သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့် ကားများကို ရက်အလိုက် ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်သည့်ကားများကို သိမ်းဆည်းမည်

907

ရန်ကုန်၊ ဧပြီ

ပြည်ပမှတင်သွင်းသည့်ကားများကို သွင်းကုန် လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်မည်ဆိုပါက ကျော်လွန်သည့်ရက်အလိုက် ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်သည့်ကားများကိုမူ ပြည်သူ့ဘ@ာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေး သတ်မှတ်ချက် အသစ်ကြေညာရန် ဆောင်ရွက်ရာတွင် ၂ဝ၁၇ ခုနှစ်က ကြေညာခဲ့သည့် ဒဏ်ကြေးသတ်မှတ်ချက်များအတိုင်း လက်ရှိဘ@ာ နှစ်တွင် ဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ပြစ်ဒဏ်သတ်မှတ်ချက်အသစ်အဖြစ် သွင်းကုန်လိုင်စင်ပါမစ်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့် ကားများကို ကျော်လွန်သည့် ရက်အလိုက် ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ အထက် ကျော်လွန်သည့်ကားများကို ပြည်သူ့ ဘ@ာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်းသိရသည်။

”အကောက်ခွန်ဒဏ်ကြေးအသစ်မှာ ပြီးခဲ့တဲ့နှစ်က သတ်မှတ်ခဲ့တဲ့ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို မပြောင်းလဲဘဲ ဆက်ပြီးကျင့်သုံးမှာ ဖြစ်ပါတယ်။ သွင်းကုန်ပါမစ်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်တဲ့ကားတွေကို ၇ ရက်အတွင်း ဒဏ်ကြေး ကင်းလွတ်နဲ့ခွင့်ပြုပေးပြီး ၇ ရက် ကနေ ရက် ၆ဝ အတွင်း ကားတွေကို ရက်အလိုက် ဒဏ်ကြေးသတ်မှတ်ထားပြီး ရက် ၆ဝ ကျော်သွားရင်တော့ ပြည်သူ့ဘ@ာအဖြစ် သိမ်းဆည်းမယ်ဆိုတဲ့ ပြစ်ဒဏ်အသစ် ထည့်သွင်းရေးဆွဲထားပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သွင်းကုန်ပါမစ်သက်တမ်း ကျော်လွန်ပြီးမှ ID ဖွင့်သည့်ကားများကို ၇ ရက်အထိ ဒဏ်ကြေး ကင်းလွတ်ခွင့်ပြုပေးမည်ဖြစ်သော် လည်း ၇ ရက်မှ တစ်လအတွင်း ကားများကို 1/90AV ဒဏ်ကြေး ကောက်ခံမည် ဖြစ်သည်။ တစ်လမှ ၄၅ ရက်အတွင်းကားများကို 1/24AV နှင့် ၄၅ ရက်မှ ရက် ၆ဝ အတွင်း ကားများကို 1/12AV ဒဏ်ကြေးဖြင့် ကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်ပါက ပြည်သူ့ ဘ@ာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here