သွင်းကုန်လိုင်စင်သက်တမ်းကျော် လွန်ပြီးမှ ID ဖွင့်သည့်ကားများအပေါ်ကောက်ခံနေသည့် ဒဏ်ကြေးများကို ဇူလိုင်လမှသာ စတင်အရေးယူဆောင်ရွက်မည်

744

ရန်ကုန်၊မေ
သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့်ကားများအပေါ်ကောက်ခံနေသည့် ဒဏ်ကြေးများကို ဇူလိုင်လမှသာ စတင်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်ဦးစီးဌာနမှ ဒဏ်ကြေးအသစ်များ ထုတ်ပြန်ကြေငြာရာတွင် သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်သည့်ကားများကို ရက်အလိုက် ဒဏ်ကြေးများသတ်မှတ်ခဲ့ပြီး ရက်ပေါင်းခြောက်ဆယ်ကျော်လွန်ပါက သိမ်းဆည်းပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။ ထိုပြစ်ဒဏ်များချမှတ်ခဲ့သော်လည်း အရေးယူမှုမှာ ဇူလိုင်လမှသာ စတင်မည်ဖြစ်ကြောင်း သိရသည်။
”ပြီးခဲ့တဲ့ ဧပြီလကပါမစ်သက်တမ်းလွန်ပြီးမှ ID လာဖွင့်တဲ့ကားတွေကို ဒဏ်ကြေးသတ်မှတ်ချက်အသစ်နဲ့ ရက်အလိုက်ဒဏ်ကြေးကောက်ခံခဲ့ပါတယ်၊ ဒါပေမဲ့ MAMDA အသင်းကဖြေလျော့ပေးဖို့ တောင်းဆိုလာတဲ့အတွက် လက်ရှိမှာဒဏ်ကြေးကင်းလွတ်နဲ့ ခွင့်ပြုပေးနေပါတယ်၊ အရေးယူမှုကို ဇွန်လကုန်အထိ ကင်းလွတ်ခွင့်ပေးထားပေမဲ့လည်း ဇူလိုင်လကစပြီး ဒဏ်ကြေး သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လာမည့်ဇူလိုင်လမှစ၍သွင်းကုန်ပါမစ်သက်တမ်းကျော်ပြီးမှ ID ဖွင့်သည့်ကားများကို ခုနှစ်ရက် အထိ ဒဏ်ကြေးကင်းလွတ်ဖြင့်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ၇ ရက်မှ တစ်လအတွင်းကားများကို 1/90 AV ဒဏ်ကြေးကောက်ခံမည်ဖြစ်သည်။တစ်လမှ ၄၅ ရက်အတွင်း ကားများကို 1/24 AV နှင့်၄၅ ရက် မှရက် ၆ဝ အတွင်းကားများကို 1/12 AV ဒဏ်ကြေးကောက်ခံမည်ဖြစ်ပြီး ရက် ၆ဝ ကျော်လွန်ပါက ပြည်သူ့ဘ@ာအ ဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here