အကောက်ခွန်ရုံးတွင်းညွှန်ကြားလွှာ ၆/၂ဝ၁၇ ပါ Type လွဲဒဏ်ကြေးများအား တိုးမြှင့်သွားမည်

843

အကောက်ခွန်ရုံးတွင်းညွှန်ကြားလွှာ ၆/၂ဝ၁၇ ပါ Type လွဲဒဏ်ကြေးများအား တိုးမြှင့်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

၆/၂ဝ၁၇ တွင် တင်သွင်းလာသည့်ကားများအပေါ်မူတည်ပြီး Type ကွဲလွဲခြင်းအတွက် 1/2 AV ဒဏ်ကြေး ၊သို့မဟုတ် သိမ်းဆည်းပြစ်ဒဏ် သတ်မှတ်ခဲ့သည်။ သို့သော် Type လွဲမှားမှုသည် ရည်ရွယ်ချက်မပါဘဲ မှားယွင်းမှုရှိသလို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုများလည်း ရှိသည့်အတွက် တင်သွင်းလာသည့် အခြေအနေအပေါ် မူတည်ကာ ဒဏ်ကြေးများ အပြောင်းအလဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

” Type လွဲမှားတာက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာတွေ ရှိသလို အမှတ်မထင်ဘဲ လွဲမှားစွာ တင်သွင်းတာတွေ ရှိပါတယ်၊ လေလံမှာ Box Truck လို့ထင်ပြီး ဝယ်ခဲ့ပေမဲ့ ဆိပ်ကမ်းရောက်မှ Freezer Box Truck ဖြစ်နေရင် အမှတ်မထင်ဘဲ လွဲမှားသွားတာဖြစ်လို့ ဒဏ်ကြေး မကောက်ခံတော့ဘဲ တင်သွင်းလာတဲ့ ကားအပေါ်မူတည်ပြီး အခွန်စည်းကြပ်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ Type လွဲမှန်းသိလျက်နဲ့ တမင်တင်သွင်း လာတယ်ဆိုရင်တော့ လက်ရှိကောက်ခံနေတဲ့ ဒဏ်ကြေးထက် တစ်ဆကနေ သုံးဆအထိ တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အကောက်ခွန်ဦးစီးဌာနမှ ၆/ ၂ဝ၁၇ ဒဏ်ကြေးအချို့ကို ပြန်လည် ပြင်ဆင်ရန်ရှိရာ Sub-brand ကွဲလွဲခြင်းအတွက်လည်း လျှော့ပေါ့ပေးရန်ရှိကြောင်း သိရသည်။ City Bus များ Seater ကွဲလွဲခြင်း အတွက်လည်း ဖြေလျှော့မှုပေးခဲ့ရာတွင် ထိုင်ခုံ ၁ဝ ခုံအတွင်း အရေအတွက် အနည်းအများရှိပါက ဒဏ်ကြေးကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here