အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးပြီးနောက် အနည်းငယ်ပြန်အေးသွားသည့် Brand New ကားစျေးကွက်

408
Page(Test)

 

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ Covid-19 ကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် လူစီးယာဉ်များအပေါ်တွင် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားများကို ယခုလမှစ၍ ဖြေလျှော့ပေးမည် ဖြစ်သည်။ အခွန်ကောက်ခံလျက်ရှိသည့် လူ စီးမော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂ဝဝဝ စီစီနှင့်အောက်ကို အကောက်ခွန် ၃ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂ဝဝ၁ စီစီ နှင့်အထက်ကို အကောက်ခွန်နှုန်း ၄ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း၊ SKD စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များအတွက် အင်ဂျင်ပါဝါ ၂ဝဝဝ စီစီနှင့်အောက်ကို အကောက်ခွန် ၁ဝ ရာခိုင်နှုန်းမှ ဝ ရာခိုင်နှုန်း၊ အင်ဂျင်ပါဝါ ၂ဝဝ၁ စီစီနှင့်အထက်ကို အကောက်ခွန် ၂ဝ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်သည်။ အခွန်ဖြေလျှော့ပေးမှုကြောင့် အင်ဂျင်ပါဝါအနိမ့်ကားများထက် အမြင့်ကားများမှာ အခွန်သက်သာမှုကြောင့် ကားတန်ဖိုးလည်း လျော့နည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် အဝယ်အများစုမှာ ကားစျေးပြန်ချပေးမည့် အချိန်ကို စောင့်ကြည့်နေခြင်းကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းသည့် Brand New ကားများနှင့် အင်ဂျင်ပါဝါအမြင့်ကားအမျိုးအစားအချို့မှာ အဝယ်ပြန်အေးသွားသည်။ ထို့အတူSKD ကားများအပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားကိုလည်း ဖြေလျှော့ပေးလိုက်၍ ထိုကားများ၏ စက်ရုံထုတ်ရောင်းစျေး ပြန်ချပေး၊မပေးကို အဝယ်များက စောင့်ကြည့်နေရာ ယင်းကားစျေးကွက်လည်း အနည်းငယ်ပြန်အေးသွားသည်။

“အကောက်ခွန်ဦးစီးဌာနက အခွန်ဖြေလျှော့ပေးတယ်ဆိုတာက ကားတန်ဖိုး CIF အပေါ်မှာ အရင်ကောက်ခံနေတဲ့ ရာခိုင်နှုန်းကို CBU ကားတွေအတွက် အင်ဂျင်ပါဝါအလိုက် ၁ဝ ရာခိုင်နှုန်းစီ ဖြေလျှော့ပေးတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဝယ်သူတွေအနေနဲ့ Custom Duty ပဲ ၁ဝ ရာခိုင် နှုန်း သက်သာသွားမှာပါ၊ ဒါကို တချို့အဝယ်တွေကျတော့ ကားစျေးသိ သိသာသာကျမယ်လို့ ထင်နေကြတယ်၊ ဒါတောင်မှ ဆောင်ထားပြီးသား ကားတွေကျတော့ လျှော့ရောင်းနိုင်ဦးမယ် မထင်ပါဘူး၊ SKD ကားတွေမှာဆိုရင်လည်း Suzuki ဆိုရင် သီလဝါမှာ ရင်းနှီးမြှုပ်နှံတာဖြစ်လို့ အရင်ကတည်းက အခွန်လျော့ပြီးသားပါ၊ ကြေညာချက်မှာ SKD ကားတွေလည်း ပါတယ်ဆိုပြီး ဒီကားတွေပါ စျေးကျမယ်လို့ တော်တော်များများက ထင်မြင်သုံးသပ်နေတာ တွေ့ရပါတယ်၊ SKD ကားတွေအနေနဲ့ အခွန်သက် သာသွားတဲ့ Brand တချို့ကလည်း စျေးချပေးမယ်ဆိုရင်တောင် ကားတစ်စီးအတွက် တင်သွင်းတဲ့ Spare Part အပေါ်မှာ ဆောင်ရတဲ့အခွန် သက်သာသွားမယ့်တန်ဖိုးကိုပဲ လျှော့ပေးမှာဖြစ်လို့ သိသိသာသာကြီး စျေးကျသွားမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကားအဝယ်တော်တော်များများက အကောက်ခွန်နှုန်းသက်သာသွားလို့ ကားစျေးကျသွားမယ်ထင်ပြီး စောင့်နေတဲ့အတွက် ဒီရက်ပိုင်းမှာ အဝယ်ပြန်အေးသွားပါတယ်”ဟု JPM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။

