်လ ခုနစ်သိန်း ပေးသွင်း နေကြရတယ်။ Covid ကာလမှာ ဘဏ်က နှစ်လနားပေးပြီး ဆက်သွင်းနေရတယ်။ ကျောင်းသားက လည်း မရှိဘူး။ ဒါပေမဲ့ တစ်လ ခုနစ်သိန်း သွင်းနေရ တယ်။ ဘယ်လိုတွေ ဆက်လုပ်ကြမလဲတော့ မသိသေး ဘူး။ ကျောင်းကားလုပ်ငန်းရှင်တွေ အကုန်လုံး ဒုက္ခ ရောက်ကြရတယ်။ အစိုးရဘက်က ကျောင်းကားခ တိုး တောင်းဖို့ ပြောတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ဒီကာလ မှာက အကုန်လုံးက စီးပွားရေးအဆင်မပြေဖြစ်နေ ကြတော့ ဒါက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

Automobile: ကျောင်းကားလုပ်ငန်းအတွက် ဘာများ အကြံပြုပြော ချင်ပါသလဲ . . .
KoKyiWin: အခုက Covid-19 ရောဂါကာလ အကုန်လုံး အဆင် မပြေကြတာဆိုတော့ ဘာမှတော့ပြောလို့မရဘူး။ ဒါပေ မဲ့ အရင်နှစ်တွေက ကျောင်းကားဆိုပြီး သတ်မှတ်က တည်းက ကျောင်းကားလုပ်ငန်းရှင်တွေ အဆင်မပြေကြ တာ အခုထိပဲ။ ကျောင်းကားဆိုပြီး အချက် ၁၂ ချက် သတ်မှတ်တယ်။ အဲဒီသတ်မှတ်ချက်နဲ့ ညီတော့လည်း နယ်လိုင်စင်ဆို ပြေးဆွဲလို့မရဘူးဆိုပြီး ပြောတယ်။ သူတို့ဆီက ကားဝယ်ပြီး ဆွဲမယ်ဆိုတော့လည်း တစ်စီး ကို သိန်းသုံးရာကျော်ရှိတယ်။ အဲ့ဒီအတွက် တစ်လ ခုနစ်သိန်း ဘဏ်ကို သွင်းရတယ်။ ယာဉ်မောင်း လစာ၊ ယာဉ်အကူလစာ အဲဒါတွေအတွက် ဘယ်လိုမှ အဆင် မပြေနိုင်ဘူး။ ကျောင်းကားက အခုလိုတွေဖြစ်နေတော့ စီးပွားရေးအရ ပြေးဆွဲလို့ အဆင်မပြေကြတော့ဘူး။ ကိုယ့်ကလေးရှိနေတဲ့သူတွေကတော့ ဆီဖိုးလေးရရဆိုပြီး အဲဒီလိုပဲ ပြေးဆွဲနေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here