သြစတြေးလျကန္တာရမှ စွန့်ပစ်ကားများကို မှော်ဆန်သည့်အနုပညာတစ်ရပ်အဖြစ် ဖန်တီး

525

ကန္တာရမြင်ကွင်းများရှိရာ Northern Territory ဒေသနှင့် သြစတြေးလျတောင်ပိုင်းနယ်စပ်တို့ကို ခွပြီး တည်ရှိသည့် လူသူအရောက်အပေါက် နည်းပါးသော APY Lands ဒေသရှိ လမ်းမများတွင် စွန့်ပစ်ထားသည့် သံချေးတက် ကားဟောင်းများကို ပန်းချီဆရာတစ်ဦးက မှော်ဆန်ဆန်အနုပညာ လက်ရာများအဖြစ် ဖန်တီးခဲ့ ကြောင်း ABC. Net သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

Robert Fielding ဆိုသူက ယင်းဒေသရှိ စွန့်ပစ်ထားသည့် ကားအဟောင်းများကို ရိုးရာအနု ပညာပုံစံဖြင့် အမြင်ဆန်းစေရန် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ စွန့်ပစ်ကားများကို ရောင်ပြန်ပစ္စည်းများအသုံးပြုခြယ်သ၍ ဖယောင်းတိုင်ငယ်လေးများ ထွန်းညိအလှ ဆင်ထားခြင်းဖြစ်ပြီး ယင်းအနုပညာလက်ရာမြောက် စွန့်ပစ်ကား များကို ကင်မရာအလင်းဖွင့်ချိန်များများဖြင့် ဓာတ်ပုံများရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ”ဒီကားဟာ တစ်စုံတစ်ယောက်ရဲ့ ကားဖြစ်မှာပါ၊ အခုတော့ ကျွန်တော့်ရဲ့ ဖန်တီးမှုလက်ရာ ဖြစ်သွားပြီပေါ့ ဗျာ” ဟု Mr. Fielding က ပြောသည်။ APY Lands မှ နာမည်ရ ပန်းချီဆရာဖြစ်သူ Mr. Fielding သည် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့အတွက် ကျော်ကြားသည့် အနုပညာဖန်တီးမှုဆု ဖြစ်သော National Aboriginal and Torres Strait Islander Art Awards ရရှိထားပြီး Adelaide နှင့် Melbourne မြို့များတွင် တစ်ကိုယ်တော် ပန်းချီပြပွဲများ ကျင်းပခဲ့သည့်အပြင် သြစတြေးလျ အမျိုးသား အနု ပညာခန်းမတွင်လည်း ၎င်း၏လက်ရာများကို တွေ့မြင်နိုင် ကြောင်းသိရသည်။ Mr. Fielding သည် သြစတြေးလျလူမျိုးများနှင့် အကျွမ်းတဝင် မရှိလှသည့် ဝေးလံခေါင်ဖျား ရိုးရာလူမှုအဝန်းအဝိုင်းများမှ အနုပညာများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပုံဖော်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

Mr. Fielding သည် APY Lands ၏ အရှေ့ဘက်ခြမ်း၊ Mimili ဒေသဝန်းကျင်ရှိ ကားတစ်ဒါဇင်ခန့်ကို ဆေးခြယ်၍ အနုပညာဖန်တီးမှုများ ပြုလုပ်ခဲ့ပြီး ကားအားလုံးကို ညဘက်တွင် ကင်မရာအလင်းဖွင့်ချိန် စက္ကန့် သုံးဆယ်ကြာပေး၍ ဓာတ်ပုံရိုက် ကူးခဲ့ခြင်းဖြစ်သည်။

 

” Tealight ဖယောင်းတိုင် အသေးလေးတွေ ထွန်းထားတော့ ဆန်းဆန်းပြားပြား ခံစားရသလို ခံစားမှုမျိုးလည်း ရစေတာပေါ့” ဟု Mr. Fielding က ပြောသည်။

Ref: ABC.Net

LEAVE A REPLY

Please enter your comment!
Please enter your name here