သွင်းကုန်လိုင်စင်သက်တမ်း ကျော်လွန်ပြီး မှ ID ဖွင့်သည့် ကားများကို အရေးယူမှု ပြန်လည်စတင်မည်

437

ရန်ကုန်၊ ဇူလိုင် ၄
သွင်းကုန်လိုင်စင်သက်တမ်း ကျော် လွန်ပြီးမှ ID ဖွင့်သည့် ကားများကို အရေးယူမှု ပြန်လည်စတင်မည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန မှ သိရသည်။
လိုင်စင်သက်တမ်းကျော်လွန် ပြီးမှ ID ဖွင့်သည့် ကားများကို အရေးယူမှုပြုလုပ်ရန်အတွက် အ ကောက်ခွန်ဦးစီးဌာနက ပြီးခဲ့သည့် ဧပြီလအတွင်း ဒဏ်ကြေးများ သတ်မှတ်ခဲ့သော်လည်း ကားတင် သွင်းသူများ၏ တောင်းဆိုမှုကြောင့် ဆိုင်းငံ့ခဲ့ပြီး ယင်းအရေးယူမှုကို ဇူလိုင်လမှစ၍ ပြန်လည်ဆောင်ရွက် မည် ဖြစ်သည်။ သွင်းကုန်လိုင် စင်သက်တမ်း ကျော်လွန်ပြီးမှ ID ဖွင့်သည့် ကားများကို ရက်အလိုက် ဒဏ်ကြေးကောက်ခံမည် ဖြစ်ပြီး ရက်ခြောက်ဆယ် ကျော်လွန်သည့် ကားများကိုမူ သိမ်းဆည်းသွား မည်ဖြစ်သည်။
‘‘အကောက်ခွန် ဒဏ်ကြေး အသစ်မှာ သွင်းကုန်လိုင်စင်သက် တမ်းကျော်လွန်ပြီးမှ ID ဖွင့်တဲ့ကား တွေကို ရက်အလိုက် ဒဏ်ကြေး ကောက်ခံဖို့ ဧပြီလကတည်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်၊ ဒါပေမဲ့ ကားတင်သွင်းသူတွေရဲ့ တောင်းဆိုမှုကြောင့် ဒဏ်ကြေး ကောက်ခံမှုကို ဇွန်လကုန်အထိ ရွေ့ဆိုင်းခဲ့ပါတယ်၊ ရွေ့ဆိုင်းကာလ နှစ်လပြည့်သွားတဲ့အတွက် ဇူလိုင် လကစပြီး လိုင်စင်သက်တမ်းကျော် လွန်ပြီးမှ ID ဖွင့်တဲ့ကားတွေကို ဒဏ်ကြေးကောက်ခံမှာ ဖြစ်ပါတယ်’’ ဟု အကောက်ခွန်ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
အကောက်ခွန် ဦးစီးဌာနမှ သွင်းကုန်လိုင်စင် သက်တမ်းကျော် လွန်ပြီး ID ဖွင့်သည့်ကားများကို ဒဏ်ကြေးများ သတ်မှတ်ရာတွင် ခုနစ်ရက်အတွင်း ဒဏ်ကြေးခွင့် လွတ်ပေးထားကာ ရှစ်ရက်မှ တစ်လ အတွင်း ကားများကို 1/90AV ၊ တစ်လမှ ၄၅ ရက်အတွင်းကို 1/24AV ၊ ၄၆ ရက်မှ ရက်ခြောက် ဆယ်အထိကို 1/12AV ဒဏ်ကြေး ကောက်ခံမည်ဖြစ်ရာ ရက်ခြောက် ဆယ် ကျော်လွန်ပါက သိမ်းဆည်း သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here