အက္ခရာတက္ကစီများကို လုပ်ငန်း လိုင်စင်ဖျက်သိမ်းပြီး နံပါတ်အနက် ပြန်ပြောင်းရန် ကညနထံ ñွှန်ကြား ချက် မရှိသေးကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တက္ကစီ ၆၆,၆၈၅ စီး မှတ် ပုံတင်ပြုလုပ်ပေးထားရာတွင် AA ၊ BB ၊ CC ၊ DD ၊ EE ၊ FF ၊ GG ၊ HH စသည့် ရာသက်ပန် တက္ကစီ ၄ဝ,၄၂၉ စီးရှိပြီး နံပါတ် အနက်မှ လုပ်ငန်းလိုင်စင်ပြုလုပ်ပြီး နံပါတ်အနီပြောင်းထားသော တက္ကစီ မှာ ၂၆,၂၅၆ စီး ရှိကြောင်း သိရသည်။
”ရန်ကုန်မြို့မှာ တက္ကစီတွေက လိုအပ်တာထက်ပိုပြီး များနေပါတယ်၊ ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ နယ်လိုင်စင် တက္ကစီတွေကို ကန့်သတ်မလား၊ အက္ခရာတက္ကစီတွေကို နံပါတ်အနက်ပြန်ပြောင်းခိုင်းမလား ဆိုတာ နည်းလမ်းရှာဖွေတုန်းပဲ ရှိပါတယ်၊ အနက်ကနေ အနီပြောင်းတာ အနီကနေ အနက်ပြောင်းတဲ့ကိစ္စကတော့ ကညနနည်းဥပဒေမှာရှိတဲ့အတွက် နည်းဥပဒေကိုကျော်လွှားပြီး လုပ်မယ်ဆိုရင်တော့ ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ ညိနှိုင်းပြီးမှဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အခုအချိန်ထိတော့ တက္ကစီနဲ့ပတ်သက်ပြီး တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေညွှန် ကြားချက်တစ်စုံတစ်ရာ မရှိသေးပါဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီ ၆၆,၆၈၅ စီး မှတ်ပုံတင် ပြုလုပ်ထားရာတွင် အက္ခရာတက္ကစီ ၂၆,၂၅၆ စီးနှင့် ရာသက်ပန်တက္ကစီ ၄ဝ,၄၂၉ စီး ပါဝင်ကြောင်း သိရသည်။ အနောက်ပိုင်းခရိုင် မြင်သာကညနရုံးတွင် တက္ကစီ ၃ဝ,၉၂၁ စီး မှတ်ပုံတင်ပြုလုပ်ထားရာတွင် ရာသက်ပန်တက္ကစီ ၁၉,၅၉၁ စီးနှင့် အက္ခရာတက္ကစီ အစီး ၁၁,၃၃ဝ ရှိ ကြောင်း သိရသည်။
ရဲထွန်းကျော်