Monster Truck တွေထဲက အကြီးဆုံးစံချိန်ရှင် BIGFOOT 5

1098

အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စမြို့က ဆောက်လုပ်ရေးလုပ်သား Bob Chandler ဟာ သူပိုင်ဆိုင်တဲ့ 1974 Ford F-250 လေးဘီးယက်ကားအတွက် အပိုပစ္စည်းဝယ်ဖို့အခက်တွေ့မှုကနေ မစ်ဆူရီပြည်နယ်မှာပဲ Midwest Four Wheel Drive and Performance Center ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သလို လေးပေမြင့်တဲ့ တာယာတွေတပ်ဆင်ထားပြီး Bigfoot လို့အမည်ပေးထားတဲ့ အရွယ်ကြီးပစ်ကပ်ထရပ်ကားကိုလည်း ၁၉၇၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ လယ်သမားတစ်ဦးရဲ့ကားအိုကားပျက်နှစ်စီးကို Bob Chandler က Bigfoot နဲ့ တက်ကြိတ်ဖျက်ဆီးပုံကို ဟာသအဖြစ် ဗီဒီယိုရိုက်ကူးခဲ့ပြီး အဲဒီဗီဒီယိုကိုတွေ့သွားတဲ့ ကားပြိုင်ပွဲစီစဉ်ကျင်းပသူတစ်ဦးက အလားတူစတန့်မျိုး ပရိ သတ်ရှေ့မှောက်လုပ်ပြဖို့ တိုက်တွန်းရာက ပထမဆုံး ဃမေ ဃမကျ့ ပြိုင်ပွဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ Chandler ဟာ စတီယာရင်ကို ရှေ့ဘီးဝင်ရိုးတန်းနဲ့ နောက်ဘီးဝင်ရိုးတန်းနှစ်ခုစလုံးမှာ အလုပ်လုပ်နိုင်စေမယ့် Four-wheel-steering ဆိုတဲ့ မော်တော်ယာဉ်နည်းပညာ ဆန်းသစ်တီထွင်မှုတစ်ခုကို လည်း ပြုနိုင်ခဲ့သူ ဖြစ်ပါတယ်။
Chandler ကို အတုခိုးပြီး Monster Truck တွေဖြစ်အောင် ပိုင်ရှင်အမျိုးမျိုးက အရွယ်အစားကြီးမားတဲ့ တာယာတွေနဲ့ ကြိုးပမ်းလာချိန် မှာ Bob Chandler ဟာ ၁၉၈၆ ခုနှစ်မှာ ပဥ္စမမြောက် Bigfoot ကို ထပ်မံဖန်တီးတည်ဆောက်ခဲ့ရပါတယ်။ Bigfoot 5 မှာတပ်ဆင်ဖို့ ၁၉၅ဝ ပြည့်လွန်နှစ် နှောင်းပိုင်းကာလတွေတုန်းက အလာစကာဒေသမှာ အမေရိကန်စစ်တပ်အသုံးပြုခဲ့တဲ့ Alakian Land Train ကတာယာတွေကို Bob Chandler အလိုရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတာယာတွေကို ပိုင်ဆိုင်ထားတဲ့ Mike Walsh က အမေရိကန်ဒေါ်လာ သုံးသောင်း စျေးတောင်းတာ ကြောင့် တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှ တာယာတစ်လုံးကို အမေရိကန်ဒေါ်လာ တစ်ထောင်နဲ့ဝယ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ Bigfoot 5 အတွက် တာယာတွေရပြီးနောက် ကိုယ်ထည်အဖြစ် ၁၉၉၆ Ford F-250 ပစ်ကပ်ထရပ်၊ အင်ဂျင်အဖြစ် 460 Cubic Inch Ford အင်ဂျင်တို့နဲ့ ပေါင်းစပ်တည်ဆောက်ခဲ့တာပါ။ ဒုတိယမြောက် Bigfoot တုန်းက အရက်ထည့်ပြီး မောင်းနှင်ရတဲ့ 640 Cubic Inch အင်ဂျင်ကို အသုံးပြုခဲ့ပါသေးတယ်။
၁၉၈၆ ခုနှစ် နွေရာသီမှာ စတင်ဖန်တီးခဲ့တဲ့ Bigfoot 5 ဟာ ၁ဝ ပေ မြင့်တဲ့ တာယာတွေ အပါအဝင် ယာဉ်အမြင့် ၁၅ ပေ ၆ လက်မ နဲ့ အလေးချိန် ပေါင် ၃၈,ဝဝဝ ကျော် ရှိလို့ ကမ္ဘာ့အမြင့်ဆုံး၊ ဗြက်အကျယ်ဆုံးနဲ့ အလေးလံဆုံး Monster Truck အဖြစ် ၂ဝဝ၂ ခုနှစ်မှာ ဂင်း နက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြပွဲတွေမှာ Bigfoot 5 ကို မောင်းနှင်ဖို့ဆိုရင် အဖွဲ့သားသုံးဦး လိုအပ်သလိုင်္ Fork Lift Truck ရဲ့အကူ အညီလည်း ယူရပါသေးတယ်။ တာယာတွေဖြုတ်တပ်ဖို့ အချိန်သုံးနာရီကြာသလို တစ်နေရာကနေ တစ်နေရာသွားဖို့ အထူးသယ်ယူပို့ဆောင်ရေး Trailer ကို အသုံးပြုရပါတယ်။ Monster Truck တွေရဲ့မူလအစဖြစ်တဲ့ Bigfoot ကို ဘက်ထရီစွမ်းအင်သုံးယာဉ် တစ်စီးအပါအဝင် စုစုပေါင်း ၂၁ စီးထုတ်လုပ်ခဲ့ရာမှာ Bigfoot 5 က လက်ရှိအထိ ကမ္ဘာ့အကြီးဆုံးစံချိန်ရှင်အဖြစ် ဆက်လက်ရပ်တည်ေနဆဲြဖစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here