သြဂုတ် ၂ဝ ရက်မှစ၍ ယာဉ်မှန်/မမှန်စစ်ဆေးသော ကားများကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည်

1262

ရန်ကုန်၊ သြဂုတ် ၁၅
သြဂုတ် ၂ဝ ရက်မှစ၍ ယာဉ်မှန်/ မမှန် စစ်ဆေးသော ကားများကို Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီး ဌာနမှ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွန် ကြားမှုဦးစီးဌာနမှ နှစ်လဲသက်တမ်း တိုး ပြုလုပ်သည့်ကားများကို ဇန်န ဝါရီ ၂ ရက်မှစ၍ Online Booking စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ သလို ဖောက်စွပ်ကားများကို သိမ်း ဆည်းမည်ဟု တရားဝင်ကြေညာ ခဲ့ပြီး နောက်ပိုင်းတွင် ယာဉ်မှန်/မမှန် စစ်သည့် ကားအရေအတွက် များ လာသောကြောင့် သြဂုတ် ၂ဝ ရက်မှစ၍ ရက်ချိန်းရယူရန် Online Booking စနစ် ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။
‘‘တိုင်းရုံးဖြစ်တဲ့ အနောက် ပိုင်းခရိုင် မြင်သာကညနရုံးမှာ သက်တမ်းတိုးကား အရေအတွက် အပေါ်မူတည်ပြီး ယာဉ်မှန်/မမှန်စစ် တဲ့ကားတွေကို တစ်ရက် အစီး ငါး ဆယ်ဝန်းကျင်နဲ့ ဆောင်ရွက်ပေးနေပါတယ်၊ သြဂုတ် ၂ဝ ရက်ကစပြီး တော့ ယာဉ်မှန်/မမှန်စစ်တဲ့ ကားတွေကို Online Booking စနစ်နဲ့ ဆောင်ရွက်ပေးတော့မှာ ဖြစ်တဲ့ အတွက် တစ်ရက်ကို အစီး ငါးဆယ် နှုန်းနဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်’’ ဟု မြင်သာကညနရုံးမှ အင်ဂျင်နီယာမှူး ဦးမျိုးနိုင်က ဆိုသည်။
သြဂုတ် ၂ဝ ရက်မှစ၍ ရန် ကုန်တိုင်းဒေသကြီး အတွင်းရှိ ကညနရုံးများတွင် ယာဉ်မှန်/မမှန် စစ်ဆေးသည့် ကားများကို Online Booking စနစ်ဖြင့် ဆောင်ရွက် ပေးရာ၌ တိုင်းဒေသကြီးရုံးခွဲ (ရွာ သာကြီးရုံး)၌ တစ်ရက်လျှင် ၂၅ စီး၊ အရှေ့ပိုင်းခရိုင်(တောင်ဒဂုံရုံး)၌ တစ် ရက်လျှင် ၃၅ စီး၊ အနောက်ပိုင်း ခရိုင်(မြင်သာရုံး)၌ တစ်ရက်လျှင် အစီး ငါးဆယ်၊ တောင်ပိုင်းခရိုင် (သန်လျင်ရုံး)၌ တစ်ရက်လျှင် ၂၅ စီး၊ မြောက်ပိုင်းခရိုင်(အင်းစိန်ရုံး)၌ တစ်ရက်လျှင် အစီး သုံးဆယ်နှုန်း တို့ဖြင့် စစ်ဆေးပေးမည်ဖြစ်သည်။
ယာဉ်မှန်/မမှန် စစ်ဆေးခြင်း ကို နေ့စဉ်ရုံးဖွင့်ရက်များ၌ လစဉ် လဆန်း ၁ ရက်မှ ၂၅ ရက်အ တွင်း၊ နှစ်လဲသက်တမ်းတိုး ယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပြီးချိန် နေ့လယ် ၂ နာရီ နောက် ပိုင်းတွင် ဆောင်ရွက်ပေးမည် ဖြစ် သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်မှန်/မမှန် စစ်ဆေးခြင်း အတွက် www.rtad.gov.mm Website တွင် အနည်းဆုံး နှစ်ရက်မှ အများဆုံး ရက်သုံးဆယ်အထိ ကြို တင်စာရင်းရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here