အကောက်ခွန်နှုန်းထား ဖြေလျှော့ပေးမှုသည် လူစီးယာဉ်များအတွက် သာဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များ မပါဝင်ကြောင်း သိရသည်။ အခွန်ဖြေလျှော့ပေးမှုကြောင့် Brand New ကားအမျိုးအစားအချို့နှင့် SKD Car Brand အချို့မှာ ယခင်ကတည်းက အာဆီယံဒေသအတွင်း အခွန်ကင်းလွတ်ခွင့်များ ရထားပြီးဖြစ်၍ ယခုအခွန်ဖြေလျှော့ပေးမှုကြောင့် ကားစျေးနှုန်းများ သိသိသာသာ ကျဆင်းနိုင်ဖွယ်မရှိကြောင်း သိရသည်။

“အခွန်ဖြေလျှော့ပေးမှုက စျေးကွက်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်၊ CBU နဲ့ တင်သွင်းဖို့ မှာထားတဲ့ကားတွေဆိုရင် လျော့သွားတဲ့ အခွန်ထက် ပြန်လျှော့ပေးလိုက်ရတာက အခက်အခဲမရှိပေမဲ့ တင်သွင်းပြီးသား ကားတွေမှာ Custom Duty ဆောင်ပြီးသားဖြစ်လို့ တင်သွင်းပြီးတဲ့သူတွေအတွက်ကတော့ နစ်နာမှုရှိသွားပါတယ်၊ ကားအရောင်းပြခန်းတွေဆိုရင်လည်း လျော့သွားတဲ့အခွန်ကို ဆောင်ထားပြီးသားဆိုတော့ မလျှော့ပေးပြန်ရင်လည်း မရောင်းရတဲ့အခက်အခဲရှိသလို လျှော့ပေးရမယ်ဆိုရင်လည်း အခက်အခဲ ရှိပါတယ်၊SKD ကားတွေကို Dealer ယူရောင်းတဲ့ သူတွေဆိုရင်လည်း Maker တွေက စျေးချပေး၊မပေး မသိရသေးဘူး၊ အဝယ်တွေကတော့ စျေးချပေးမလားဆိုပြီး မေးနေတာတွေကို ဖြေရှင်းပေးနေရတယ်၊ တကယ်က CBU နဲ့ သွင်းတဲ့ Brand New တချို့တောင်မှ အရင်က Form D နဲ့ သွားကြလို့ အခွန်သက်သာခွင့်ကရပြီးသား၊ ဒီကြေညာချက်ကို ကြည့်ပြီး စျေးကျကို ကျမယ်လို့ ထင်နေကြတယ်”ဟု AAM အသင်း ဒုဥက္က႒ ဦးအေးထွန်းက ဆိုသည်။

အခွန်ဖြေလျှော့ပေးမှုကြောင့် လက်ရှိ ကားအရောင်းအဝယ်စျေးကွက် တွင် နံပါတ်ထွက်ပြီးသား အမြင့်ကားအမျိုးအစားအချို့မှာ စျေးအနည်းငယ် ပြန်ဆင်းသွားပြီး ၁၃ဝဝ စီစီကားများမှာ ပုံမှန်စျေးဖြင့်သာ အရောင်း အဝယ်ဆက်ပြီး ဖြစ်နေသည်။Toyota Kluger ၂ဝဝ၃ မိုဒယ်အဖြူရောင် ကျပ်သိန်း ၄၃ဝ ဝန်းကျင်၊Toyota Harrier M အက္ခရာ ကျပ်သိန်း ၄၅ဝ ဝန်းကျင်၊Toyota Crown L အက္ခရာ ကျပ်သိန်း လေးရာဝန်းကျင်၊Nissan Juke Q အက္ခရာ ကျပ်သိန်း ၂၉ဝ ဝန်းကျင်၊Toyota Land Cruiser ၂ဝဝ၈ မိုဒယ် ၂ဝ၁၄ ရုပ်ပြောင်း ကျပ်သိန်း ၁,၁ဝဝ ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။

“ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ ပုံမှန်အတိုင်း အဝယ်ဆင်း ပေမဲ့ အရောင်းအဝယ်ဖြစ်တာတော့ နည်းသွားပါတယ်၊ အမြင့်ကားကိုင် ထားတဲ့သူတွေကျတော့လည်း Custom Duty ဆောင်ထားပြီးသားတွေ ဖြစ်လို့ စျေးမချပေမဲ့ ညှိနှိုင်းပြီး ထိန်းရောင်းနေရတယ်၊ ဒီအချိန်မှာ ကားက ဝယ်ထားသင့်ပါတယ်၊ Custom Duty လျှော့ပေးပေမဲ့ တစ်ဖက်မှာ ဝင်ငွေခွန်က မူကြမ်းမှာ ၃ဝ ရာခိုင်နှုန်းအထိ ရေးဆွဲထားတာလည်း ရှိလို့ ထိန်းေရာင်းရမယ်လို့ ထင်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုသီဟက ဆို သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here