ဟာရီကိန်းမုန်တိုင်း Harvey  ကြောင့်  Houston  မြို့တွင်   ကားအစီးရေ တစ်သန်းကျော် ပျက်စီးခဲ့ရ

448

အမေရိကန် ပြည်ထောင်စု၊ Texas ပြည်နယ်၊ Houston မြို့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း Harvey ကြောင့် လူနေအိမ် လေးသောင်းကျော်နှင့် မော်တော်ကားအစီးရေ တစ်သန်းကျော် ပျက်စီးခဲ့ပြီး ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

 

Houston မြို့တွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း၏ ၉၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်ကားများရှိကြပြီး ”တကယ်လို့ Houston မှာ ခင်ဗျားနေထိုင်တာဆိုရင် ကိုယ်ပိုင်ကားတစ်စီးရှိမှာ ကျိန်းသေပါတယ်” ဟု Houston မြို့သယ်ယူပို့ဆောင်ရေး အတိုင်ပင်ခံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Andrea French ကဆိုသည်။ အမေရိကန် ပြည်ထောင်စု၏ စတုတ္ထအကြီးဆုံး မြို့ဖြစ်ပြီး စီးပွားရေးအချက်အချာ ကျလှသည့် Houston မြို့သည် လက်ရှိတွင်  ရေလွှမ်းမိုးမှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရပြီး မြို့နေ ပြည်သူလူထုမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ယခုတိုင် မပြန်နိုင်ကြသေးပေ။

 

Harvey မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘီလျံပေါင်းများစွာရှိကြောင်း Houston မြို့တော်ဝန် Sylvester Turner က ပြောသည်။ ”အလုပ်သမားနေ့ နောက်ပိုင်းလောက်မှာတော့ မြို့အခြေအနေ ပြန်နာလန်ထူနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒီမြို့မှာ ပွဲလမ်းသဘင်၊ အခမ်းအနားတစ်ခုခု ကျင်းပဖို့ စီစဉ်ထားတာရှိရင် ဆက်လုပ်လို့ရပါတယ်လို့ ပြောပါရစေ” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here