အကောက်ခွန်ဒဏ်ကြေးများ ဖြေလျော့ပေးရန် စီစဉ်နေသော်လည်း တန်ကွဲလွဲသည့်ကားများနှင့် Used Car များကိုမူ ဒဏ်ကြေးများ မပြင်ဆင်ဘဲ လက်ရှိအတိုင်း ဆက်လက်ကောက်ခံမည်

642

ရန်ကုန်၊ မေ

အကောက်ခွန်ဒဏ်ကြေးများ ဖြေလျော့ပေးရန် စီစဉ်နေသော်လည်း တန်ကွဲလွဲသည့်ကားများနှင့် Used Car များကိုမူ ဒဏ်ကြေးများ မပြင်ဆင်ဘဲ လက်ရှိအတိုင်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေးအသစ်များ ထုတ်ပြန်ကြေညာရန်အတွက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၇ ခုနှစ် အထိ ကျင့်သုံးခဲ့သည့် ဒဏ်ကြေး သတ်မှတ်ချက်များကို စာရင်းပြုစုထားပြီး ယခုနှစ်ကားတင်သွင်းခွင့်မူဝါဒနှင့် ကိုက်ညီစေရန်အတွက် ဒဏ်ကြေးအချို့ကို ဖြေလျော့ရန် စီစဉ်နေသည်။ ဒဏ်ကြေးသတ်မှတ် ပြင်ဆင်ရာတွင် လက်ရှိဒဏ်ကြေးများထဲမှ ကျူးလွန်နိုင်ခြင်းမရှိတော့သည့်ကိစ္စများကို ပယ်ဖျက်မည်ဖြစ်သလို ပြစ်ဒဏ်အချို့ကိုလည်း ဖြေလျော့သွားမည်ဖြစ်ကြောင်း သိရသည်။

”ဒဏ်ကြေးပြင်ဆင်တာကို အရင်နှစ်တွေတုန်းကလို မဟုတ်ဘဲ ပြစ်ဒဏ်တစ်ခုချင်းစီအလိုက် လျော်ညီမှု ရှိ၊မရှိဆိုတာ သုံးသပ်ပြီး ပြင်ဆင်မယ့်အချက်တွေကိုပဲ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။ ဖြေလျော့ပေးမယ့်ပြစ်ဒဏ်တွေမှာ Type ကွဲလွဲတာတွေ ၊ တန်ကွဲလွဲတာတွေနဲ့ တစ်ပတ်ရစ်ကားဟောင်းတွေကို ကောက်ခံမယ့် ဒဏ်ကြေးတွေ မပါဝင်ပါဘူး။ ဒီကိစ္စရပ်တွေအတွက် ပြစ်ဒဏ်တွေကို လက်ရှိဒဏ်ကြေးနဲ့ပဲ ဆက်ပြီးကောက်ခံမှာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးများ ပြင်ဆင်ရာတွင် City Bus များ၏ Seater ကွဲလွဲမှုကို အကန့်အသတ်တစ်ခုဖြင့် ဖြေလျော့ပေးခဲ့သည်။ ထို့ပြင် သွင်းကုန်လိုင်စင်သက်တမ်းကျော်ပြီးမှ ID ဖွင့်သည့်ကားများကိုလည်း ကားတင်သွင်းသူများ၏တောင်းဆို မှုကြောင့် ဇူလိုင်လမှသာ အရေးယူမှုစတင်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here